" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 6, 2023

ရိုဟင်ဂျာဒုက္ခသည်အရေး ကိုင်တွယ်ဖြေရှင်းဖို့ ထိပ်တန်း လုံခြုံရေးဝန်ကြီးကို သမ္မတ ဂျိုကိုဝီ ညွှန်ကြား

AYEYARWADDY TIMES
December 6, 2023

အင်ဒိုနီးရှားပိုင်နက်အတွင်းရိုဟင်ဂျာဒုက္ခသည်တွေရောက်ရှိလာမှုနဲ့ပတ်သက်တဲ့ကိစ္စကိုကိုင်တွယ်ဖြေ ရှင်းဖို့ လုံခြုံရေးဆိုင်ရာဝန်ကြီး မာဖတ်အမ်ဒီကို ညွှန်ကြားထားတယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါ တယ်။

“ရိုဟင်ဂျာပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒေသန္တရအစိုးရအဖွဲ့တွေ၊ UNHCR တို့နဲ့ ပူးပေါင်း ဆောင် ရွက်ဖို့ ကျွန်တော် လုံခြုံရေးဆိုင်ရာဝန်ကြီးကို ညွှန်ကြားထားပါတယ်” လို့ ဂျိုကိုဝီက ပြောပါ တယ်။

ဒီဇင်ဘာလ ၂ ရက်က အာချေးပြည်နယ်၊ ဆာဘန်းမြို့တော်ရှိ ကမ်းရိုးတန်းဧရိယာတစ်ခုကို ရိုဟင်ဂျာ ဒုက္ခ သည် ၁၃၉ ဉီး သောင်တင်ခဲ့တယ်လို့ သိရပါတယ်။

လူသတ်မှု၊ ပြန်ပေးဆွဲမှုတွေ တိုးလာမှုအပြင် ဆိုးရွားလာသော လုံခြုံရေးအခြေအနေကြောင့်ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ မူလနေထိုင်ရာအရပ်ဒေသတွေကနေ ပိုမိုလုံခြုံတဲ့နေရာတွေမှာ နေထိုင်ဖို့ ကြိုးပမ်း လာ ကြ တယ်လို့ UNHCR ရဲ့ အင်ဒိုနီးရှားနိုင်ငံရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြန်မာ့အရေး ဖြေရှင်းရာမှာ ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုအဖြစ် ယူဆရတဲ့ ရိုဟင်ဂျာပြဿနာ ကို နိုင်ငံရေးအရ ဖြေရှင်းဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မကြာသေးမီအချိန် အ တွင်း ပြောကြားခဲ့ ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်မှာ မသေချာမှုတွေ ရှိနေဆဲပဲလို့ အမေရိကန်နိုင်ငံ၊ နယူးယောက် မြို့ တော်မှာပြုလုပ်တဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မာဆူဒီက ပြောပါတယ်။

တစ်ချိန်တည်းမှာပင် ကမ္ဘာ့အခြေအနေနဲ့ မြန်မာ့အရေးက ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့ ပိုမိုခက်ခဲ စေ ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ရိုဟင်ဂျာပြဿနာ ဖြေရှင်းမှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းမှုရဲ့ တစ်စိတ်တစ် ဒေ သ ဖြစ်သင့်ပါတယ်” လို့ မာဆူဒီက ဆိုပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ၇၀ ရာခိုင် နှုန်း ကျော်ဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ UNHCR က ပြောပါတယ်။

ရိုဟင်ဂျာအများစုက နေရပ်စွန့်ခွာကာ ဒုက္ခသည်အဆင့်အတန်း အသိအမှတ်ပြုခံရတယ်လို့ UNHCR ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ကိုးကား – Antara News
Ref; Jokowi instructs top security minister to handle Rohingya refugees

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */