" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, January 26, 2020

ICOE အစီရင်ခံစာနှင့် အစိုးရရပ်တည်ချက်ကို ဂျပန်ကြိုဆို

ဧရာဝတီ
စမ်းယမင်းအောင်
26 January 2020
၂၀၁၉ အောက်တိုဘာ ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်အတွင်း ရှီဇိုအာဘေးနှင့် တွေ့ဆုံစဉ် / Global New Light of Myanmar

၂၀၁၇ ခုနှစ်နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖေါက်မှုများကို စုံ စမ်း၍ထုတ်ပြန်ခဲ့သည့် မြန်မာအစိုးရ၏ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) အစီရင် ခံစာနှင့် ထို အမှုများကို စုံစမ်းစစ်ဆေးအရေးယူရန် မြန်မာအစိုးရက ကြေညာခြင်းကို တာဝန်ခံမှုရှိရေးအ တွက် အရေးကြီး သည့်လုပ်ဆောင်ချက်အဖြစ် ဂျပန်အစိုးရက ကြိုဆိုလိုက်သည်။

 

ဂျပန်နိုင်ငံသည် မြန်မာအစိုးရ၊ တပ်မတော်ကိုလူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များနှင့်ပတ်သက်ပြီးပွင်းလင်း မြင်သာ၍ု ယုံကြည်စိတ်ချရသော အနေအထားဖြင့် စုံစမ်းစစ်ဆေးမှုများကိုဆောင်ရွက်ပြီး ၎င်းရလဒ် အတိုင်း သင့်တော်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် အကြိမ်ကြိမ်အားပေးခဲ့ကြောင်း ဂျပန်နိုင် ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၂ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြထားသည်။

“လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ တင်သွင်းခြင်းနှင့် မြန်မာအစိုးရ၏ ရပ် တည်ချက်ကို ကြေညာခြင်းသည် မြန်မာနိုင်ငံကိုယ်တိုင်က မိမိတို့ တာဝန်ယူဆောင်ရွက်သွားမည့် လမ်းကြောင်း ကို ပြသသောအရေကြီးသည့် လုပ်ဆောင်ချက်ဖြစ်သောကြောင့် အထူးတန်ဖိုးထားပါသည်” ဟု ထိုကြေညာချက် က ဆိုသည်။

ICOE သည် အကြံပြုချက် ၂၂ ချက်ပါဝင်သည့် အပြီးသတ်အစီရင်ခံစာကို ပြီးခဲ့သည့် တနင်္လာနေ့က သမ္မတဦးဝင်း မြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ထံ တင်သွင်းခဲ့သည်။ စာမျက်နှာ ၄၆၁ မျက် နှာရှိသော ထိုအစီရင်ခံစာက ရခိုင်ပြည်နယ်မှ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း မွတ်ဆလင်များကို လုံ ခြုံရေးတပ် များက ကျူးလွန်သည့် ရာဇဝတ်မှုများသည် ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများပြောသည့် လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိသည်ဟူသည့် အချက်ကို ငြင်းပယ်သည်။ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့် ပြည်တွင်းဥပဒေချိုးဖေါက်မှုများဖြစ်ပွားခဲ့ကြောင်း ICOE က ကောက်ချက်ချခဲ့သည်။

ကော်မရှင်၏ အကြံပြုချက်များကို သဘောတူကြောင်း သမ္မတဦးဝင်းမြင့်က အင်္ဂါနေ့တွင် ပြောကြားပြီးအာရကန် ရိုဟင်ဂျာကယ်တယ်ရေးတပ်ဖွဲ့ (ARSA) က ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် အမှုများအားလုံး ကို ဆက် လက်စုံစမ်းစစ်ဆေးအရေးယူရန် အစီရင်ခံစာ အပြည့်အစုံကို ပြည်ထောင်စု ရှေ့နေချုပ်ထံ ပေးပို့ ခဲ့သည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးအရေး ယူရန် အတွက်လည်း သမ္မတသည် ထိုအစီရင်ခံစာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံသို့လည်း ပေးပို့ခဲ့သည်။

ကော်မရှင်၏ အကြံပြုချက်များ အပေါ်အခြေခံပြီး လိုအပ်သော ဥပဒေဆိုင်ရာအရေးယူမှုများကို မြန်မာအစိုးရ နှင့် တပ်မတော် နှစ်ဘက်စလုံးကဆောင်ရွက်ပြီး အလားတူ ပြန်လည်နောက်ထပ်ဖြစ် ပွားခြင်းကိုတား ဆီးရန်နှင့် သက်ဆိုင်ရာ နိုင်ငံတကာ ဥပဒေများကို လိုက်နာရန် ကြိုးပမ်းအားထုတ်လိမ့်မည်ဟု မျှော်လင့် ကြောင်း ဂျပန် အစိုးရကဖေါ်ပြသည်။

မြန်မာ့ ဒီမိုကရေစီနှင့် အစိုးရ၏ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး နှင့် နေရပ်စွန့်ခွာရ သူများ ပြန်လာရေး အဆင်ပြေစေရန် အားထုတ်မှုများကိုလည်း ဆက်လက်ကူညီ ထောက်ပံ့သွားမည် ဖြစ်ကြောင်း ဂျပန် အစိုးရက ဖေါ်ပြသည်။ ထိုကြေညာချက်တွင် ရိုဟင်ဂျာ ဟူသော စကားလုံးကို ထည့်သွင်း သုံးနှုန်းခြင်းမရှိပေ။

ဂျပန်နိုင်ငံသည် ခေတ်အဆက်ဆက်က မြန်မာအစိုးရများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်း ထားပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို အထူး ထောက်ခံသည်။ ဒီဇင်ဘာလက နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာဥပဒေအဖွဲ သက်သေခံသောအခါ ဂျပန်နိုင်ငံသည် မြန်မာ နိုင်ငံကို အခိုင်အမာထောက်ခံကြောင်းကြေညာသည့် ပထမဆုံးသော နိုင်ငံဖြစ်သည်။

ICJ သည် ရခိုင်ပြည်နယ်မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ဂမ်ဘီ ယာနိုင်ငံက တောင်းဆိုသော အရေးပေါ် အစီအမံများချမှတ်ရန် ကြာသပတေးနေ့က ဆုံးဖြတ်ခဲ့သည်။ သေး ငယ် သော အာဖရိက နိုင်ငံဖြစ်သည့် ဂမ်ဘီယာက မြန်မာနိုင်ငံသည် မွတ်ဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်သည် ဟု စွပ်စွဲကာ ICJ တွင် တရားစွဲခဲ့သည်။

ရန်ကုန်ရှိအမေရိကန် သံရုံးကလည်း ICOE အစီရင်ခံစာနှင့် ICJ စီရင်ချက်ကို ရည်ညွုန်းပြီး ဖေ့ဘွတ်တွင် ကြာသ ပတေးနေ့က မှတ်ချက်ရေးသားခဲ့သည်။ “မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တရားမျှတမှုကို ရှာဖွေရန် နှင့် လူ့အခွင့်အရေးကို ပိုမိုလေးစားတန်ဖိုးထားရေးအတွက် ယင်းတိုးတက်မှုများကို အသုံးချ မည်ဟု မိမိတို့မျှော် လင့်ပါသည်။ သည့်အတွက်ကြောင့် နိုင်ငံတနိုင်ငံလုံးအနေဖြင့် အပေါင်းလက္ခဏာ ဆောင်သော ဦးတည်မှုတရပ် ဆီသို့ ဆက်လက်ရှေ့တိုးဆောင်ရွက်နိုင်မည်ဖြစ်ပါသည်” ရေးသားသည်။

( San Yamin Aung ၏ Japan Welcomes Myanmar Govt’s Report on Crimes Against Rohingya, Promise to Prosecute ကို ဘာသာပြန်ဆိုသည်။)


Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */