" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 13, 2023

ခိုလှုံရောက်ရှိတဲ့ ရိုဟင်ဂျာတွေကိုကူညီရေး အင်ဒို အကူအ ညီတောင်းခံ

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၃ ဒီဇင်ဘာ၊ ၂၀၂၃ 

အာချေးပြည်နယ်။ ဘန်ဒါအာချေးကို အင်္ဂါနေ့က ရောက်လာကြတဲ့ ရိုဟင်ဂျာအမျိုးသမီးနဲ့ ကလေးငယ်တွေကို ခိုလှုံရာအဆောက်အဦးရဲ့ မြေအာက်ထပ်မှာ နေရာပေးထားစဥ်။ (ဒီဇင်ဘာ ၁၂၊ ၂၀၂၃)

နိုဝင်ဘာလကတည်းက လှေတွေနဲ့ရောက်လာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁,၅၀၀ ကျော်အတွက် အကူအညီ ပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို အင်ဒိုနီးရှားက အင်္ဂါနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။ ထိုင်းနဲ့ မလေး ရှား နိုင်ငံတွေက ပြန်နှင်ထုတ်နေချိန် တချိန်တုန်းကတော့ ရိုဟင်ဂျာဒုက္ခသည်တွေကို အင်ဒိုနီးရှားက သည်းခံခဲ့ တာပါ။ ဒါပေမဲ့ တချို့ဒေသခံ အင်ဒိုနီးရှားတွေက ရိုဟင်ဂျာတွေ အပေါ် ရန်လိုလာတာနဲ့အမျှ အခုကိစ္စနဲ့ပတ် သက်ပြီး သမ္မတဂျိုကိုဝီဒိုဒိုက အရေးယူဆောင်ရွက်ဖို့ ဖိအားပေးသလို ဖြစ်လာခဲ့ပါတယ်။
‘ရောက်လာတဲ့ ရိုဟင်ဂျာအများစုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက လာကြတာပါ။ မြန်မာနိုင်ငံမှာ စစ် တပ်ရဲ့ တိုက်ခိုက်ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာကြရသူတွေပါ။ တတိယနိုင်ငံမှာ အခြေချရေးလို ဒုက္ခသည် ပြဿနာကို ကိုင်တွယ်နေကြတာက ခုအထိ အလွန့်ကို နှေးကွေးနေတယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ’ လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Muhammad Iqbal က ဂျာကာတာမှာလုပ်တဲ့သတင်း စာရှင်းလင်းပွဲ မှာ ပြောပါတယ်။

ရိုဟင်ဂျာပြဿနာဖြေရှင်းရေး အားထုတ်ကြရာမှာ ပိုပြီးတာဝန်ယူကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို သူက တိုက်တွန်းလိုက်ပါတယ်။ ‘အစိုးရက ဒုက္ခသည်တွေကို ယာယီခဏတော့ အကူအညီပေးပါမယ်’လို့ သမ္မတဝီဒိုဒို က တနင်္လာနေ့က ပြောပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */