" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, February 27, 2020

ရိုဟင်ဂျာအခွင့်အရေး ကုလမဟာမင်းကြီးအစီရင်ခံစာ တင် သွင်း

VOA
ဗွီအိုအေ (မြန်မာဌာန
27 ဖေဖော်ဝါရီ၊ 2020
သားညွန့်ဦး
 
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်သွင်း
  
 မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူပြောင်းရေးမှာ နိုင်ငံတွင်း ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုအ ခွင့် အရေး အကာ အကွယ်ပေးဖို့ မဖြစ်မနေအရေးကြီးတာကြောင့်၊ ဒီအခွင့်အရေးတွေကို အာမခံမယ့် ဥပဒေနဲ့မူဝါဒ ဆိုင်ရာပြင်ဆင် မှုတွေလုပ်ဖို့ လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က မြန် မာအစိုးရကို တိုက် တွန်း ပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာနဲ့အခြားလူနည်းစုအရေးနဲ့ပတ်သက်လို့ လမဟာမင်းကြီးကအခုကျင်းပနေ တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို ဒီကနေ့ အစီရင်ခံစာ တင်သွင်းတာပါ။ ရိုဟင်ဂျာတွေကို အကာအ ကွယ်ပေးဖို့ ICJ နိုင်ငံတကာတရားရုံးရဲ့ ကြားဖြတ်အစီအမံကို မြန်မာအစိုးရအနေနဲ့လက်ခံ ဆောင်ရွက် ဖို့ကိုလည်း အဖွဲ့ဝင်နိုင်ငံအတော်များများက တိုက်တွန်းကြပါတယ်။ ဒီအကြောင်း ကို သားညွန့်ဦး ပြောပြ မှာပါ။

မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာနဲ့လူနည်းစုလူမျိုးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့လူ့အခွင့်အရေးမဟာမင်း ကြီး Michelle Bachelet ရဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံမှာ ရာစုနှစ်ဝက်ကျော် ရှိနေခဲ့တဲ့ ဥပ ဒေတွေနဲ့ အစိုးရမူဝါဒတွေမှာ လူနည်းစုဘာသာဝင်တွေနဲ့ လူမျိုးစုတွေအပေါ် ခွဲခြားဆက်ဆံတာဖယ် ထုတ်တာတွေ ရှိနေတယ်လို့ ထောက်ပြပြီး၊ ဒီလို မူဝါဒတွေကြောင့် အကြမ်းဖက်မှုတွေ ဆင်းရဲမွဲတေ မှုတွေနဲ့ အမြတ်ထုတ် မှုတွေ ဖြစ်ပေါ်စေတယ်လို့ သုံးသပ်ထားပါတယ်။ ဒါ့အပြင် ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်မှု ဥပဒေမျိုးတွေကြောင့် ရိုဟင်ဂျာတွေနဲ့ အခြားမွတ်ဆလင်တွေနိုင်ငံမဲ့ဖြစ်သွားစေတဲ့အခြေ အနေကို ဆိုက်ရောက်သွားစေတယ်လို့ ထောက်ပြပါတယ်။ ဒါကြောင့်လည်းဒီမူဝါဒတွေကိုပြင်ဆင်မှု လုပ်ဖို့ ကုလ မဟာမင်းကြီးက တိုက်တွန်းပါ တယ်။

“ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့ ဥပဒေတွေနဲ့ မူဝါဒတွေကို ဖျက်ပစ်ရပါမယ်။ ဖွဲ့စည်းပုံပြင် ဆင်ရေး လုပ် ငန်းစဉ်ဟာ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ ခွဲခြားဆက်ဆံမှုတွေမရှိဖို့ လူနည်းစုအ ခွင့် အရေးတွေ ကို အာမခံဖို့ တကယ့်အခွင့်အလမ်းကောင်းပါ။”

ဆယ်စုနှစ်နဲ့ ချီကြာနေတဲ့ အာဏာရှင်အုပ်ချုပ်မှုကနေ အသွင်ပြောင်းလာချိန်မှာ နိုင်ငံခြားသား မုန်း တီးမှုတွေ နဲ့ အကြမ်းဖက်မှုတွေ တိုးလာတာတွေကြောင့်၊ မြန်မာနိုင်ငံအသွင်ကူးပြောင်းမှုဟာ ဖိအား တွေနဲ့ မသေချာမှု တွေ ရင်ဆိုင်နေရတယ်လို့လည်း ကုလ မဟာမင်းကြီးက ပြောပါတယ်။ 
 
လွတ်လပ်လာတဲ့ အင်တာနက်အွန် လိုင်းတွေကတဆင့် အစွန်းရောက်အမျိုးသားရေးလှုပ်ရှားမှု တွေ ဟာ အကြမ်းဖက်မှုတွေနဲ့ မုန်းတီးမှုတွေနဲ့ လူမှုအဓိကရုဏ်းတွေဖြစ်လာအောင် လှုံ့ဆော်လာတယ် လို့ လည်း ဆိုပါတယ်။ ဒါကြောင့် ရိုဟင်ဂျာမွတ် ဆ လင်တွေနဲ့ အခြားလူနည်းစုတွေအပေါ် ရန်လို မုန်းတီးမှုတွေနဲ့ လှုံ့ဆော်မှုတွေ တိုးလာတာကို ကိုင်တွယ်ဖြေ ရှင်းသွားဖို့ မြန်မာအစိုးရကိုတိုက်တွန်း သွားသလို၊ ပန်းစကားလို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ လှုပ်ရှား မှုမျိုး၊ ဘာသာစုံချစ်ကြည်ရေး လှုပ်ရှားမှုမျိုးတွေကို အားပေးထောက်ခံရမယ်လို့ ကုလ မဟာမင်းကြီးက ပြော ပါတယ်။ မြန်မာအစိုး ရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကိုလက်မခံသလို၊ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်နေရတဲ့ ရို ဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြတယ်ဆိုတာကိုလည်း ငြင်းဆန်ထား ပါတယ်။

တချိန်တည်းမှာပဲ ICJ နိုင်ငံတကာတရားရုံးကနေ ရိုဟင်ဂျာလူနည်းစုတွေအကို အကာအကွယ်ပေးဖို့ ကြား ဖြတ်အစီအမံတွေ ချမှတ်ထားတာကိုလည်း လိုက်နာဆောင်ရွက်ဖို့လည်း သူက တိုက်တွန်း ပါ တယ်။

“ ICJ နိုင်ငံတကာတရားရုံးကနေ ချမှတ်ခဲ့တဲ့ ကြားဖြတ်အစီအမံတွေကို မြန်မာအစိုးရအနေနဲ့ အ ကောင် အထည်ဖော်ဆောင်ရွက်ဖို့လိုပါတယ်။ ”

ပဋိပက္ခတွေဖြေရှင်းပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုဆောင်ရွက် ဖို့ ဆို တဲ့နေ ရာမှာ လူနည်းစုအခွင့်အရေးတွေက မဖြစ်မနေ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံသားဖြစ် မှုဥပဒေအပါအဝင် ဥပဒေရေးရာနဲ့ မူဝါဒရေးရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အပြင်၊ အမျိုးသားလက ္ခဏာ သစ်တရပ်ကို ပေါ်လွင်စေပြီးတော့ မတူကွဲပြားမှုတွေအပေါ်နားလည်လက်ခံ တဲ့ ပညာရေးတရပ်ဖြစ်လာဖို့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ်လို့လည်း ထောက်ပြပါတယ်။ နက် နက် ရှိုင်းရှိုင်းကွဲပြားမှုဖြစ်နေတာတွေကို ကုစားဖို့ဆိုရင် အသွင်ကူးပြောင်းရေး တရားမျှတမှုရှာ ဖွေ ရေး လုပ်ငန်းစဉ်တွေက အထောက်အကူဖြစ်နိုင် တယ်လို့လည်း ကုလမဟာမင်းကြီးက ပြောခဲ့ပါ တယ်။

ကုလ မဟာမင်းကြီးရဲ့ ဒီအစီရင်ခံစာအပေါ် နိုင်ငံအတော်များများက ဆွေးနွေးရာမှာ ICJနိုင်ငံတကာ တ ရား ရုံးက ချမှတ်ခဲ့တဲ့ ကြားဖြတ်အရေးပေါ်အစီအမံကို လိုက်နာဖို့ မြန်မာအအစိုးရကို တိုက်တွန်း ကြပါတယ်။ တရုတ်အပါအဝင် အိမ်နိးချင်းနိုင်ငံတွေကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ချုပ်ဆိုထားတဲ့ သဘော တူညီချက်အတိုင်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ တိုက်တွန်းကြပါ တယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်လာတဲ့ AA ရခိုင်လက်နက်ကိုင် တွေ နဲ့ ဖြစ်နေတဲ့ စစ်ရေးပဋိပက ္ခကြောင့် ဒေသခံတွေ အခြေအနေပိုဆိုးလာတာကိုလည်း စိုးရိမ် တဲ့ အကြောင်းထောက်ပြကြပါတယ်။ ဗြိတိသျှ သံကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ်က အခြေ အနေသစ်တွေကြောင့် ဒေသခံတွေကို နောက်ထပ် ကန့်သတ်ချုပ်ခြယ်မှုတွေမလုပ်ဖို့ တိုက်တွန်း ပါတယ်။

“ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်လာတာတွေကို UK အနေနဲ့ စိုးရိမ်မိပါတယ်ရခိုင်ပြည်နယ်အ တွင်း အင်တာနက်ဖြတ်တောက်မှု ပြန်ရုပ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုပါတယ်။ ရခိုင်ပြည်နယ် မှာဖြစ်လာ တဲ့အခြေအနေသစ်တွေကြောင့် ရိုဟင်ဂျာ၊ ရခိုင်နဲ့ အခြားလူမျိုးတွေအပေါ် ကန့်သတ်မှု တွေ မလုပ်သင့်ပါ ဘူး။”

အခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲ၊ လက်ရှိဆွေးနွေးနေကြတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ လက်ရှိလုပ် နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အတိတ်ကာလမြန်မာနိုင်ငံရဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေ ရှင်း နိုင်ဖို့၊ မြန် မာနိုင်ငံအနာဂတ်ကို ပုံဖော်နိုင်ဖို့ အရေးကြီးတဲ့ အခွင့်အလမ်းတွေဖြစ်တယ်လို့ ကုလ မဟာမင်းကြီး Michelle Bachelet က ပြောခဲ့ပါတယ်။ ဖိနှိပ်မှုတွေနဲ့ ပဋိပက္ခတွေ နှစ်ပေါင်းများ စွာ ကြုံတွေ့ခဲ့ရတဲ့နောက် လူ့အဖွဲ့အစည်းကို တည်ဆောက်တဲ့အခါမှာ တန်းတူညီမျှမှုအပေါ်မူတည်ဖို့၊ ခွဲခြားဆက်ဆံမှုမရှိပဲ အပြန်အ လှန် လေးစားအသိအမှတ်ပြုဖို့ဆိုတာတွေ အရေးပါတယ်ဆိုတာကို လည်း သတိပေးသွားပါတယ်။

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */