" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အင်ဒိုနီးရှား. Show all posts
Showing posts with label အင်ဒိုနီးရှား. Show all posts

Friday, December 22, 2023

ရိုဟင်ဂျာ လှေစီးဒုက္ခသည်များကို အင်ဒိုနီးရှား ဒေသခံ များက လက်မခံလို

DVB
December 22, 2023

ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေ အများဆုံး ဆိုက်ကပ်လာလေ့ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေက ဒေသခံ တွေဟာ ယိုယွင်းနေတဲ့ သစ်သားစက်လှေတွေနဲ့ ရောက်လာတဲ့ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် တွေကို နှစ်ပေါင်းများစွာ သနားဂရုဏာထား လက်ခံ စောင့်ရှောက်ခဲ့ကြပေမဲ့ အခုတော့ ဒေသခံတွေရဲ့ ရန်လို မ နှစ်မြို့မှု ဆန္ဒပြမှုတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်ခဲ့ရပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စက်လှေ အနည်းဆုံး ငါးစီး အင်ဒိုနီးရှား ကို ထပ်ရောက်ဖို့ ရှိနေ

RFA
RFA Burmese
2023.12.22 

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ကမ်းခြေသို့ စက်လှေဖြင့် ရောက်ရှိလာသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။AFP

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းအနီးကို ရိုဟင်ဂျာဒုက္ခသည်တွေအပြည့် တင်ဆောင်လာတဲ့ စက်လှေ အနည်းဆုံး ငါးစီး ချဉ်းကပ်လာတယ်လို့ အင်ဒိုနီးရှား လေတပ်အရာရှိက ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပြော လိုက်ပါတယ်။

ရိုဟင်ဂျာလှေ ၅ စီးထက်မနည်း အင်ဒိုနီးရှားကို ဦးတည်လာ နေ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၃ ဒီဇင်ဘာ၊ ၂၀၂၃ 

Dua orang warga Kota Sabang saat melihat kapal yang digunakan pengungsi Rohingya mengarungi lautan dan berlabuh di pesisir Le Meulee, Kota Sabang, Aceh. (Foto: VOA/Anugrah Andriansyah) 
 
ရိုဟင်ဂျာလှေ ၅ စီးထက်မနည်း အင်ဒိုနီးရှားကို ဦးတည်လာနေ

ရိုဟင်ဂျာ ဒုက္ခသည်တွေ အပြည့်အသိပ်ပါတဲ့ စက်လှေ ၅ စီးထက်မနည်း အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ် ကမ်းလွန်ဆီ ဦးတည် ချဥ်းကပ်လာနေတာကို တွေ့ရတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ကြာသပတေး နေ့က ပြောပါတယ်။

Thursday, December 21, 2023

ရိုဟင်ဂျာဒုက္ခသည်အပြည့် တင်ဆောင်ထားတဲ့ စက်လှေ ငါးစင်း အင်ဒိုနီးရှားကမ်းရိုးတန်းကို ချဉ်းကပ်နေ

VOM
ဂျကာတာ၊ မျိုးဆက်(VOM)
ဒီဇင်ဘာ-၂၁-၂၀၂၃

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းအနီကို ဒုက္ခသည်တွေပြည့်နေတဲ့ စက်လှေငါးစင်းထက်မနည်း ချဉ်းကပ်လာတာကို တွေ့ရှိရတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။

နိုဝင်ဘာလကတည်းက နိုင်ငံရေပိုင်နက်ထဲကို ရိုဟင်ဂျာဒုက္ခသည်တွေ ရောက်ရှိမှု သိသိသာသာမြင့် တက်လာ ပြီးနောက်မှာ အင်ဒိုနီးရှားဟာ ရေပိုင်နက်အတွင်း ကင်းလှည့်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း အာချေး လေတပ်အခြေစိုက်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။

Tuesday, December 19, 2023

ရိုဟင်ဂျာတွေ အင်ဒိုနီးရှားဒေသခံတွေရဲ့ လက်မခံမှုနဲ့ ရင်ဆိုင် နေရ

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၉ ဒီဇင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Lhokseumawe မြို့က ယာယီဒုက္ခသည်စခန်းတခုမှာတွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)
အင်ဒိုနီးရှားကိုရောက်နေတဲ့ ရိုဟင်ဂျာတွေဟာ ဒေသခံတွေရဲ့ မလိုလားမှုကြောင့် မရေရာတဲ့ အနာဂတ်နဲ့ရင်ဆိုင် နေရပါတယ်။ မြန်မာနိုင်ငံမှာ ညှင်းပမ်းနှိပ်စက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်မြောက်ပိုင်းက ဝေးလံခေါင်သီတဲ့ အာချေးပြည်နယ် က ကျွန်းတကျွန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ထဲက ရေကြောင်းကနေရောက် ဖြတ်ကျော် ရောက်ရှိနေတာပါ။

Thursday, December 14, 2023

ရိုဟင်ဂျာများအတွက် နိုင်ငံတကာက ဝန်ထုတ်ဝန်ပိုးခွဲယူရန် အင်ဒိုနီးရှားပြော

 ဧရာဝတီ
14 December 2023
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးဒေသသို့ ရောက်ရှိလာသော ရိုဟင်ဂျာ အမျိုးသမီးတဦးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်က တွေ့ရစဉ် / AFP 

နိုဝင်ဘာလမှစတင်ပြီး အင်ဒိုနီးရှားကမ်းခြေ ဘန်ဒါအာချေးသို့ ရိုဟင်ဂျာ ဒုက္ခသည် ၁,၅၀၀ ကျော် ရောက်လာပြီးနောက် အင်ဒိုနီးရှားနိုင်ငံက ဒီဇင်ဘာ ၁၂ ရက်နေ့တွင် နိုင်ငံတကာအသိုက်အဝန်းထံမှ အကူအညီ မေတ္တာရပ်ခံလိုက်သည်။

Wednesday, December 13, 2023

ခိုလှုံရောက်ရှိတဲ့ ရိုဟင်ဂျာတွေကိုကူညီရေး အင်ဒို အကူအ ညီတောင်းခံ

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၃ ဒီဇင်ဘာ၊ ၂၀၂၃ 

အာချေးပြည်နယ်။ ဘန်ဒါအာချေးကို အင်္ဂါနေ့က ရောက်လာကြတဲ့ ရိုဟင်ဂျာအမျိုးသမီးနဲ့ ကလေးငယ်တွေကို ခိုလှုံရာအဆောက်အဦးရဲ့ မြေအာက်ထပ်မှာ နေရာပေးထားစဥ်။ (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)

နိုဝင်ဘာလကတည်းက လှေတွေနဲ့ရောက်လာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁,၅၀၀ ကျော်အတွက် အကူအညီ ပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို အင်ဒိုနီးရှားက အင်္ဂါနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။ ထိုင်းနဲ့ မလေး ရှား နိုင်ငံတွေက ပြန်နှင်ထုတ်နေချိန် တချိန်တုန်းကတော့ ရိုဟင်ဂျာဒုက္ခသည်တွေကို အင်ဒိုနီးရှားက သည်းခံခဲ့ တာပါ။ ဒါပေမဲ့ တချို့ဒေသခံ အင်ဒိုနီးရှားတွေက ရိုဟင်ဂျာတွေ အပေါ် ရန်လိုလာတာနဲ့အမျှ အခုကိစ္စနဲ့ပတ် သက်ပြီး သမ္မတဂျိုကိုဝီဒိုဒိုက အရေးယူဆောင်ရွက်ဖို့ ဖိအားပေးသလို ဖြစ်လာခဲ့ပါတယ်။

Tuesday, December 12, 2023

အင်ဒိုကမ်းခြေရောက် ရိုဟင်ဂျာတွေကို ဒေသခံတွေဆန္ဒပြ မောင်းထုတ်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၂ ဒီဇင်ဘာ၊ ၂၀၂၃ 

MIGRATION-INDONESIA/ROHINGYA

အင်ဒိုနီးရှားနိုင်ငံ အာချေးက ဆာဘန်ကျွန်းကို လှေနဲ့ရောက်ရှိလာတဲ့ရိုဟင်ဂျာတွေကို ဒေသခံတွေက ပြန်နှင်ထုတ်ဖို့ ကြိုးစားနေကြတာကြောင့် အထိတ်တလန့်ဖြစ်ရပါတယ်လို့ ကုလသမဂ္ဂဒုက္ခသည် များ ဆိုင်ရာရုံး UNHCR က ပြောပါတယ်။

Monday, December 11, 2023

ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၃၀၀ ကျော် အင်ဒိုနီးရှားကို ထပ် ရောက်လာ

DVB
December 11, 2023

ရိုဟင်ဂျာလှေစီးဒုက္ခသည် ၃၀၀ ကျော်ကို တင်ဆောင်လာတဲ့ ပျက်စီးယိုယွင်းနေတဲ့လှေတွေ အင်ဒို နီး ရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေစီ ဒီဇင်ဘာ ၁၀ ရက်က ထပ်မံရောက်လာတယ် လို့ရိုက်တာ သတင်း မှာ ဖော်ပြပါတယ်။

အာချေးရောက် ရိုဟင်ဂျာဒုက္ခသည်အရေး

VOA
ဆုမွန်
၁၁ ဒီဇင်ဘာ၊ ၂၀၂၃ 

ပင်လယ်ပြင်ခရီးကြမ်းကို ဖြတ်သန်းလာရပြီး အတိဒုက္ခပေါင်းစုံနဲ့ရင်ဆိုင်နေရတဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးရောက် ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဘယ်လိုဖြေရှင်းဆောင်ရွက်ပေးနေပါသလဲဆိုတာ NUG လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးကို မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

Link : Here

Sunday, December 10, 2023

ကလေးနဲ့အမျိုးသမီးအများစုပါတဲ့ ရိုဟင်ဂျာ ၃၀၀ ကျော် အင်ဒိုနီးရှားထပ်ရောက်

RFA
RFA Burmese
2023.12.10 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေသို့ စက်လှေဖြင့် ဆိုက်ကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ AFP 
 
ကလေးနဲ့အမျိုးသမီးအများစုပါဝင်တဲ့ ရိုဟင်ဂျာ ၃၀၀ ကျော်ဟာ ပင်လယ်ထဲမှာ တစ်လကျော် မျောနေ ပြီးနောက် အင်ဒိုနီးရှားနိုင်ငံက ကမ်းခြေတွေကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ရောက်လာတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

ရိုဟင်ဂျာ ၃၀၀ ကျော် အင်ဒိုနီးရှားကို ရေကြောင်းက ထပ်မံ ရောက်ရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၁၀ ဒီဇင်ဘာ၊ ၂၀၂၃ 

Newly-arrived Rohingya refugees in Aceh province, Indonesia.

အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ရိုဟင်ဂျာ ၃၀၀ ကျော် လိုက်ပါလာတဲ့ စက်လှေ ၂ စင်းဟာ ပင် လယ် ထဲမှာ သီတင်းပတ်နဲ့ချီ မျောပါနေခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း အာချေ့ဒေသ ကမ်း ခြေကို ဒီကနေ့ အစောပိုင်းမှာပဲ ရောက်လာကြပါတယ်။ ရိုဟင်ဂျာ ၁၃၅ ယောက် လိုက်ပါလာပြီး ပင် လယ်ထဲမှာ ၂ လခွဲလောက်ကြာခဲ့တဲ့ စက်လှေတစင်းနဲ့ လူ ၁၈၀ နီးပါး လိုက်ပါလာပြီး ပင်လယ်ပြင်မှာ ၂၇ ရက်လောက် ကြာခဲ့တဲ့ စက်လှေတစင်းတို့ အင်ဒိုနီးရှားကမ်းခြေကို သီးခြားစီ ရောက်လာကြတာပါ

Saturday, December 9, 2023

အခက်အခဲတွေရှိတဲ့ကြားက ရိုဟင်ဂျာဒုက္ခသည်တွေ အ သက် စွန့်ခရီးနှင်နေကြဆဲ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.12.09 

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ကမ်းခြေသို့ စက်လှေဖြင့် ရောက်ရှိလာသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။ AFP

ဒီနှစ်နိုဝင်ဘာလမှာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း အာချေးပြည်နယ်ကို ရိုဟင်ဂျာ တစ်ထောင် ကျော် ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အများဆုံးရောက်လာတဲ့ အရေအတွက် ဖြစ် ပါတယ်။

Thursday, December 7, 2023

ရိုဟင်ဂျာဒုက္ခသည်တွေကို လက်မခံကြောင်း အင်ဒိုနီးရှား ဒေသခံတွေ ဆန္ဒပြ

RFA
RFA Burmese
2023.12.06
 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေသို့ စက်လှေဖြင့် ဆိုက်ကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကနေ စက်လှေတွေနဲ့ ပင်လယ်ဖြတ်ပြီး အင်ဒိုနီးရှားနိုင်ငံကို ရောက်လာတဲ့ ရိုဟင်ဂျာတွေကို လက်မခံနိုင်ကြောင်း ဒေသခံ အင်ဒိုနီးရှားနိုင်ငံသားတစ်ရာကျော်က ဒီ ဇင်ဘာလ ၆ ရက်နေ့မှာ ဆန္ဒပြခဲ့ပါတယ်။

Wednesday, December 6, 2023

ရိုဟင်ဂျာဒုက္ခသည်အရေး ကိုင်တွယ်ဖြေရှင်းဖို့ ထိပ်တန်း လုံခြုံရေးဝန်ကြီးကို သမ္မတ ဂျိုကိုဝီ ညွှန်ကြား

AYEYARWADDY TIMES
December 6, 2023

အင်ဒိုနီးရှားပိုင်နက်အတွင်းရိုဟင်ဂျာဒုက္ခသည်တွေရောက်ရှိလာမှုနဲ့ပတ်သက်တဲ့ကိစ္စကိုကိုင်တွယ်ဖြေ ရှင်းဖို့ လုံခြုံရေးဆိုင်ရာဝန်ကြီး မာဖတ်အမ်ဒီကို ညွှန်ကြားထားတယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါ တယ်။

“ရိုဟင်ဂျာပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒေသန္တရအစိုးရအဖွဲ့တွေ၊ UNHCR တို့နဲ့ ပူးပေါင်း ဆောင် ရွက်ဖို့ ကျွန်တော် လုံခြုံရေးဆိုင်ရာဝန်ကြီးကို ညွှန်ကြားထားပါတယ်” လို့ ဂျိုကိုဝီက ပြောပါ တယ်။

Sunday, December 3, 2023

အင်ဒိုနီးရှားအနောက်ခြမ်းကိုရိုဟင်ဂျာ ၁၀၀ ကျော်ကမ်းကပ် ရောက်ရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၄ ဒီဇင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးခရိုင် ဆာဘန်းကျွန်းကိုအသစ်ရောက်လာတဲ့ ရိုဟင်ဂျာမိသားစုတွေရဲ့ ကလေးများ။ (ဒီဇင်ဘာ ၂၃၊ ၂၀၂၃ / AFP)

အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဘက်ဆုံးပြည်နယ်ကို အမျိုးသမီးတွေနဲ့ကလေးတွေအပါအဝင်ရိုဟင်ဂျာ ၁၀၀ ကျော် စနေနေ့ က ကမ်းကပ်လာခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသခံတွေ က တော့ သူတို့ကို ပင်လယ်ပြင်ဘက် ပြန်ထုတ်ဖို့ ခြိမ်းခြောက်နေကြပါတယ်။

