" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, April 4, 2024

ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီ စစ်ကောင်စီ

RFA
RFA Burmese
2024.04.03 

ရခိုင်ပြည်နယ် စစ်တွေမြို့ လေဆိပ်အနီးတွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂ဝရက်နေ့က တွေ့ရစဉ်။Photo: AFP

“ဘူးသီးတောင်ဗျူဟာက အမှတ် ၅ ရပ်ကွက်ကို လူအယောက် ၁၀၀ စာရင်းနဲ့လာပြီးတော့ အ ယောက် ၃၀ လောက်ကိုခေါ်သွားတယ်။ ရိုဟင်ဂျာတွေကို ဘူးသီးတောင်ဗျူဟာက လာဖမ်းတယ်။ လာဖမ်းတဲ့အခါ တချို့လူတွေက ခြံတံခါးကို ဖောက်တဲ့အသံကြားလို့ ထွက်ပြေးသွားတယ်။ တချို့လူတွေကိုတော့ ဖမ်းသွားတယ်။ အဖမ်းခံရတဲ့ မိသားစုတွေက တချို့ငိုနေတယ်။ တချို့ကတော့ ဒီလိုပဲ ကံကြမ္မာရှိတာပေါ့ဆိုပြီး စိတ်ဖြေကြတယ်။”


ဒီအဖြစ်အပျက်ကို မြင်တွေ့လိုက်ရတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က နာမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး RFA ကို ပြောပြတာပါ။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီလို စစ်သင်တန်းပေးဖို့ ခေါ်ဆောင်သွားတာခံရတဲ့ ရိုဟင်ဂျာတွေကို ရှေ့တန်းမှာ တိုက်ခိုင်းနေတာ သိရတယ်လို့ ခေါ်ဆောင်သွားတာခံရတဲ့ ရိုဟင်ဂျာတွေရဲ့မိသားစုဝင်တွေကို ကိုယ်တိုင်မေးမြန်းခဲ့တဲ့ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာ လူငယ်တစ်ယောက်ကပြောပါတယ်။

စစ်သင်တန်းပေးဖို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာခံရတဲ့ရိုဟင်ဂျာတွေကို စစ်ဖြစ်တဲ့နေရာမှာ တော်တော်များများ သုံးတာတွေ့ရတယ်။ ဥပမာ - လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ခမရ ၅၃၆, ၅၃၇, ၅၃၈ လက်အောက်ခံတပ်ရင်းတွေမှာ စစ်တွေဒုက္ခသည်စခန်းက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရိုဟင်ဂျာတွေကို အသုံးချခဲ့တာ တွေ့ရတယ်။ ကျွန်တော်တို့က ရုပ်အလောင်းတွေတောင်မှ မြင်တွေ့ရတာဖြစ်ပါတယ်။ အခု မောင်တော၊ ဘူးသီးတောင်ဘက်မှာဆိုရင်လည်း အတင်းဖမ်းဆီးသွားတဲ့ ရိုဟင်ဂျာတွေကို Frontline Fighter အနေနဲ့ ရှေ့တန်းမှာ အသုံးချနေတယ်လို့ ကြားသိရပါတယ်။”

စစ်တွေမြို့နယ်ထဲမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေက ရိုဟင်ဂျာတွေကိုလည်းကျေး ရွာတာဝန်ခံတွေကတစ်ဆင့် အတင်းအဓမ္မလူစုခိုင်းပြီး စစ်တွေ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်ထဲမှာ စစ်သင်တန်းပေးနေတယ်လို့ စစ်တွေဒေသခံ ရိုဟင်ဂျာတွေက RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ရွာကြီးရင် လူသုံးဆယ်၊ ရွာငယ်ရင် လူနှစ်ဆယ်နဲ့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာအများစုကို ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

အဲဒီလို စစ်သင်တန်းတက်ဖို့ လူတွေထုတ်မပေးရင် လုပ်ကိုင်စားသောက်နေတဲ့အလုပ်တွေကို ပိတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေမြို့နယ်က ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

“ကျွန်မတို့ရွာက စစ်တပ်ကို လူသုံးဆယ်ပေးရပါတယ်။ လူသုံးဆယ်မပေးရင် ကျွန်မတို့ လုပ်ကိုင်စားသောက်နေတဲ့ ငါးစက်လှေတွေကို ပိတ်မယ်လို့ပြောပါတယ်။ အဲဒီလို ငါးဖမ်းခွင့် ပိတ်မယ်ပြောတော့ ကျွန်မတို့က ကြောက်ပါတယ်။ ဒီ လူသုံးဆယ်ကို ပေးလိုက်ရရင်လဲ ရွာမှာ လူသုံးထောင် လောက်ရှိသေးတယ်။ ဒီလူ သုံးဆယ်သွားရင် ရွာကလူတွေအဆင်ပြေမယ်။ ငါးဖမ်းခွင့်ပိတ်လိုက်ရင် တစ်ရွာလုံးငတ်ပြီးသေမယ်။ အဲဒါ ကြောင့် သူတို့သွားကြတာပါ”

ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo : Citizen Journalist)

စစ်သင်တန်းတက်ဖို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ထုတ်မပေးရင် ဒုက္ခသည်စခန်းမှာ မနေရတော့ဘူးလို့ ပြောတဲ့အပြင် နိုင်ငံတကာအဖွဲ့တွေက ထောက်ပံ့တဲ့ရိက္ခာတွေ ရတော့မှာမဟုတ်ဘူးလို့လည်း စစ်ကောင်စီတပ်သားတွေက ရွာတာဝန်ခံတွေကို ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် မူလကတည်းက စားဝတ်နေရေးခက်ခဲနေတဲ့ ရိုဟင်ဂျာတွေဟာ ပိုပြီးခက်ခဲမှာကို စိုးရိမ်သလို အသာတကြည်မလိုက်သွားရင် ဖမ်းဆီးခံရမှာ၊ ရိုက်နှက်ခံရမှာကို စိုးရိမ်တာကြောင့် စစ်သင်တန်းတက်နေရတာလို့ ဆိုပါတယ်။

ရိုဟင်ဂျာ ခုနစ်ဦးရဲ့ ရုပ်အလောင်းတွေကို မတ်လ ၁၂ ရက်နေ့က ရဲကားနဲ့လာပို့သွားတယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

“သဲချောင်းလက်သမားရွာက ငါးယောက်၊ သဲချောင်းရွာက တစ်ယောက်၊ သက်ကယ်ပြင်ရွာက တစ်ယောက်။ ခုနစ်ယောက်ပြောပါတယ်။ သူတို့ကို စစ်သင်တန်းတက်ဖို့ခေါ်သွားတာပါ။ သင်တန်းမှာမနေချင်လို့ ထွက်ပြေး သွားကြတယ်။ ထွက်ပြေးသွားတဲ့အခါ မိုင်းနင်းပြီး သေသွားတယ် အဲဒီလိုပြောပါတယ်။ အလောင်းတွေကို ရဲကားနဲ့ လာပို့တာပါ”

 

စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းတွင် တွေ့ရစဉ်။ (Photo : AFP)

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်နားက တိုက်ပွဲမှာ သေဆုံးသွားတဲ့ ရိုဟင်ဂျာ ၉၇ ဦးရဲ့ ရုပ်အလောင်းတွေကို လာရောက်သယ်ယူဖို့ စစ်တွေမြို့ပေါ်က ရိုဟင်ဂျာဒုက္ခသည် စခန်းတာဝန်ရှိသူတွေကို စစ်ကောင်စီက အကြောင်းကြားခဲ့တယ်လို့ ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

လတ်တလော စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို တိုက်ပွဲပြင်းထန်တဲ့နေရာတွေကို ပို့ဆောင်ထားတယ်လို့ ရက္ခိုင့်တပ်တော် (AA)က ပြောပါတယ်။ မတ်လ ၁၇ ရက်နေ့မှာ ရသေ့တောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို (AA) က သိမ်းပိုက်ခဲ့ရာမှာ ရိုဟင်ဂျာအလောင်းတွေ တွေ့ရကြောင်း ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ (AA)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံသားမဟုတ်တဲ့ ရိုဟင်ဂျာတွေကို စစ်သင်တန်းတက်ခိုင်းတာဟာ ပြည်တွင်းပြည်ပဥပဒေတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်တဲ့ Fortify Rights အဖွဲ့က လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးဇော်ဝင်းက ပြောပါတယ်။

“ဒီရိုဟင်ဂျာတွေဟာ မြန်မာအစိုးရအဆက်ဆက် နိုင်ငံသားမဟုတ်ဘူး။ နိုင်ငံသားအခွင့်အရေးအခု ထက်ထိ မပေးသေးဘူး။ သူတို့က နိုင်ငံသားမဟုတ်ဘဲနဲ့ စစ်သင်တန်းတက်ခိုင်းတာဟာ နိုင်ငံ တကာ ဥပဒေနဲ့ရော ပြည်တွင်း ဥပဒေနဲ့ပါ ကိုက်ညီမှုမရှိဘူး။ ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးတာ၊ မတ ရားဖမ်းဆီးပြီး အတင်းအခေါ်ဆောင်သွားတာဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့လည်း ဘယ်လိုမှ ကိုက်ညီမှုမရှိဘူးပေါ့နော်။ သူတို့က လိုလိုလားလားလက်ခံရင်တော့ စစ်သင်တန်းပေးလို့ရတာပေါ့နော်။ အဲဒါကြောင့် မြန်မာစစ်တပ်ကို ICC ကို မဆိုင်းမတွ လွှဲပြောင်းပေးဖို့လိုပါတယ်။”

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ပြေးစရာမြေမရှိဖြစ်နေတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေဆန်းလွင်က ပြောပါတယ်။

"ကျွန်တော်တို့ရဲ့ အနေအထားက ရခိုင်ပြည်နယ်မှာ အမိုးပွင့် အကျဉ်းထောင်ထဲမှာ နေနေရတာနဲ့အတူ တူပဲလေ၊ ဒီထဲမှာ အကျဉ်းသားတွေပုံစံမျိုးလိုဖြစ်နေတော့ စစ်ကောင်စီက လိုတဲ့ပုံစံမျိုး အမြဲ တမ်းအသုံးချတယ်၊ သူတို့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲလိုတုန်းကလည်း အတင်းအဓမ္မ မဲပေးခိုင်းခဲ့တယ်၊ အခုစစ်မှုထမ်းဖို့ သူတို့ စစ်မြေပြင်မှာတော်တော်လေးရှုံးနေတယ်၊ ဒါကျွန်တော်တို့ကို လူသားဒိုင်းအဖြစ်သုံးဖို့လိုတော့ ကျွန်တော်တို့ကို အတင်းအဓမ္မဖိအားပေးပြီးတော့ သုံးတယ်၊ အဓိ က နိုင်ငံသားကိစ္စတွေဘာတွေ စဉ်းစားတာမဟုတ်ဘူး၊ အဓိက ဘယ်လိုပုံမျိုးနဲ့ ကျွန်တော်တို့ကို အ သုံးချနိုင်မလည်း ဒါကိုပဲ သူတို့ စဉ်းစားတာပါ၊ သူတို့အသုံးချတိုင်းလည်း ခံရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ တခြားထွက်ပြေးဖို့နေရာလည်း မရှိဘူး၊ ဘယ်လိုမှ ရှောင်နိုင်တဲ့အင်အား ကျွန်တော်တို့မှာ မရှိတဲ့အတွက်ကြောင့် သူတို့အသုံးချသလို အမြဲခံရနေရတဲ့ အနေအထားမှာ ရှိနေတယ်"

ကျောက်ဖြူမြို့မှ ကျောက်တစ်လုံးမွတ်စလင် ဒုက္ခသည် စခန်းအား ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)
 

စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေသလို လူမျိုးရေးပဋိပက္ခတွေ ဖန်တီးနေတာလည်း ဖြစ်တယ်လို့ ရိုဟင်ဂျာတစ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) လူ့အခွင့် အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး က ပြောပါတယ်။

"နောက်ဆုံးအခြေအနေဆိုလို့ရှိရင် ရခိုင်ပြည်နယ်ထဲက မြို့တစ်ဝက်လောက်ကျော်လောက်က ရက္ခိုင့်တပ်တော် AA ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားတဲ့အခါ သူ့မှာတိုက်နိုင်တဲ့ခိုက်နိုင်တဲ့ အင် အားမရှိတော့ သူလိုအပ်နေတဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ရိုဟင်ဂျာတွေကို ထိုးကျွေးပြီး စစ်ရေးအသာစီးရအောင် လုပ်တာ။ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်တဲ့ ပြဿနာတွေကိုဖန်တီးပေးလိုက်ရင် လူတွေရဲ့အာရုံက နွေဦးတော်လှန်ရေးမှာ မရှိတော့ဘဲနဲ့ ကျွန်တော်တို့ ရိုဟင်ဂျာနဲ့ရခိုင်တွေကြားမှာ ဘာသာရေးလူမျိုးကိုအခြေခံတဲ့ ပဋိပက္ခတွေ အရင်ကလည်းဖြစ်ခဲ့တဲ့ဟာ ရှိတယ်။ အဲဒါကို ဖန်တီးခဲ့တာလည်း စစ်တပ်ပဲ။ အဲဒီအနေအထားကို ပြန်ရောက်သွားအောင် နည်းမျိုးစုံနဲ့လုပ်တယ်လို့ပဲ မြင်တယ်ခင်ဗျ။”

ရိုဟင်ဂျာတွေကို လူသားဒိုင်းအနေနဲ့သုံးနေတာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။

“ရိုဟင်ဂျာတွေကို ခနတာစစ်သင်တန်းပေးသလိုလို ဘာလိုလိုနဲ့ နှစ်ပါတ်အတွင်းမှာ ယူနီဖောင်းတွေ ဝတ်ခိုင်းပြီး၊ စစ်တပ်ထဲမှာဝင်ခိုင်းပြီး လူသားဒိုင်းအနေနဲ့ သုံးနေတာကြောင့် ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသားတွေ့ရတာက မြန်မာစစ်ကောင်စီက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ အထူးသဖြင့် ရိုဟင်ဂျာတွေက လူမျိုးတုံးသတ်ဖြတ်မှုကို ဒီနေ့ထိ ခံနေရဆဲပါ။ ရိုဟင်ဂျာတွေသည် ၂၀၂၀ မှာ နိုင်ငံတကာတရားရုံးက ထုတ်ပြန်ထားတဲ့ Provisional Measure လို့ခေါ်တဲ့ ရိုဟင်ဂျာတွေကို ယာယီအနေနဲ့ ကာကွယ်ပေးဖို့ ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ လုံးဝကိုက်ညီမှု မရှိဘူး။ ICJ တရားရုံးအပြင် အာဂျင်တီးနားမှာ တရားစွဲထားတလည်း ရှိသေးတယ်။ ဒီတရားရုံးမှာ မြန်မာစစ်ကောင်စီက ရာဇဝတ်မှုတွေ ထပ်ပြီးတော့ ကျူးလွန်နေတာနဲ့ပတ်သက်လို့ နိုင်ငံတကာက တရားရုံးတွေမှာ တရားမျှတမှုရရှိအောင်။ အထူးသဖြင့် ရိုဟင်ဂျာသက်သက်အတွက် မဟုတ်ဘူး၊ တခြားလူမျိုးတွေအပေါ် ကျူးလွန်တာတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကြိုးပမ်းနေတာတွေရှိပါတယ်"

စစ်တွေမြို့နယ်၊ ဘုမေအုပ်စု၊ သဲချောင်းအုန်းတောရွာမှ ရိုဟင်ဂျာများအား ၂၀၂၃ ခုနှစ် မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)

အခုလို ရိုဟင်ဂျာတွေကို အဓမ္မခေါ်ဆောင် စစ်သင်တန်းပေးနေတာ၊ စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်ခံရတဲ့ ရိုဟင်ဂျာတွေရဲ့အလောင်းတွေကို ပြန်ပို့နေတာတွေနဲ့ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ပြည်သူ့စစ်မှုထမ်းဥပဒေအရ စုဆောင်းနေတယ်ဆိုတဲ့သတင်းတွေဟာ မမှန်ကန်ဘူးလို့ ငြင်းဆိုဖော်ပြထားပါတယ်။


ဆက်နွယ်သောသတင်းများ  

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */