" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, May 24, 2020

ICJ အစီရင်ခံစာအတွက် အစိုးရညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေ - ဗိုလ်မှူးချုပ်ဇော်မင်းထွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
22 မေ၊ 2020
မေခ
 
ဗိုလ်မှုးချုပ် ဇော်မင်းထွန်း

တပ်မတော်အနေနဲ့ ICJ နိုင်ငံတကာတရားရုံး အစီရင်ခံစာကိစ္စမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ထားသလို တပ်မ တော်တပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့လည်း စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နေတယ်လို့ ပြောဆိုတဲ့သတင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက တင်ပြထားပါတယ်။

ရခိုင် မြောက်ပိုင်းက ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ ICJ နိုင်ငံတကာတရားရုံး ကြား ဖြတ် အစီအမံအရ ပထမဆုံးအစီရင်ခံစာကို အခု မေလ ၂၃ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမှာပါ။ အဲဒီ ဖြစ် ရပ်မှာ တပ်မတော်တပ်ဖွဲ့တွေ ပါဝင်ပတ်သက်နေတာမို့ တပ်မတော်ဘက်က လိုအပ်တဲ့အချက်အလက်နဲ့ ဥပဒေ ပိုင်းဆိုင်ရာတွေမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှုးချုပ် ဇော်မင်း ထွန်းက ဒီကနေ့ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"နိုင်ငံတော်အစိုးရအနေနဲ့ လိုအပ်တဲ့ အချက်အလက်တွေ တပ်မတော်ကို ညွှန်ကြားပြီး တောင်းခံတာ ရှိပါ တယ်။ ဒါနဲ့ ပတ်သတ်လို့ တပ်မတော်အနေနဲ့ ပြည့်ပြည့်စုံစုံ တိတိကျကျ လိုက် နာဆောင်ရွက်ပြီးတော့ ပြည့် ပြည့်စုံစုံ တိ တိကျကျ တင်ပြပြီးဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုနဲ့ ညွှန်ကြား ချက်အတိုင်းကို လိုက်နာဆောင်ရွက်ပြီး ဖြစ် တယ်လို့ပြောလိုပါတယ်။ ဒါ့အပြင် ထပ်မံလိုအပ်ချက်ကိုဆောင်ရွက် လျက်ရှိပါတယ်။"

ဒါ့အပြင် ရခိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ အပြီးသတ်အစီရင် ခံစာမှာ ဖော်ပြထား တဲ့တပ်မတော် တပ်ဖွဲ့ဝင်တွေရဲ့ ကျုးလွန်မှုတွေ ကိုလည်း စုံစမ်းစစ်ဆေးအရေးယူနိုင်ဖို့ စစ် ဘက်ဥပဒေအတိုင်းစစ်ဆေးနေပြီး ဒီစစ်ဆေးမှုကိုလည်း ပွင့်လင်း မြင်သာစွာ စစ်ဆေးမှုတွေ လုပ် ဆောင်ထား တယ်လို့ သူကပြောပါတယ်။

"ခုဏက မောင်နုချွတ်ပြင်နဲ့ ပတ်သတ်ပြီးတော့ ပထမအဆင့် Code Of Inquiries ကို စတင် လုပ်ဆောင်နေ ပါ တယ်။ အပြစ်ရှိခြင်း၊ မရှိခြင်းကတရားရုံးကပဲ ဆုံးဖြတ်လို့ရပါတယ်။ တပ်မတော် အနေနဲ့ ကျနော်တို့အနေနဲ့ ပြည် သူတွေနဲ့ ပတ်သတ်ပြီး ပြစ်မှုတွေ၊ တရားဥပဒေငြိစွန်းတာတွေနဲ့ ပတ်သတ်တာတွေ ညှင်းပန်းနှိပ်စက် မှုတွေ ရှိခဲ့ ရင်တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခင်ကလည်း လက်မခံခဲ့ပါဘူး။ နောင်လည်းလက်ခံမှာ မဟုတ်ပါဘူး။ ကျနော်တို့လက်ခံမှာ မဟုတ်ပါဘူး။ အရေးယူ ဆောင် ရွက်မှာဖြစ်ပါတယ်။"

ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ရဲ့ အပြီးသတ် အစီ ရင်ခံစာမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း မှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဥပဒေမဲ့လုပ်ရပ်တွေကို တပ်မတော်၊ ARSA အပါအဝင် အဖွဲ့ အ စည်းတွေက ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားတာပါ။ ဘူးသီးတောင်မြို့နယ် ဂူတာပြင်မှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ် သက်လို့ တပ်မတော်ဘက်က စစ်ခုံရုံးတင် အရေးယူလုပ်ဆောင် နေတာတွေရှိပေမယ့် နိုင်ငံတကာဘက်ကရော၊ ပြည်တွင်းကပါ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ ဝေဖန်မှုတွေရှိပါတယ်။ ဒါပေမဲ့ ဂူတာ ပြင်ရွာကိစ္စမှာ စစ်ခုံရုံးနဲ့ တပ် မတော်ဘက်က အရေးယူမှုကို မကြာခင် ထုတ်ပြန်ပါမယ်လို့ ဗိုလ်မှုးချုပ် ဇော် မင်း ထွန်းက ပြောပါတယ်။

ဒီပြင် မကြာသေးခင်က ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပေါ်ပေါက် လာ တဲ့အချိန် အတွင်းမှာလည်း တပ်မတော် ဘက်ကနေ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ၊ အရပ်သားတွေ ကို မတရားဖမ်းဆီးအရေးယူတာတွေ၊ နှိပ်စက်တာ တွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သလို ဒါနဲ့ ပတ် သတ်လို့ ဗွီဒီယို တွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ ရှိပါ တယ်။ အခုရက်ပိုင်း အတွင်း အင်တာနက် လူမှု ကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ စစ်သင်္ဘော ပေါ် မှာ အမျိုးသား ငါး ဦးကို ရိုက်နှက်နေတဲ့ ဗွီဒီယို ဖိုင်နဲ့ ပတ်သက် လို့ တပ်မတော်ဘက်က ဟုတ်မှန်တယ် လို့ ဝန်ခံထားပြီး ဒါနဲ့ပတ် သတ်လို့ လိုအပ်တဲ့ စုံစမ်းစစ် ဆေးမှုတွေ လုပ်သွားမယ်လို့ ဗိုလ်မှုးချုပ်ဇော်မင်းထွန်း ပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ရိုဟင်ဂျာကျေးရွာတွေကို မီးရှို့တာ အရပ်သားတွေကို နှိပ်စက်သတ်ဖြတ်တာ စသဖြင့် အ စောပိုင်းကာလက အပြင်းအထန်ဝေဖန်ခံခဲ့ရသလိုပဲ၊ အခု နောက်ပိုင်းမှာဆိုရင်လည်း ရခိုင်ဒေသခံအရပ်သားတွေ ကို ပစ်မှတ်ထားတိုက်ခိုက်တာ နှိပ်စက်တာတွေရှိတယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ထုတ် ပြန်ထားပါတယ်။ ဒါကြောင့်လည်း ရခိုင်မှာ ဒုတိယအကျော့ စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်အပေါ် ကျူး လွန်တဲ့ရာဇဝတ်မှု တွေဖြစ်နေပြီလားလို့တောင် ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်းက သူ့နောက် ဆုံးအစီရင်ခံစာမှာ မေး ခွန်းထုတ်ခဲ့ဖူးပါတယ်။ မြန်မာအစိုးရရော မြန်မာတပ်မတော်ကပါ နိုင်ငံတကာသုံးနေ တဲ့ ရိုဟင်ဂျာဆိုတဲ့အသုံးအ နှုန်းကို လက်မခံပေမဲ့လို့ အခုICJ ကိစ္စမှာရော အခြားလူ့အခွင့်အရေး ချိုးဖောက် မှု စွပ်စွဲချက်တွေအပေါ်မှာပါ ဖြစ် ရပ်အလိုက် ပြန်လည်စုံစမ်းစစ်ဆေးတာတွေ လုပ်လာနေတာတွေ့ရ ပါ တယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */