" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, December 3, 2023

အင်ဒိုနီးရှားအနောက်ခြမ်းကိုရိုဟင်ဂျာ ၁၀၀ ကျော်ကမ်းကပ် ရောက်ရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၄ ဒီဇင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးခရိုင် ဆာဘန်းကျွန်းကိုအသစ်ရောက်လာတဲ့ ရိုဟင်ဂျာမိသားစုတွေရဲ့ ကလေးများ။ (ဒီဇင်ဘာ ၂၃၊ ၂၀၂၃ / AFP)

အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဘက်ဆုံးပြည်နယ်ကို အမျိုးသမီးတွေနဲ့ကလေးတွေအပါအဝင်ရိုဟင်ဂျာ ၁၀၀ ကျော် စနေနေ့ က ကမ်းကပ်လာခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသခံတွေ က တော့ သူတို့ကို ပင်လယ်ပြင်ဘက် ပြန်ထုတ်ဖို့ ခြိမ်းခြောက်နေကြပါတယ်။
မူဆလင် ရိုဟင်ဂျာအများစုလိုက်ပါလာကြတဲ့ လူရာကျော် သင်္ဘော ၂ စီး ဟာ အာဒမန်ပင်လယ်ပြင် ထဲ မှာမျောနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက ဆိုပါတယ်။ဒီသင်္ဘောတွေဟာပင်လယ်ပြင် ကိုဖြတ်နိုင်လောက်အောင် မခိုင်ခံ့တဲ့ သင်္ဘောတွေ ဖြစ်ကြတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း ရိုဟင်ဂျာ ၁,၀၀၀ ကျော်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးကို ရောက်ရှိလာခဲ့ကြ ပါတယ်။

၂၀၁၅ ကတည်းကဆိုရင် ရိုဟင်ဂျာတွေ ပင်လယ်ပြင်ကို အသုတ်လိုက်ထွက်ခွါရာမှာ ဒါဟာ အကြီးမား ဆုံးလည်းဖြစ်ပါတယ်။ ပင်လယ်ပြင်ထဲမှာ မျောနေတဲ့ သင်္ဘောနှစ်စင်းဟာ စက်ပျက်သွားခဲ့ပြီး သင်္ဘော ပေါ်မှာ အစာနဲ့ရေပြတ်ပြီး အသေအပျောက်တွေ ရှိလာမှာကို ကုလသမဂ္ ဒုက္ခသည်များဆိုင်ရာရုံးက စိုးရိမ်ကြောင်း၊ အဲဒီ သင်္ဘောတွေကို ရှာဖွေကယ်တင်ပေးဖို့ အာဒမန် ပင်လယ်ပြင်ဝန်းကျင်က တိုင်း ပြည် တွေကို ကုလသမဂ္ဂက ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာ ၁၄ ကတည်းကဆိုရင် သင်္ဘော ဒါဇင်ဝက်ကျော်ဟာ အင်ဒိုနီးရှားနိုင်ငံကိုရောက်ရှိခဲ့ပြီး အင်ဒို နီးရှားနိုင်ငံရဲ့ လူဆန်တဲ့ စိတ်ဓာတ်ကို နမူနာယူ ဆောင်ရွက်ကြဖို့ တခြားတိုင်းပြည်တွေကို ကုလသမဂ္ဂ က ပြောလိုက်ပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */