" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 2, 2023

ရိုဟင်ဂျာ ၁၀၀ ကျော် အင်ဒိုနီးရှားကို ထပ်ရောက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၂ ဒီဇင်ဘာ၊ ၂၀၂၃ 

Rohingya refugees disembark at Ulee Madon, North Aceh, Indonesia, on Nov. 16, 2023. Some 250 Rohingya Muslims are afloat off the coast of Indonesia after two attempts to land were rejected by local residents.

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း Aceh ပြည်နယ်ထဲကို အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၁၃၉ ယောက် ဒီကနေ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ ထပ်ရောက်လာတယ်လို့အင်ဒိုနီးရှား အာဏာပိုင်တွေပြောကြားခဲ့ပါတယ်။

အာချေးဒေသခံတွေကတော့ ရိုဟင်ဂျာတွေ စီးလာတဲ့ စက်လှေကို ပင်လယ်ထဲ အတင်းပြန်လွှတ်မယ် လို့ ခြိမ်းခြောက်နေကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

သူ ရောက်သွားချိန်မှာ ရိုဟင်ဂျာတွေဟာ ကမ်းခြေပေါ်ကို ရောက်နေကြပြီလို့ Aceh ဒေသ၊ Ie Meulee ရွာသူကြီး Dofa Fadhli ရဲ့ အပြောကို AFP သတင်းမှာ ကိုးကားဖော်ပြပါတယ်။ အမျိုးသမီး၊ ကလေးငယ်နဲ့ အရွယ်ရောက်ပြီးအမျိုးသားတွေအပါအဝင် စုစုပေါင်း ၁၃၉ ယောက်လို့ ပြောပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR ရဲ့ စာရင်းတွေအရ အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာတွေ စတင်ရောက်ရှိတဲ့ ၂၀၁၅ ခုနှစ်ကစလို့ အများဆုံးအဖြစ် ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ရိုဟင်ဂျာ ၁,၀၀၀ ကျော် ရောက်ရှိလာပြီး၊ အခုဒီဇင်ဘာလဆန်းမှာ ထပ်ရောက်တာလည်း ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ပင်လယ်ပြင်မှာ စက်ပျက်ပြီးမြောနေတဲ့ စက်လှေ ၂ စီးပေါ်က ရိုဟင်ဂျာတွေကိုကယ်တင် ဖို့ ကုလသမဂ္ဂက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ Andaman ပင်လယ်ပြင်မှာ မြောနေတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို နီးစပ်ရာတိုင်းပြည်တွေက ကယ်တင်ပေးကြဖို့ ကုလသမဂ္ဂက တောင်းဆိုနေပါတယ်။

ရရှိတဲ့ သတင်းတွေအရ လူပေါင်း ၄၀၀ လောက် တင်ဆောင်လာတယ်လို့ ယူဆရတဲ့ အဲဒီ စက်လှေ ၂ စီးကို အမြန်ဆုံး ရှာဖွေပြီး ဒုက္ခသည်တွေကို ကယ်တင်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုတာဖြစ်ပါတယ်။ ဒါပေမဲ့ စက်လှေ ၂ စီးဟာ ဘယ်နေရာမှာ ရောက်နေတယ်ဆိုတာနဲ့ သူတို့ ဘယ်ကနေ ထွက်ခွာလာ ကြတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရဘူးလို့ UNHCR ကပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */