" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, May 14, 2020

အစိုးရရဲ့ပထမဆုံး အစီရင်ခံစာ ICJ ခုံရုံးကို အချိန်မီ တင် သွင်းမည်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.05.14

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို အစိုးရ ပေးပို့ရမယ့် ပထမဆုံး အစီရင်ခံစာကို မေလ ၂၃ ရက်နေ့ မတိုင် ခင် တင်သွင်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အရေး ယူပေးဖို့ ICJ ထံ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက တင်ပြခဲ့ပြီး တရားရုံးက ၂၀၂၀ ဇန်နဝါရီလကုန် မှာ ကြား ဖြတ် စီရင်ချက် ချမှတ်ထားåတာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ထံ တင်သွင်းမယ့် ပထမဆုံး အစီရင်ခံစာထဲမှာ ဘယ်လိုအကြောင်းအ ရာတွေ ထည့်သွင်းတင်ပြမယ်ဆိုတာကို ထုတ်ဖော်ပြောတာမရှိဘဲ သိုသိုသိပ်သိပ် ဆောင်ရွက်နေပေမယ့် အစီရင်ခံစာကို အချိန်မီ တင်သွင်းသွားမယ်လို့ မြန်မာအစိုးရဘက်က ထုတ်ပြောလာတာပါ။

အခု မေလ ၂၃ ရက်နေ့မတိုင်ခင် အစီရင်ခံစာ တင်သွင်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင် ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက RFA ကို ပြောပါတယ်။

“ကျွန်တော်လည်း အများကြီးပြောလို့မရဘူး။ ပြောနိုင်သလောက်ကတော့ အဲမတိုင်ခင် တင်ဖို့လုပ်နေတယ်။ အချိန်မီတော့ တင်နိုင်မယ်လို့တော့ ထင်ပါတယ်။”

အစီရင်ခံစာ တင်သွင်းဖို့ နီးကပ်လာချိန်မှာ အစိုးရနဲ့ တပ်မတော်ဘက်က နိုင်ငံတကာမျက်နှာစာမှာလူ့အခွင့်အရေး နဲ့ ပတ်သက်လို့ အပြုသဘော ဆောင်စေမယ့် လုပ်ဆောင်ချက်တွေကို ဆောင်ရွက်လာတာလည်း တွေ့ရပါတယ်။

အစိုးရက အမှုရင်ဆိုင်နေရသူတွေနဲ့ အကျဉ်းကျပြီး ရိုဟင်ဂျာတွေ တစ်ထောင်နီးပါး ပြန်လွှတ်ပေးခဲ့သလို လူမျိုး ပြုန်းစေမှုတားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ကို လိုက်နာဖို့၊အမုန်းစကားနဲ့ အကြမ်း ဖက် မှုတွေကိုတားဆီးဖို့ သမ္မတရုံးက တိုင်းနဲ့ ပြည်နယ်အစိုးရ အသီးသီးကို ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် ကုလသမဂ္ဂ အဖွဲ့ တွေ ဖြစ်တဲ့ UNDP, UNHCR တို့နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို တစ်နှစ်သက်တမ်း ထပ်မံ တိုးမြှင့် နိုင်ခဲ့ပါတယ်။

ပြန်လာလိုတဲ့ ဒုက္ခသည်တွေရဲ့ အမည်စာရင်းတွေကို စိစစ်နေတယ်လို့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအ ညီပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ UEHRD ဒုဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက် တာ ဝင်းမြတ်အေးက ပြောပါတယ်။

“တစိုက်မတ်မတ် ကျွန်တော်တို့က ဒီကိစ္စကို လုံးပမ်းကြိုးစားနေတာပေါ့နော်။ အပြန်အလှန်ဆွေးနွေး တယ်၊ ညှိနှိုင်း တယ် ဒါတွေကတော့ သူ့လမ်းစဉ်နဲ့သူ ဆက်လက်ပြီးတော့ ဆောင်ရွက်နေကြပါတယ်ခင်ဗျ။ ကိုဗစ်ကြောင့် တန့် သွားတာတွေတော့ရှိတာပေါ့။ နေရပ်စွန့်ခွါသူတွေ ပြန်လည်နေရာချထားရေး ကိစ္စဆို လည်း သွားနေတာပဲ။ ပြန် လည်လက်ခံရေးနဲ့ ပတ်သက်လို့လည်း လုပ်ရမယ့်လုပ်ငန်းတွေ စိစစ်တယ်။ စာရင်းတွေ အပြန်အလှန်ယူတယ်။ ပို့တယ်။ ဒါတွေလည်းလုပ်နေတာပဲ။”

တပ်မတော်ဘက်ကလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လက်နက် ကိုင် ပဋိပက္ခတွေ ရပ်တန့်ပေးဖို့ တိုက်တွန်းထားကြောင်းနဲ့ အကြမ်းဖက်အဖွဲ့တွေရှိတဲ့ နေရာတွေမှအပ ကျန်နယ်မြေ တွေမှာ မေလ ၁၀ ရက်နေ့ကစလို့ ၃ လကျော်ကြာ အပစ်ရပ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ICOE အဖွဲ့ရဲ့ အစီရင်ခံစာအရ ဂူတာ ပြင် ကျေးရွာ လူသတ်မှုနဲ့ ပတ်သက်လို့ စစ်ခုံရုံးက စစ်ဆေးပြီးကြောင်း တပ်မတော်က မေလ ၈ ရက်နေ့က ထုတ်ပြန် ခဲ့ပါတယ်။ စစ်တရားရုံးရဲ့ ပြစ်ဒဏ်ချမှတ်မှုတွေကို နောက်ပိုင်းမှာ ဆက်လက်ထုတ် ပြန်ပေးသွား မယ်လို့ ဆိုပါ တယ်။

ဒီဆောင်ရွက်ချက်တွေထဲက တချို့ကတော့ အစီရင်ခံစာတင်ပြရေးနဲ့ ဆက်စပ်မှုတွေရှိတယ်လို့နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေးက ပြောပါတယ်။

“တချို့ဟာတွေက ဆက်စပ်နေတာတွေဖြစ်ပါတယ်။ ဥပမာ ICOE ဆိုတာလည်း ICJ မရောက်ခင်က တည်း က အစိုးရကဖွဲ့ထားတာ။ ICOE ရဲ့ အစီရင်ခံစာထွက်လာတယ်။ အကြံပြုချက်တွေကို ရှေ့နေချုပ် ရုံးကကော၊ တပ်မ တော်ကလည်း လိုက်ပြီးတော့ သူတို့ ဆောင်ရွက်နေတယ်။ ရိုဟင်ဂျာလို့ ခေါ်တဲ့ ဘင်္ဂါ လီတွေ လွတ်လာတယ်ဆိုတဲ့ ဟာလည်း ဒါကလည်း လွတ်သင့်လွတ်ထိုက်လို့ပေါ့။ တချို့ဟာတွေက လည်း ဆက်စပ်နေ တာလည်း ပါပါတယ်။”

ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ရွာမှာ ၂၀၁၇ ခုနှစ် သြဂုတ်လက အာဆာအကြမ်းဖက်အဖွဲ့တွေကြောင့် တပ်မ တော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တဲ့ ကာလအတွင်း လူလေးရာ ကျော်အသတ်ခံ ရတယ်လို့ နိုင်ငံတကာအဖွဲ့တွေက ထောက်ပြထားပါတယ်။

အစိုးရဘက်က အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေကို ကြိုဆိုရမှာဖြစ်ပေမယ့် ဒီကာလအတွင်း ရိုဟင်ဂျာ တွေနဲ့ ပက်သက်လို့ အရေးယူမှုတွေမှာ ထောက်ပြစရာတချို့ ရှိတယ်လို့ ကိုဖီအာနန် ကော်မရှင် အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဦးအေးလွင် ကပြောပါတယ်။

"ကိုဗစ် ၁၉ အတွင်းမှာ လူငါးယောက်ထက် ပိုမစုရဘူးဆိုတဲ့ ဥပဒေရှိတာမှန်တယ်။ ဒီဥပဒေကို ချိုးဖောက် ပြီး တော့ မန္တလေးမှာ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် ၁၄ ယောက်က ဝတ်ပြုလိုက်တယ်။ စီရင်တဲ့ အခါ ရိုဟင်ဂျာ များကို စီရင်သလိုပဲ ဥပဒေရဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေကိုချတယ်။ အရွယ်မရောက်သေးတဲ့ ကလေး တွေ ကိုလည်း လူငယ်စောင့်ရှောက်ရေးစခန်းတို့ ဘာတို့ကိုပို့တယ်။ လူငယ်ဂေဟာတွေမှာ ကော် ရှုတာတို့ ဘိန်းရှုတာတို့ စာရိတ္တ ပျက်နေတဲ့ ကလေးတွေကြားထဲမှာ ဘာသာသာသနာကိုလေးစားပြီး ဝတ် ပြုတဲ့ က လေးတွေ မျက်စိသူငယ် နား သူငယ်နဲ့ ရောက်သွားပြီဆို သူတို့ဘဝတွေ သုံးလဆိုတဲ့ကာလမှာ လောက ငရဲပဲ။"

မကြာသေးခင်က မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က အစ္စလာမ်ဘာသာဝင် ၁၂ ဦးကိုကပ်ရောဂါကာလဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် သုံးလစီ ချမှတ်ခဲ့ပြီး နှစ်ဦးကို လူငယ်ပြုပြင်ရေးစခန်းမှာ ထိန်းသိမ်းခဲ့တဲ့ အပေါ် ပြစ် မှု ပြစ်ဒဏ် မညီမျှဘူးဆိုတဲ့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

တစ်ဘက်မှာလည်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေး ရွာမှာ လူစုလူဝေးနဲ့ ဘုရားထီးတော် ပင့်ဆောင်ခဲ့တာကြောင့် ဦးဆောင်သူ ရွာသား ဦးဇော်မင်းကို သဘာ ဝဘေးအန္တ ရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က) နဲ့ မြို့နယ်တရားရုံးက မနေ့က ထောင်ဒဏ် ကိုးလ အမိန့် ချမှတ်ခဲ့ပါတယ်။

အစိုးရနဲ့တပ်မတော်ဘက်က လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက် နိုင် ရေး ပြင်ဆင်နေချိန်မှာ တစ်ဘက်မှာလည်း တပ်မတော်က ထိန်းသိမ်းထားတဲ့ အရပ်သားတချို့ ရိုက်နှက် ခံနေရပုံ ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုက ဒီရက်ပိုင်းထဲ အွန်လိုင်းမှာ ထွက်လာ ခဲ့ပါ တယ်။

အစိုးရနဲ့ တပ်မတော်ရဲ့ တရားဝင်ညွန်ကြားချက်နဲ့ လုပ်ဆောင်တာ မဟုတ်ရင် ဒီကိစ္စဟာ ကြီးမားတဲ့ ပြဿနာ မရှိ ဘူး လို့ တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာ အောင်မျိုးက ပြောပါတယ်။

“စစ်ကြောရေးဆိုတာ ဝင်လာတာနဲ့ တပြိုင်တည်း မင်းပြောကွာ ဖြေကွာဆိုလို့ရှိရင်တော့ ပြောမှာဖြေမှာ မဟုတ်ပါ ဘူး။ အရေးကြီးတာက အစိုးရနဲ့ တပ်မတော်က ဒါကိုဒီလိုလုပ်ပါဆိုတဲ့ ညွန်ကြားချက်မရှိဖို့ပဲ လို အပ်တယ်။ စာကြီး နဲ့ ဒီလိုလုပ်ပါဆိုရင်တော့ အစိုးရလည်း မကောင်းဘူး။ တပ်မတော်ကလည်း မကောင်း ဘူး။ ဒါမျိုးဆိုတာက ပြော ရရင် တရားဝင်ညွန်ကြားချက်နဲ့ လုပ်တဲ့ကိစ္စမဟုတ်ဘူး။”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဥပဒေနဲ့ မလျော်ညီဘဲ စစ်ဆေးခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အရေး ယူ ဆောင်ရွက်သွားမယ်လို့ မေလ ၁၂ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကောင်းတဲ့ပြောင်းလဲမှုတွေ မတွေ့ရသေးဘူးလို့ ကချင်ငြိမ်းချမ်းရေး ကွန် ယက်က ဒေါ်ခွန်ဂျာကပြောပါတယ်။

“လောလောဆယ်ထိကတော့ ဒီပြောင်းလဲမှုတွေ ဘာတွေကိုတော့ မတွေ့ရဘူး။ ရိုဟင်ဂျာဘက်ကိုသာ သက်သာရင် သက်သာမယ်။ လောလောဆယ် ရခိုင်ရယ်၊ ချင်းပြည်နယ်တောင်ပိုင်းရယ်ကတော့ အသဲအ သန်ခံနေရတာအကုန် လုံးရဲ့ မျက်မြင်ပဲပေါ့။ ပြောမယ်ဆိုရင် Genocide ဆိုတဲ့ စကားလုံးသာမရှိတာ တ ဖက် ကနေပြီး World Crime လို့ ပြောလို့ရတဲ့ကိစ္စတွေကတော့ အများကြီးဆက်ပြီး ကျုးလွန်နေ တဲ့ပုံ စံ မျိုး မြင်နေ ရတယ်ပေါ့။”

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေး ကတော့ ICJ မှာရင်ဆိုင်နေရတဲ့ အမှုဟာ မြန်မာနိုင် ငံ အတွင်းရှိတဲ့ ရိုဟင်ဂျာအရေးကိုသာ ဦးတည်တာဖြစ်လို့ အရပ်သားတချို့ ရိုက်နှက်ခံရမှု ဗီဒီယိုဖိုင်လို ကိစ္စရပ်က တော့ အစီရင်ခံစာတင်သွင်းရေးနဲ့ ပတ်သက်ပြီး ထိခိုက်စရာ မရှိဘူးလို့ ပြောပါတယ်။

မေလအတွင်း အစီရင်ခံစာ တင်သွင်းပြီးနောက်မှာတော့ မြန်မာအစိုးရက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ICJ ထံ ခြောက်လတစ်ကြိမ် အစီရင်ခံစာကို တင်သွင်းရဦးမှာ ဖြစ်ပါတယ်။

Link : Here.

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */