VOA
ဗွီအိုအေ (မြန်မာဌာန)
၁၉ ဒီဇင်ဘာ၊ ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Lhokseumawe မြို့က ယာယီဒုက္ခသည်စခန်းတခုမှာတွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)
အင်ဒိုနီးရှားကိုရောက်နေတဲ့ ရိုဟင်ဂျာတွေဟာ ဒေသခံတွေရဲ့ မလိုလားမှုကြောင့် မရေရာတဲ့ အနာဂတ်နဲ့ရင်ဆိုင် နေရပါတယ်။ မြန်မာနိုင်ငံမှာ ညှင်းပမ်းနှိပ်စက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး တိမ်းရှောင်လာတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်မြောက်ပိုင်းက ဝေးလံခေါင်သီတဲ့ အာချေးပြည်နယ် က ကျွန်းတကျွန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ထဲက ရေကြောင်းကနေရောက် ဖြတ်ကျော် ရောက်ရှိနေတာပါ။ ဒါဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာတွေ အများဆုံး ဝင်ရောက်လာမှုဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ ရိုဟင်ဂျာတွေဟာ ခုလိုပင်လယ်ပြင်မှာ ရက်သတ္တပတ်ကြာအောင် မျော ပါ ခဲ့ပြီးတဲ့ နောက်မှာတော့ အင်ဒိုနီးရှားမှာလည်း အတားအဆီးအသစ်တွေနဲ့ ရင်ဆိုင်နေရတာပါ။
ဆက်စပ်ဖတ်ရှုစရာ
ဆက်စပ်ဖတ်ရှုစရာ
- ရိုဟင်ဂျာ ၁၀၀ ကျော် အင်ဒိုနီးရှားကို ထပ်ရောက်
- လှေစီးပြေးမယ့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး
- ရိုဟင်ဂျာတွေကို အာချေးဒေသခံတွေ လက်ခံဖို့ ငြင်းပယ်
ဒေသခံတွေဟာ ရိုဟင်ဂျာတွေရဲ့ လှေတွေကို လှည့်ပတ်ဝန်းရံထားပြီး သူတို့နေထိုင်နေတဲ့ ယာယီတဲတွေ ကို လည်း ဖျက်ပစ်ဖို့ ကြိုးစားနေကြတာပါ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ပဋိဉာဏ်စာချုပ်မှာ လက်မှတ် ထိုး မထားတဲ့ အင်ဒိုနီးရှားအနေနဲ့ ရိုဟင်ဂျာတွေကို လက်ခံထားစရာ မလိုဘူးလို့ ပြောဆိုနေတဲ့ တချိန်ထဲမှာဘဲ အိမ် နီးချင်းနိုင်ငံတွေအနေနဲ့လည်း ဒီကိစ္စမှာ မျှဝေတာဝန်ယူပေးကြဖို့ တောင်းဆိုထားပါတယ်။
သမ္မတ Joko Widodo ကတော့ ရေတို စီမံချက်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးဖို့ လုပ် ဆောင် နေပေမဲ့၊ ဒေသခံတွေရဲ့ ဆန္ဒကိုသာ ဦးစားပေး လုပ်ဆောင်မှာ ဖြစ်သလို၊ ခုလို ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာတာဟာ လူကုန်ကူးသူတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Link : Here
No comments:
Post a Comment