Saturday, December 2, 2023

ရိုဟင်ဂျာဒုက္ခသည်၁၇ဝ လိုက်ပါတဲ့လှေတစ်စီး အာချေးပြည် နယ် ထပ်ရောက်

RFA
RFA Burmese
2023.12.02
 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနီးရှိ ဆာဘန်းကျွန်းသို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ရောက်ရှိလာသည့် ရိုဟင်ဂျာ ဒုက္ခသည်အချို့ကို တွေ့ရစဉ်။CHAIDEER MAHYUDDIN / AFP 
 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနီးမှာရှိတဲ့ ဆာဘန်းကျွန်းကို ဒီနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ရိုဟင်ဂျာ ၁၇ဝ ခန့် လိုက်ပါလာတဲ့ လှေတစ်စီး ဆိုက်ရောက်လာတယ်လို့ ရိုက်တာသတင်းက ဖော် ပြ ပါတယ်။

ရိုဟင်ဂျာ ၁၀၀ ကျော် အင်ဒိုနီးရှားကို ထပ်ရောက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၂ ဒီဇင်ဘာ၊ ၂၀၂၃ 

Rohingya refugees disembark at Ulee Madon, North Aceh, Indonesia, on Nov. 16, 2023. Some 250 Rohingya Muslims are afloat off the coast of Indonesia after two attempts to land were rejected by local residents.

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း Aceh ပြည်နယ်ထဲကို အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၁၃၉ ယောက် ဒီကနေ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ ထပ်ရောက်လာတယ်လို့အင်ဒိုနီးရှား အာဏာပိုင်တွေပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာ လေးရာ ပင်လယ်ထဲမျော

BBC
December 2' 2023

ခိုလှုံရာ ရွှေ့ပြောင်းရှာဖွေတဲ့ ရိုဟင်ဂျာလှေ


ရိုဟင်ဂျာ လေးရာလောက်ကို အပြည့်အသိပ် တင်ဆောင်လာတဲ့ လှေနှစ်စီး ကပ္ပလီပင်လယ်ထဲ မျောပါ နေတယ်လို့ ယူဆကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

စက်ချို့ယွင်းမှု ပြဿနာရှိတဲ့ ဒီလှေတွေကို ရှာဖွေ ကယ်ဆယ်ကြဖို့ အရှေ့တောင်အာရှ နိုင်ငံတွေကို ပန် ကြားထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက အများစုလာကြတဲ့ ရိုဟင်ဂျာ တထောင်လောက် အင်ဒိုနီးရှားကို ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဆိုက်ရောက်ခဲ့ကြပါတယ်။ 

 

Link : Here

Wednesday, November 29, 2023

ရိုဟင်ဂျာမိသားစုများ ဒုက္ခသည်စခန်းမှ ထွက်ပြေးမှု ပိုများ ပြားလာ

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၈ နိုဝင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ ကမ်းကပ်ပြီး အနားယူနေကြစဉ် (နိုဝင်ဘာ ၂၀၊ ၂၀၂၃)

ကလေးရှိတဲ့ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းကထွက်လာကြတာ ပိုလို့များလာတယ်လို့ အကူအညီ ပေးရေး အဖွဲ့တွေ က ပြောကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် ဒီလို လှေတွေနဲ့ ထွက်လာ ကြ တာ အများစု က အမျိုးသားလူငယ်တွေ ဖြစ်ကြပါတယ်လို့ ရခိုင်စီမံချက်အဖွဲ့က ဒါရိုက်တာ ခရစ္စ လဲဝါ (Chris Lewa) က ပြောပါတယ်။ ဒီလှေတွေက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကမ်းခြေတွေကနေ လာကြတာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */