" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 9, 2023

အခက်အခဲတွေရှိတဲ့ကြားက ရိုဟင်ဂျာဒုက္ခသည်တွေ အ သက် စွန့်ခရီးနှင်နေကြဆဲ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.12.09 

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ရှိ ကမ်းခြေသို့ စက်လှေဖြင့် ရောက်ရှိလာသည့် ရိုဟင်ဂျာများအား တွေ့ရစဉ်။ AFP

ဒီနှစ်နိုဝင်ဘာလမှာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း အာချေးပြည်နယ်ကို ရိုဟင်ဂျာ တစ်ထောင် ကျော် ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အများဆုံးရောက်လာတဲ့ အရေအတွက် ဖြစ် ပါတယ်။

အင်ဒိုနီးရှားအစိုးရက ရိုဟင်ဂျာတွေကို ယာယီအကူအညီတွေ ပေးသွားမှာဖြစ်ပေမဲ့ ဒေသခံပြည်သူ တွေရဲ့ အကျိုးစီးပွားကို ဦးစားပေးဆုံးဖြတ်သွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ မိုင်ပေါင်းထောင်နဲ့ချီဖြတ်ပြီး မလေးရှားနဲ့ အင်ဒိုနီးရှားကို အသက်စွန့်သွားလာနေကြပါတယ်။

ကုတုပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က အသက် ၁၈ နှစ်ပြည့်သူတွေ ကို အလုပ်အကိုင်အခွင့်အလမ်းတစ်ခုခု ဖန်တီးပေးနိုင်ရင် ပင်လယ်ပြင်ကနေတစ်ဆင့် တရားမဝင် ထွက် ခွာတာတွေ လျော့လာနိုင်တယ်လို့ ထောက်ပြပါတယ်။

“စားဝတ်နေရေးက အစ အလုပ်အကိုင်အပါအဝင်ပေါ့နော်။ ဒါတွေအကုန်လုံး စိုးရိမ်မှုပေါ့ နော် ကြောက် စိတ်နဲ့နေရတဲ့အတွက် တစ်ခါတစ်လေ စိတ်ပေါက်ပြီး သွားမယ်။ ဘယ်ကိုမဆို သေရင်သေ မယ်။ သွားမယ်ဆိုတဲ့ စိတ်ပေါ်လာတယ်။ သေမထူးနေမထူးဆိုပြီး ထွက်သွားနေတာပဲရှိတယ်။ တား ဆီးနိုင်တာ တစ်ခုပဲရှိတယ်။ ဒါလည်းလျှော့လို့ပဲရမှာပါ။ အပြည့်အဝတော့ တားဆီးလို့ရမှာမဟုတ် ဘူး။ ဒီဒုက္ခသည်တွေ အလုပ်အကိုင်အခွင့်အလမ်းပေါ့နော်။ အသက်၁၈ နှစ်ပြည့်တာနဲ့ အလုပ် အကိုင်တစ်ခုခုရအောင် ဖန်တီးပေးရမယ်”

အင်ဒိုနီးရှားနိုင်ငံကို ဒီဇင်ဘာလ ပထမအပတ် နောက်ဆုံးရောက်သွားတဲ့ စက်လှေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၃၉ ဦး ပါဝင်ပါတယ်။

သူတို့ကို လက်မခံကြောင်း အင်ဒိုနီးရှားဒေသခံ တစ်ရာကျော်က ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါသေးတယ်။ ရောက်လာတဲ့ ရိုဟင်ဂျာတွေကို တခြားနေရာကို ရွှေ့ပေးဖို့ တောင်းဆိုကြပြီး ပင်လယ်ထဲကို ပြန်ပို့မယ်လို့ ဒေသခံတွေက ခြိမ်းခြောက်ပြောဆိုခဲ့ကြတာပါ။

အဲ့ဒီမတိုင်ခင် နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ အင်ဒို နီး ရှားနိုင်ငံကို ထွက်ဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၅၈ ယောက်ကို တက္ကနပ်မြစ်ဆိပ်ကမ်းမှာ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲ အမျိုးသား ကိုးဦး၊ အမျိုးသမီး ၁၆ ဦး၊ ကလေး ၃၃ ဦးပါဝင်ပါတယ်။သူတို့ကိုလမ်း ပြတဲ့ ဘင်္ဂလားဒေ့ရှ် လူကုန်ကူးသူ နှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ရိုဟင်ဂျာတွေ ဒုက္ခသည်စခန်းတွေကို အခုလို စွန့်ခွာရတဲ့အကြောင်းရင်းတွေထဲမှာ ပညာသင်ကြားခွင့် ရချင်တဲ့ အချက်လည်း ပါဝင်ပါတယ်။

“စခန်းတွေထဲမှာ ကျွန်တော်တို့မှာ တစ်ခုခုကို သင်ကြားဖို့ အခွင့်အရေး လုံးဝမရှိဘူး။ အထက်တန်း ကျောင်း လည်းမရှိဘူး။ ကျွန်တော်တို့ အိမ်မှာပဲ လေ့လာလို့ရတယ်။ ကျွန်တော်တို့မှာ အိမ်လည်း မရှိဘူး။ ပလပ်စတစ်အမိုးအကာအောက်မှာပဲ နေခဲ့ရတာပါ။ ကျွန်တော်က တက္ကသိုလ်တက်ချင် တယ်။ ကျွန် တော် သတင်းထောက်ဖြစ်ချင်တယ်။ ရိုဟင်ဂျာတွေအတွက်ကတော့ နိုင်ငံလည်းမရှိသ လိုနေစရာ လည်း မရှိပါဘူး။ ဒါကြောင့် ကျွန်တော် သတင်းထောက်လုပ်ပြီး ရိုဟင်ဂျာတွေကို ကူညီ ချင်ပါတယ်”

နိုဝင်ဘာလ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကို ပင်လယ်ခရီးဖြတ်ပြီး ရောက်ခဲ့တဲ့ အသက် ၁၅ နှစ်အ ရွယ် ရိုဟင်ဂျာလူငယ် အဗ္ဗဒူ ရာမန် ပြောသွားတာပါ။

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အနောက်ဘက်ကမ်းခြေသို့ စက်လှေဖြင့် ဆိုက်ကပ်ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP) 
 
အဗ္ဗဒူရာမန်ရဲ့ အိမ်မက်က ဘယ်လိုဆက်ဖြစ်မလဲဆိုတာ မသိနိုင်သေးပါဘူး။ ဒီလိုထွက်လာခွင့်ရဖို့ တော့ ဆွေမျိုးတွေဆီကနေ ပိုက်ဆံချေးခဲ့ရတယ်လို့ သူက AFP ကို ပြောထားပါတယ်။

ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေဟာ စက်လှေနဲ့လိုက်ပါခွင့်ရဖို့ လူတစ်ဦးကို အနည်းဆုံး အမေရိကန် ဒေါ် လာ တစ်ထောင်ပေးပြီး သွားနေတာပါ။

ဘင်္ဂလားဒေ့ရှ်စခန်းတွေအတွင်း ခြောက်နှစ်ကျော် နေထိုင်လာခဲ့ပေမယ့် နေရပ်ပြန်ဖို့ အခွင့်အလမ်း ကောင်းတွေမရှိတာ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က လစဉ်ထောက်ပံ့ကြေး လျှော့ချလိုက်တာ၊ စခန်း အ ပြင်ထွက်ခွင့် မရတာ၊ အလုပ်အကိုင်အခွင့်အလမ်းမရှိတာ၊အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့အသက် အန္တရာယ် ခြိမ်းခြောက်မှုတွေကို နေ့စဉ် ကြုံတွေ့နေရတာတွေကြောင့် စခန်းတွေကနေ ထွက်ခွာဖို့ ကြိုး စားကြတာလို့ ရိုဟင်ဂျာတွေက ပြောပါတယ်။

ဒုက္ခသည်တွေဟာ မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားကို ရောက်မယ်ဆိုရင် အဲ့ဒီနိုင်ငံတွေမှာပဲ လွတ် လွတ်လပ်လပ် ရှင်သန်နေထိုင်ခွင့် ဒါမှမဟုတ် အဲ့ဒီနိုင်ငံတွေကတစ်ဆင့် နောက်ထပ်နိုင်ငံတွေကို ဆက် လက်သွားနိုင်ခွင့် ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။

ဒီမျှော်လင့်ချက်တွေကို လက်တွေ့မှာ အကောင်အထည်ဖော်ဖို့က ခက်ခဲတယ်လို့ ရိုဟင်ဂျာအရေးတက် ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က ထောက်ပြပါတယ်။

မလေးရှားမှာ လက်ရှိကတော့ ရိုဟင်ဂျာ တစ်သိန်းခွဲကျော် ရှိတယ်။ ဒီဥစ္စာစရောက်တာ ၁၉၈၀ နောက်ပိုင်းကနေပြီးတော့ ၂၀၁၂ နောက်ပိုင်းမှာတော့ ပိုများလာတာပေါ့လေ။ ဒီလူတွေကို တစ်ဝက် လောက်က UN ကနေ ကတ်ပြားတွေ ထုတ်ပေးထားတာတွေရှိတယ်။ UN မှာ မှတ်ပုံတင်ထားတာ ရှိ တယ်။ တချို့တလေတွေလည်း အဲ့ဒီကနေ တတိယနိုင်ငံတွေကို များသောအားဖြင့် အမေရိကား၊ ကနေဒါတို့ကို ရောက်သွားတာရှိတယ်။ သြစတြေးလျ၊ နယူးဇီလန်ကို ရောက်သွားတာလည်း ရှိတယ်။ ဒါကတော့ အနည်းအကျဉ်းပေါ့ အခုနောက်ပိုင်းရောက်သွားတာတွေက UN မှာ ဘာမှ မှတ်ပုံတင် လို့ မရဘူး။ ရောက်သွားတဲ့ သူအားလုံးက တရားမဝင်နေထိုင်ရတယ်။ လုပ်ခနည်းနည်းနဲ့ တရားမ ဝင်အလုပ်တွေလုပ်ပြီး ဘာပဲဖြစ်ဖြစ် သူတို့စားနိုင်သောက်နိုင်တယ်။ ဒီ Camp ထဲမှာ နေရတာထက် ပိုပြီးတော့ အခြေအနေပိုကောင်းတယ်။ တရားဝင်နေထိုင်ခွင့်ကတော့ ဘာမှမရဘူး။”
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ စက်လှေနှင့် ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊      နိုဝင်ဘာလ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် တွေ့ရစဉ်။ (Photo: AFP)

ဒုက္ခသည်တွေ ထွက်လာချင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ၂၀၂၃  ခုနှစ် အတွင်းအ ကြမ်း ဖက်မှုတွေကြောင့် ဒုက္ခသည် ၆၀ လောက် သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ စာရင်းတွေ အရ သိရပါတယ်။

ကုလသမဂ္ဂစာရင်းတွေအရ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာအယောက် ၂ဝဝဝ ကျော် ပင်လယ် ပြင်ခရီးကို အသက်စွန့် ဖြတ်သန်းခဲ့ကြပြီး အဲဒီထဲက လူနှစ်ရာလောက် သေကျေပျောက်ဆုံးခဲ့ပါတယ်။ ပွင့်လင်းရာသီမှာ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေထဲကနေ ပင်လယ်ခရီးကို ထွက်လေ့ရှိပြီး နိုဝင် ဘာလကနေ မတ်လအတွင်း အထွက်များကြတယ်လို့ စခန်းအတွင်းနေထိုင်သူတွေက ပြောကြပါတယ်။
ဆက်နွယ်သောသတင်းများ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */