" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, December 10, 2023

ရိုဟင်ဂျာ ၃၀၀ ကျော် အင်ဒိုနီးရှားကို ရေကြောင်းက ထပ်မံ ရောက်ရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၁၀ ဒီဇင်ဘာ၊ ၂၀၂၃ 

Newly-arrived Rohingya refugees in Aceh province, Indonesia.

အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ရိုဟင်ဂျာ ၃၀၀ ကျော် လိုက်ပါလာတဲ့ စက်လှေ ၂ စင်းဟာ ပင် လယ် ထဲမှာ သီတင်းပတ်နဲ့ချီ မျောပါနေခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း အာချေ့ဒေသ ကမ်း ခြေကို ဒီကနေ့ အစောပိုင်းမှာပဲ ရောက်လာကြပါတယ်။ ရိုဟင်ဂျာ ၁၃၅ ယောက် လိုက်ပါလာပြီး ပင် လယ်ထဲမှာ ၂ လခွဲလောက်ကြာခဲ့တဲ့ စက်လှေတစင်းနဲ့ လူ ၁၈၀ နီးပါး လိုက်ပါလာပြီး ပင်လယ်ပြင်မှာ ၂၇ ရက်လောက် ကြာခဲ့တဲ့ စက်လှေတစင်းတို့ အင်ဒိုနီးရှားကမ်းခြေကို သီးခြားစီ ရောက်လာကြတာပါ
စက်လှေမှာ လိုက်ပါလာသူ တယောက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းကနေ ထွက်ခွာ လာတာလို့လည်း သတင်းထောက်တွေကို ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထွက်ခွာဖို့ စက်လှေ သမားကို ဒေါ်လာ ၃၆၀ ကျော်နဲ့ ညီမျှတဲ့ ဘင်္ဂလားတာကာငွေ ပေးခဲ့ရတယ်လို့လည်း စက်လှေမှာပါလာ သူတယောက်ကို ကိုးကားပြီး AP သတင်းက ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ်က ထွက်ခွာလာတဲ့ နောက် ထပ် စက်လှေတစင်းကတော့ ပင်လယ်ပြင်မှာ ပျောက်ဆုံးနေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလကစ အင်ဒိုနီးရှား နိုင်ငံကို ရေကြောင်းကနေ ရောက်လာကြတဲ့ ရိုဟင်ဂျာ ၁၅၀၀ ကျော်အထိ ရှိနေပါပြီ။ အင်ဒိုနီးရှားသမ္မတ Joko Widodo ကတော့ ရိုဟင်ဂျာတွေ ရေကြောင်းကနေ ဆက်တိုက်ဆိုသလို ရောက်လာနေတဲ့ အကြောင်းရင်းတွေထဲမှာ လူမှောင်ခိုတွေ လက်ချက်ပါ နိုင်တယ် လို့ ယူဆကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ပြောဆိုထားပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */