" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, May 23, 2020

ICJ ပို့မယ့် မြန်မာအစီရင်ခံစာ ဘာတွေပါသင့်သလဲ

VOA 
ဗွီအိုအေ (မြန်မာဌာန)
 23 မေ၊ 2020
မဆုမွန်
လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ နိုင်ငံတကာတရားခုံရုံး (ICJ) မှာ တရားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီ က နေ့ မေလ ၂၃ ရက်နေ့မှာ ပထမဆုံး တင်သွင်းရမယ့် ကြားဖြတ်အစီအမံဆိုင်ရာ လေးလပြည့် အစီရင်ခံ စာအ ပေါ် သုံးသပ်ချက် အမြင်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။
ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေမှာ ရိုဟင်ဂျာ မွတ်စ လင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာဂမ်ဘီယာနိုင်ငံကမြန်မာ နိုင်ငံကို တရားစွဲဆိုထားပြီး Provisional Measures ကြားဖြတ်လုပ်ဆောင်ချက် ၆ ချက် ချမှတ်ပေးဖို့ တင်ပြခဲ့ပါ တယ်။ အဲဒီနောက်မှာတော့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ICJ ကနေ ၆ ချက်ထဲက ၄ ချက်ကို မြန်မာ အစိုးရ လိုက် နာ ဆောင်ရွက်ဖို့ ချမှတ်ခဲ့ပြီး မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ၄ လအတွင်း ပြန်ပြီး အစီ ရင်ခံဖို့သတ်မှတ် ခဲ့တာကြောင့် ဒီကနေ့ မေလ ၂၃ ရက်နေ့ဟာ ၄ လတင်းတင်း ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ မေလ ၂၃ ရက်နေ့ကျရင် အစီရင်ခံစာ ကို အချိန်မီ တင်သွင်းသွားဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနအပြည် ပြည်ဆိုင်ရာ အဖွဲ့အစည်း များနဲ့ စေ့စပ်ဆွေးနွေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဗွီအိုအေမြန်မာ ပိုင်းကို ပြောဆိုထား ပါ တယ်။

နိုင်ငံတကာတရားရုံးကို ပထမဆုံး တင်သွင်းမယ့် ဒီလေးလပြည့် အစီရင်ခံစာဟာ တရားရင်ဆိုင်နေရဆဲ တရား ခွင်အတွက်ရော နိုင်ငံတကာရဲ့ ယုံကြည်မှု ရနိုင်ဖို့အတွက်ပါ စနစ်ကျပြီး ခိုင်လုံဖို့ အရေးကြီးတယ်လို့ ဥပဒေ အ ထောက်အကူပြုအဖွဲ့ ထူထောင်သူ လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်ထူးက သုံးသပ်ပါတယ်။

“အစီရင်ခံစာထဲမှာက ဘာတွေပါလဲဆိုတာ အဓိကထား ကြည့်ရမယ်။ Genocide Convention နဲ့အညီ ပထမ ၁ အချက်က ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်တာ၊ ခန္ဓာကိုယ် ပျက်စီးအောင်လုပ်တာ၊ အုပ်စုလိုက် ဘေးဖြစ် အောင် လုပ်တာ၊ ကလေးမီးဖွားခြင်းကို ဟန့်တားတာမျိုး စတဲ့ ဒါတွေကို မလုပ်ပါဘူး ဆိုတာတွေကို ဒီအချက် တွေကို သက်သေခံပြဖို့လိုတယ်။ ၂ အချက်ကတော့ Genocide လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်တာ၊ ကျူး လွန်ဖို့ လှုံ့ဆော်တာ၊ ပူးပေါင်းကြံစည် ပါဝင်ပတ်သက်တာမျိုး မရှိဘူးဆိုတာ သက်သေပြ ဖို့ လိုတယ်။ တတိယ အချက်ကတော့ ICJ ရဲ့ ကြားဖြတ်ဆုံးဖြတ်ချက်မှာ ပါတဲ့အတိုင်းပဲ သက်သေခံပစ္စည်းတွေကို ဘာမှ ဖျောက်ဖျက် တာမရှိဘူး။ သက်သေခံပစ္စည်းတွေ သူ့နေရာအနေအထားတွေ၊ အိမ်တွေ၊ အ လောင်းတွေကို ဖျက်ဆီးတာမျိုး မရှိဘူးဆိုတာ သက်သေပြဖို့လိုတယ်။ အဲ့ဒါတွေကို သက်သေပြနိုင်တယ် ဆိုရင်တော့ ဒီအစီရင်ခံစာက တစုံတရာ အကျိုးရှိသွားနိုင်တာပေါ့။”

ဒါပေမယ့်လည်း ဒီအစီရင်ခံစာကနေ တကယ်တမ်း အကျိုးရှိလာလိမ့်မယ်လို့တော့ ဦးအောင်ထူးက မယူဆ ပါ ဘူး။

“သို့သော် လက်တွေ့အခြေအနေအရတော့ ဒီလိုလုပ်နိုင်တဲ့ အခြေအနေ မရှိဘူးဆိုတာ သွားတွေ့ရတယ်။ နိုင်ငံတ ကာဥပဒေနဲ့ ကြည့်မယ်ဆိုရင် အခုက နိုင်ငံတကာအဆင့် ဖြစ်သွားပြီ။ အပြစ်ကျူးလွန်သူကို အပြစ် ကိုပေးရမယ်။ Genocide Convention မှာလည်း ပါပြီးသား။ အင်းဒင်ကိစ္စဆိုရင် အောက်ခြေရဲဘော် တပ်စု မှူးလောက် အရေး ယူရုံနဲ့ မရဘူး။ ဘယ်သူက အမိန့်ပေးတာလဲ၊ ဒါကြီးတခုလုံးကို ကျူးလွန်ဖို့ အမိန့်က ဘယ်ကလာတာလဲ၊ အဲ့ တော့ အမိန့်စီးဆင်းလာတဲ့ အမိန့်ပေးပိုင်ခွင့်ရှိတဲ့ အဆင့်အမြင့်ဆုံး တပ်မတော် ထိပ် တန်းအရာရှိကြီးတွေကိုပါ အရေးယူပြရမယ်။ စစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်ချင်တယ်ဆို ဒါမျိုးလုပ်ပြ ရမှာပေါ့၊ ဒီတလမ်းပဲရှိတယ်။”

ပထမဆုံးတင်သွင်းမယ့် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တကယ့် မြေပြင်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အစိုးရအနေနဲ့ နိုင်ငံတကာကို ချပြဖို့လိုတယ်လို့ မြန်မာ့ လူ့အခွင့်အ ရေး လှုပ်ရှားသူ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ပထမဆုံးတင်ပြတဲ့ အစီရင်ခံစာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လက်ရှိဖြစ်နေတဲ့ မြေပြင်အခြေအနေတွေကို ဘယ် လိုသုံးသပ်လဲ၊ ဒါတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ဘာတွေကို အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင် နေသလဲ၊ အဲ ဒီ လို လုပ်ဆောင်တဲ့ အခြေအနေမျိုးမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေသလဲ ဆိုတဲ့ အချက်တွေကို အဓိက ဦးစား ပေး တင်ပြသင့်တယ်လို့ ထင်ပါတယ်။ ဒါတွေဟာ နိုင်ငံတကာ တရားခုံရုံးကနေ တဆင့်ပြီးတ ဆင့် အစိုးရဘက် ကနေ တောင်းဆိုထားတဲ့ အချက်တွေကို လေးစားသောအားဖြင့် ဘာတွေလုပ်ဆောင် နေရသလဲဆိုတာ တင်ပြ သင့်တယ်။

“နောက် အရေးကြီးဆုံး သတိထားရမယ့် တခုကတော့ ခေတ်အဆက်ဆက်က ငြင်းဆိုခဲ့တာမျိုး မဖြစ်ခဲ့ပါ ဘူး၊ မလုပ်ခဲ့ပါဘူး ဆိုတာမျိုး အရင်တုန်းကလို ငြင်းဆန်တဲ့ပုံစံမျိုး မဟုတ်ဘဲနဲ့ ဒါနဲ့ပတ်သက်ပြီး လက်တွေ့ ဖြစ်နိုင် သော လက်တွေ့စစခြင်း လုပ်ဆောင်နိုင်မယ့် အချက်တွေကို တင်ပြရပါမယ်။ အစိုးရက နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မှုရှိမှ နိုင်ငံတကာက စွပ်စွဲနေသလို လူမျိုးတုံး သတ်ဖြတ်မှုတွေ အထူးသဖြင့် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု တွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်မခံပါဘူးဆိုတာ တတ်နိုင်သလောက် လုပ် ဆောင်နေပါတယ်ဆို တဲ့ အမြင်ကို စတင်ရရှိနိုင်မှာ ဖြစ်ပါတယ်။”


ဒီကနေ့တင်သွင်းမယ့် အစီရင်ခံစာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက် က တရားဝင် သတင်းထုတ်ပြန် တာ တော့ မရှိသေးပါဘူး။

မြန်မာနိုင်ငံအတွက်ရော မြန်မာပြည်သူတွေအတွက်ပါ အရေးကြီးတဲ့ ဒီ နိုင်ငံတကာ တရားခုံရုံးကို တင်သွင်း မယ့် ပထမဆုံး အစီရင်ခံစာအပေါ် ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ပြည်သူလူထုကို ချပြသင့်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှား သူ ဦးအောင်မျိုးမင်းက အကြံပြုပါတယ်။

“အမှန်တော့ ဒီစုံစမ်းစစ်ဆေးမှုတို့ လုပ်ဆောင်မှုတွေက အစိုးရက သူချည်းပဲ လုပ်လို့မရဘူး။ ပါဝင်ပတ်သက် သူ အားလုံးနဲ့ တိုင်ပင်ဆွေးနွေးတာ၊ သတင်းအချက်အလက်တွေ ခိုင်လုံအောင် လာရောက်တင်ပြနိုင်တာ၊ ဒီလို လာ ရောက်တင်ပြသူတွေကို ကာကွယ်ပေးဖို့ ဥပဒေတွေလည်း လိုအပ်တယ်။ အခုချိန်အထိ ဒီအစီရင်ခံစာ ကလူ့အခွင့် အရေး ချိုးဖောက်မှုတွေကို ဘယ်လိုဆောင်ရွက်နေပါတယ်ဆိုတာ ပြသနိုင်သော ဝန်ခံနိုင်သော မှတ်ကျောက်တင် ခံနိုင်သော အရာဖြစ်တယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုလည်း သိသင့်တယ်ဆိုတာ အစိုးရအနေနဲ့သဘောပေါက် ဖို့ လိုအပ်ပါတယ်။ အစိုးရလုပ်ဆောင်မှုတွေ ဘယ်လိုထိရောက်မှုရှိလဲ၊ ပြောဆို တဲ့အချက်တွေက ဘယ်လောက် အထိ မှန်ကန်မှုရှိသလဲဆိုတာ ပြည်တွင်းက ပိုသိတယ်၊ ပြည်တွင်း ကနေ လည်း ထောက်ပြဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် မြန်မာဘာသာနဲ့အပြင် တိုင်းရင်းသားဘာသာနဲ့ပါ ဖြန့်ဝေပြီး ကိုယ့်လုပ်ဆောင်ချက်ကို မှတ်ကျောက် တင်သင့်ပါတယ်။”

ရှေ့နေကြီး ဦးအောင်ထူးကလည်း ဒီအစီရင်ခံစာပါ အချက်တွေကို ပွင့်လင်းမြင်သာစွာ ချပြဖို့ လိုတယ်ဆိုတာ သ ဘောတူပါတယ်။

“တရားစွဲခံရတဲ့ အချိန်ကျတော့မှ ဒါက နိုင်ငံတော်ကိစ္စဖြစ်သွားပြီ။ နိုင်ငံတော်ကို တရားစွဲတာဖြစ်တယ်။ လူထု က နိုင်ငံတော်ဘက်က ရပ်ပါလို့ ရှင်းရှင်းပြောရရင် သူတို့လုပ်ချင်တိုင်း လုပ်တဲ့ အချိန်တုန်းက လုပ်တုန်းက ဘယ် လို မူဝါဒတွေ ဘယ်လိုပေါ်လစီတွေနဲ့ သွားခဲ့တာလဲ၊ လူထုကို ဘာမှမတိုင်ပင်ဘူး၊ ဒီအတိုင်း လုပ်သွားခဲ့တာ။ အခု ဒီအစီရင်ခံစာ ထုတ်ပြန်တဲ့ ကိစ္စမှာလည်းပဲ လူထုကိုလည်း တိုင်ပင်သင့် တာပေါ့။ ဘာတွေ ထည့်တယ်၊ ဘယ် ကိ စ္စကတော့ ဘယ်လိုတင်ပြသင့်တယ်၊ လူထုအကြံပေးချက်တွေ ယူသင့် တာ ပေါ့။ အရင် တုန်းက လူထုဆန္ဒပြပွဲ တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲတွေတောင် လုပ်ခဲ့သေးတာပဲ။ အခုအစီ ရင်ခံစာကျတော့ ဘာတခုမှ အကြံပေးချက်တွေ မယူ မီဒီယာတွေကိုလည်း ချမပြတာ၊ ဒါ သဘာဝမကျ ဘူးလေ။”

ICJ က ချမှတ်ထားတဲ့ ကြားဖြတ်အစီအမံတွေဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ထပ်ဖြစ်မလာအောင် လုံခြုံရေး အစီ အမံတွေ ချမှတ်ဖို့၊ မြန်မာစစ်တပ် အပါအဝင် တခြားလက်နက်ကိုင်တပ်ဖွဲ့တွေ လူမျိုးတုံး သတ်ဖြတ်မှု မကျူး လွန်အောင် ကြီးကြပ်ပေးဖို့၊ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သက်သေအထောက်အထားတွေကို မဖျောက်ဖျက် မ ဖျက်ဆီးဖို့ ဆိုတာတွေအပေါ် မြန်မာအစိုးရဘက်ကရော စစ်တပ်ဘက်ကပါ လိုက်နာဆောင်ရွက်မှု အားနည်း တယ်လို့ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန် ထောက်ပြကြ ပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */