RFA
RFA Burmese
2023.12.10

ရိုဟင်ဂျာ ဒုက္ခသည် ၁၈၀ ပါတဲ့ လှေတစ်စီးဟာ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်မှာ အာချေးပြည်နယ်က ကမ်းခြေကို ရောက်သွားခဲ့တာပါ။
အလားတူ နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည် ၁၃၅ ဦး တင်ဆောင်လာတဲ့ အခြားလှေတစ်စင်းဟာလည်း အာချေးပြည်နယ်က နောက်ထပ်ကမ်းခြေတစ်ခုကို ရောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီရိုဟင်ဂျာတွေပါတဲ့ လှေတွေဟာ ပင်လယ်ထဲမှာ တစ်လကျော်ကြာ မျောနေခဲ့ရာကနေ အင်ဒိုနီးရှား နိုင်ငံက ကျွန်းတွေကို ရောက်ရှိလာတာလို့လည်း ဆိုပါတယ်။
ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း အာချေးပြည်နယ်အနီးမှာရှိတဲ့ ဆာဘန်းကျွန်းကို ရိုဟင်ဂျာ ၁၇ဝ ခန့် လိုက်ပါလာတဲ့ လှေတစ်စီး ဆိုက်ရောက်လာတယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း အာချေးပြည်နယ်ကိုရိုဟင်ဂျာ ဒုက္ခသည်တစ်ထောင်ကျော် ရောက်ရှိခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပင်လယ်ထဲ ပြန်တွန်းပို့တာမျိုး မ လုပ် ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အ ထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ထဲမှာ ရိုဟင်ဂျာအယောက် ၂ဝဝဝ ကျော် ပင်လယ် ပြင်ခရီးကို အသက်စွန့်ဖြတ်သန်းခဲ့ကြပြီး အဲဒီထဲက လူနှစ်ရာလောက် သေကျေပျောက်ဆုံးခဲ့ပါတယ်။
Link : Here
No comments:
Post a Comment