" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 29, 2023

ရိုဟင်ဂျာမိသားစုများ ဒုက္ခသည်စခန်းမှ ထွက်ပြေးမှု ပိုများ ပြားလာ

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၈ နိုဝင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ ကမ်းကပ်ပြီး အနားယူနေကြစဉ် (နိုဝင်ဘာ ၂၀၊ ၂၀၂၃)

ကလေးရှိတဲ့ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းကထွက်လာကြတာ ပိုလို့များလာတယ်လို့ အကူအညီ ပေးရေး အဖွဲ့တွေ က ပြောကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် ဒီလို လှေတွေနဲ့ ထွက်လာ ကြ တာ အများစု က အမျိုးသားလူငယ်တွေ ဖြစ်ကြပါတယ်လို့ ရခိုင်စီမံချက်အဖွဲ့က ဒါရိုက်တာ ခရစ္စ လဲဝါ (Chris Lewa) က ပြောပါတယ်။ ဒီလှေတွေက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကမ်းခြေတွေကနေ လာကြတာပါ။

မြန်မာနိုင်ငံကို ပြန်ဖို့ ဒါမှမဟုတ် တတိယနိုင်ငံမှာအခြေချနိုင်ဖို့ မျှော်လင့်ချက်ကလည်း မှေးမှိန်လာ၊ ဒုက္ခသည်စခန်းရဲ့ဘဝကလည်း ကြမ်းတမ်းလာတာနဲ့အမျှ ကလေးတွေကိုပါခေါ်ပြီး မိသားစုတစုလုံး တခါတလေ ဆွေမျိုးတသိုက်လုံး ပင်လယ်ခရီးကို လှေငယ်တွေနဲ့ စွန့်စား ဖြတ်လာကြတာဖြစ်ပါတယ်။ ဒီလ အင်ဒိုနီးရှား အာချေး ကမ်းခြေကိုရောက်လာတဲ့ ရိုဟင်ဂျာ ၁,၀၈၄ ဦး အနက် ၃၆၀ က ကလေး တွေဖြစ်ကြပြီး ၂၉၂ ယောက်က အမျိုးသမီးနဲ့ ၂၃၈ ယောက်က အမျိုးသားတွေဖြစ်ကြတယ်လို့ ကုလ သမဂ္ဂဒုက္ခသည်များစာရင်းက ဆိုပါတယ်။

ဒီနှစ် လှေ ၃၄ စင်းနဲ့ ထွက်လာကြတဲ့ ရိုဟင်ဂျာ ၃,၅၇၂ ယောက် ရှိပြီး ၃၁ ရာနှုန်း က ကလေးတွေ ဖြစ် ကြပါတယ်။ ပင်လယ်ပြင်မှာ အသေအပျောက် အများဆုံးနှစ်ဖြစ်တဲ့ ၂၀၂၂ တုန်းက ထွက်လာသူ ၃,၇၀၅ ယောက် ရှိပြီး ငါးပုံတပုံကပဲ ကလေးတွေ ဖြစ်ကြပါတယ်။ လှေတွေက လူတွေ မတန်တဆ တင် ပြီး မြုပ်သွားနိုင်သလို လမ်းမှာ အစာရေစာ ပြတ်တာတွေလည်း ရှိတတ်ပါတယ်။ လူကုန်ကူးသူတွေနဲ့ လည်း ကြုံတွေ့သွားနိုင်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */