" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, April 21, 2024

AA အလိုမရှိကြောင်း ဆန္ဒပြဖို့ စစ်ကောင်စီ ခြိမ်းခြောက်အကျပ်ကိုင်ခဲ့တယ် ရိုဟင်ဂျာတွေပြော

BBC
၂၀ ဧပြီ ၂၀၂၄
 

ဆန္ဒပြနေရတဲ့ ရိုဟင်ဂျာတွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော် AA) ကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ဖို့ စစ်ကောင်စီ က ခြိမ်းခြောက်အကျပ်ကိုင်ခဲ့တယ်လို့ ရိုဟင်ဂျာတချို့က ဘီဘီစီကို ပြောပါတယ်။

ဧပြီ ၂၀ ရက်မှာ ဆန္ဒပြဖို့ ကိုရော စစ်မှုထမ်းဖို့ကိုပါ ရိုဟင်ဂျာတွေကို ဧပြီ ၆ ရက်မှာ ပြည်နယ်ဝန်ကြီး ချုပ်ရုံးကို ခေါ်ယူဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

“လက်နက်ကိုင် အဖွဲ့ထဲမဝင်ရင် ရွာတွေကို မီးရှို့လိုက်မှာဆိုပြီး အဲ့ဒီအစည်းအဝေးကနေပြီးတော့ ခြိမ်းခြောက်ပါတယ်။ ဧပြီ ၂၀ မှာ ဆန္ဒမပြရင် တပ်လှန့်မယ် မီးရှို့မယ်ပြောတယ်“လို့ စစ်တွေမြို့ က ရိုဟင်ဂျာတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

စစ်တွေမှာ ဧပြီ ၂၀ ရက်မှာ ဆန္ဒပြဖို့အတွက် မနေ့က မွတ်ဆလင် တစ်ထောင်တောင်းခဲ့ပြီး လူမပြည့် တာကြောင့် စစ်ကောင်စီကို ထောက်ခံသူတွေကို ထပ်ထည့်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြတဲ့ လမ်းတစ်လျှောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေပြီး ဖုန်းသုံးခွင့်၊ ဓာတ်ပုံနဲ့ ရုပ်သံရိုက်ခွင့်တွေလည်း မပေးဘူးလို့ ပြောပါတယ်။

“ရခိုင်- မွတ်ဆလင် ပဋိပက္ခ ပြန်ဖန်တီးသလို လုပ်တာ”လို့ မွတ်ဆလင်တစ်ယောက်ကပြောပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လူမျိုးရေးပဋိပက္ခဖြစ်အောင် လုပ်ဆောင်တာမရှိဘူးလို့ ဧပြီ ၁၉ ရက်မှာ ပြောခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */