" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင်ဂျာအရေး. Show all posts
Showing posts with label ရိုဟင်ဂျာအရေး. Show all posts

Thursday, April 20, 2023

ရိုဟင်ဂျာအရေး မြန်မာဘက်က ချေပချက်တင်ဖို့ ICJ အချိန် ၁ လထပ်ပေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၀ ဧပြီ၊ ၂၀၂၃ 

ICJ နိုင်ငံတကာတရားရုံးမှာ အမှုရင်ဆိုင်ဖို့ရောက်ရှိနေတဲ့ မြန်မာနှင့် ဂမ်ဘီယာရှေ့နေများကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၂၁-၂၈၊ ၂၀၂၂)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ICJ နိုင်ငံတကာ တရားရုံးကို အထောက် အထားတွေတင်ပြ လျှောက်လဲ ချက်ပေးရမယ့်ရက်ကို တရားရုံးက ၁ လပဲ အချိန်တိုးပေးလိုက်ပါတယ်။ မြန်မာ ဘက်က ပြန်လည်ချေပဖို့ ပြင်ဆင်စရာတွေရှိသေးတာကြောင့် အချိန်တိုးတောင်းခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

Thursday, April 6, 2023

ရိုဟင်ဂျာအရေး ဦးသိန်းစိန်အစိုးရ မီးမွှေးခဲ့သည့် သတင်း ၃ ပုဒ်

ဧရာဝတီ
18 March 2023 

၂၀၁၂ ခုနှစ်၊ မေလတွင် ရခိုင်တိုင်းရင်းသူအမျိုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် ကိစ္စအတွက် လူမှု အသိုက်အဝန်းများအကြား တင်းမာမှုမြင့်မားနေချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနထံမှ နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတိုက် သတင်းခန်းသို့ သတင်း သုံးပုဒ်ရောက်လာပြီး မပျက်မကွက် ထည့်သွင်းဖော်ပြရန် အမိန့်လည်း ပါဝင်လာသည်။

ထိုသတင်း သုံးပုဒ်သည် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရောက်လာပြီး စာလုံးပေါင်းမှအပ အခြားမည်သည်ကိုမျှ မပြင်ရန် ညွှန်ကြားချက်လည်း ပါလာကြောင်း ထိုစဉ်က မြန်မာ့အလင်းသတင်းစာ အယ်ဒီ တာချုပ် ဦးလှိုင်ဝင်း (ကလောင်အမည် တက္ကသိုလ် မောင်သုလှိုင်) က မကြာသေးမီက ထုတ်ဝေသည့် စာအုပ်ဖြစ် သော “နိုင်ငံပိုင်သတင်းစာများသမိုင်းနှင့် ဆုံရကြုံရ သတင်းစာသမားဘဝ” စာအုပ်တွင် ရေးသားခဲ့သည်။

Saturday, March 18, 2023

ရိုဟင်ဂျာအရေး ဦးသိန်းစိန်အစိုးရ မီးမွှေးခဲ့သည့် သတင်း ၃ ပုဒ်

ဧရာဝတီ
18 March 2023

ရိုဟင်ဂျာအရေး ဦးသိန်းစိန်အစိုးရ မီးမွှေးခဲ့သည့် သတင်း ၃ ပုဒ်


၂၀၁၂ ခုနှစ်၊ မေလတွင် ရခိုင်တိုင်းရင်းသူအမျိုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် ကိစ္စအတွက် လူမှု အသိုက်အဝန်းများအကြား တင်းမာမှုမြင့်မားနေချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနထံမှ နိုင်ငံပိုင် မြန်မာ့အ လင်း သတင်းစာတိုက် သတင်းခန်းသို့ သတင်း သုံးပုဒ်ရောက်လာပြီး မပျက်မကွက် ထည့်သွင်းဖော်ပြရန် အမိန့်လည်း ပါဝင်လာသည်။

ထိုသတင်း သုံးပုဒ်သည် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရောက်လာပြီး စာလုံးပေါင်းမှအပ အခြားမည်သည်ကိုမျှ မပြင်ရန် ညွှန်ကြားချက်လည်း ပါလာကြောင်း ထိုစဉ်က မြန်မာ့အလင်းသတင်းစာ အယ်ဒီ တာချုပ် ဦးလှိုင်ဝင်း (ကလောင်အမည် တက္ကသိုလ် မောင်သုလှိုင်) က မကြာသေးမီက ထုတ်ဝေသည့် စာအုပ်ဖြစ် သော “နိုင်ငံပိုင်သတင်းစာများသမိုင်းနှင့် ဆုံရကြုံရ သတင်းစာသမားဘဝ” စာအုပ်တွင် ရေးသားခဲ့သည်။

နောက်တနေ့တွင် မြန်မာ့အလင်းနှင့် အခြားနိုင်ငံပိုင် မြန်မာဘာသာ သတင်းစာဖြစ်သည့် ကြေးမုံတို့သည် ထိုသ တင်း သုံးပုဒ်ကို ပုံနှိပ်ဖော်ပြလိုက်သည်။ သတင်း သုံးပုဒ်မှာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် မသီတာထွေးကို ရိုဟင်ဂျာ အမျိုးသား သုံးဦးက အဓမ္မပြုကျင့် သတ်ဖြတ် လိုက်သည့်သတင်း၊ လက်စားချေသည့်အနေဖြင့် လူအုပ် တအုပ်က မွတ်ဆလင် ၁၀ ဦးကို သတ်ဖြတ်လိုက်သည့် သတင်းနှင့် ထိုသတ်ဖြတ်မှုကို ကန့်ကွက်ပြီး မွတ်ဆ လင် လူအုပ်က ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ ရဲစခန်းတခုကို တိုက်ခိုက်သည့် သတင်းတို့ဖြစ်သည်။ 

၂၀၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက သတင်း နှစ်ပုဒ် ဖော်ပြခဲ့သည်။ တပုဒ်မှာ “သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင် ကုလား ၁၀ ဦး အသတ်ခံရ” ဟူ၍ ဖြစ်သည်။
 

ဒုတိယ သတင်း၏ ခေါင်းစဉ်မှာ “သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင်မှန်လုံယာဉ်ပေါ် မှ မွတ်ဆလင် ကုလား ၁၀ ဦး အသတ်ခံရ” ဟုဖြစ်ပြီး ထိုခေါင်းစဉ်သည် ဖြစ်ပွားနေသည့် လူမှုအသိုက်အဝန်းများ အကြား တင်းမာမှု မီးတောက်ပေါ်သို့ လောင်းချလိုက်သည့် လောင်စာဆီပင်ဖြစ်သည်။

ကုလားဆိုသည်မှာ အိန္ဒိယနွယ်ဖွားများကို လူမျိုးရေးချိုးနှိမ်သည့် စကားလုံးဖြစ်ပြီး “မွတ်ဆလင်ကုလားများ” ဆို သည့် စကားစုကို ရွေးချယ်သုံးစွဲသောကြောင့် ဝေဖန်မှုများဖြစ်စေသည်။ ရန်ကုန်ရှိ ဆူးလေဘုရားလမ်းမှ ဗလီတခု ပြင် ပတွင် မွတ်ဆလင်များ စုဝေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကာ ပြန်လည်တောင်းပန်ရန် ထိုစဉ်က စစ်တပ်လက်ဝေခံ ဦးသိန်းစိန်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကို တောင်းဆိုသည်။

“ရခိုင်ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းစေလိုတယ်။ လူမျိုးရေး၊ လူမှုရေး အကွဲအပြဲတွေ ကျနော်မမြင်လိုဘူး။ အာ ဏာပိုင်တွေအနေနဲ့ မီးလောင်ရာလေပင့်တဲ့ စကားလုံးတွေ မသုံးသင့်ဘူး” ဟု ကွယ်လွန်သူ သတင်းစာဆရာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင်က ထိုစဉ်က ပြောကြားခဲ့သည်။

ယင်းအချိန်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ပြန်ကြားရေးဝန်ကြီးဌာနသည် အများပြည်သူ ကန့်ကွက်မှုများ ဖြစ်လာသောကြောင့် ထိုဝေါဟာရ အသုံးအနှုန်းကို ပြန်လည်သုံးသပ်နေကြောင်း အမေရိကန်အသံ (VOA) သို့ ပြောကြားခဲ့သည်။

ပြင်းထန်သောတင်းမာမှုများ ဖြစ်ပြီးနောက် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မီးလောင်နေသည့် အိမ်များကို ငြှိမ်းသတ်ရန် ကြိုးစားနေသည့် မီးသတ်သမားများ / AFP

ဇွန်လ ၆ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများသည် အမှားပြင်ဆင်ချက် ထုတ်ပြန်ပြီး အထက်ပါသတင်းခေါင်းစဉ်မှ “မွတ်ဆလင်ကုလား” ဆိုသော စကားလုံးကို “ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ်သူ” ဟူသောစကားဖြင့် အ စား ထိုးသည်။ သို့သော် ထိခိုက်နစ်နာမှုများ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

ဇွန်လ ၁၀ ရက်နေ့တွင် ရခိုင်ပြည်နယ်မှ လူမျိုးရေး အကြမ်းဖက်မှု ပြင်းထန်လာသောကြောင့် အစိုးရက အရေး ပေါ်အခြေအနေ ကြေညာသည်။ ရခိုင်ပဋိပက္ခသည် ထို့နောက် ပိုမိုပြင်းထန်လာပြီး နှစ်အနည်းငယ် ကြာသော အ ခါ မွတ်ဆလင် ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုဟု ကုလသမဂ္ဂက ခေါ်ရသည့် မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ ဖြိုခွင်းနှိမ်နင်းမှု ဖြစ်လာသည်။

ဦးလှိုင်ဝင်းက “ကုလား” ဆိုသည့် စကားလုံးကို သတင်းစာများတွင် မသုံးရန်နှင့် “မွတ်ဆလင်” ဟု ရေးလျှင် လုံ လောက်ကြောင်း အထက်အရာရှိများကို အကြံပေးခဲ့သည်ဟု သူ၏စာအုပ်တွင် ရေးသားခဲ့သည်။ သို့သော် ထိုစ ကားလုံးကိုပင် သုံးရန် သူ့ကို ညွှန်ကြားခဲ့ကြောင်း ရေးသားခဲ့သည်။ အယ်ဒီတာ တဦးအနေဖြင့် စကားအသုံးအ နှုန်း များကို ပြင်ဆင်ရန်မှာ သူ့တာဝန်ဖြစ်သော်လည်း သူ့အလုပ်သူလုပ်ခွင့် မပေးခဲ့ကြောင်း ဖော်ပြထားသည်။

ညွှန်ကြားချက်မှာ ထိုစဉ်က ဗိုလ်မှူးချုပ်ဟောင်း ကျော်ဆန်း ဦးဆောင်သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ လာသော ညွှန်ကြားချက်ဖြစ်သည်။ သူသည် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၁၁ မှဆင်းသူ ဖြစ်သည်။ သူ့လက်အောက်မှ ပြည်သူ့ဆက်ဆံရေးအကြီးအကဲ ဦးရဲထွဋ်သည် DSA အပတ်စဉ် ၂၂ မှဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ဒုဝန်ကြီးဖြစ် လာ ကာ အစိုးရပြောခွင့်ရသူနှင့် ပြန်ကြားရေးဝန်ကြီးအဖြစ် ရာထူးများတက်လာသည်။

၂၀၁၃ ခုနှစ်က သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် / ဧရာဝတီ

သို့သော် အစိုးရ၏ မွတ်ဆလင်မုန်းတီးရေးလေသံကို အခြားစစ်အရာရှိတဦးဖြစ်သူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (ကလောင်အမည် မှူးဇော်) က ချမှတ်ထားပြီးဖြစ်သည်။ သူသည် DSA အပတ်စဉ် ၃၇ မှဆင်းသည့် ဗိုလ်မှူးဟောင်း ဖြစ်သည်။ သူသည် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတွင်လည်း ပြောရေး ဆို  ခွင့်ရှိသူအဖြစ် ဆက်လက်ထမ်းဆောင်ပြီး လွန်ခဲ့သောနှစ်က ကွယ်လွန်သည်။ သူသည် အမုန်းတရား လှုံ့ဆော် သည့် စာများကို Facebook တွင် ရေးသားပြီး ရခိုင်ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် လူမှုအသိုက်အဝန်းများအကြား အမုန်းတရား လှုံ့ဆော်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ရခိုင်ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာ မွတ်ဆလင်များအကြား လူမှုအသိုက်အဝန်း ပဋိပက္ခ ဖြစ်လာ သောအခါ ဦးဇော်ဌေးက ထိုလူမှုအသိုက်အဝန်း နှစ်ခုကြား တင်းမာမှု မြင့်မားစေသည့် ဓာတ်ပုံများကို Facebook တွင် တင်ခဲ့ပြီး နောင်မှ ပြန်ဖြုတ်ချခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်သည် ရခိုင်ပဋိပက္ခအကြောင်းကို သူ၏စာအုပ်ဖြစ်သည့် “မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ (၂၀၁၀-၂၀၁၆)” စာအုပ်တွင် ရေးသားခဲ့သည်။ သူသည် ဦးသိန်းစိန်အစိုးရကို ရက်ရက်ရောရော ချီးကျူးရေးသားသော်လည်း သူညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်နေစဉ် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခဲ့သည့် အထက်တွင်ဖော်ပြခဲ့သော မီးမွေးသည့်သတင်း သုံးပုဒ်အကြောင်း ချန်လှပ်ထားခဲ့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ The Inside Story of Myanmar Govt’s Info War on Rohingya ကို ဘာသာပြန်သည်။)

You may also like these stories:

Link : Here

Monday, February 6, 2023

ရိုဟင်ဂျာတွေအရေး စစ်ကောင်စီပြင်ဆင်

B B C

ဘီဘီစီမြန်မာပိုင်း
2023-02-06
စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့ စစ်တွေရောက်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်မှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံရေး အပါအဝင် ကိစ္စရပ်တွေ အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ပြည် ထောင် စုဝန်ကြီး အဖွဲ့ ရခိုင်ပြည်နယ်မှာ ရောက်နေပါတယ်။

Saturday, November 19, 2022

ရိုဟင်ဂျာအရေးဆုံးဖြတ်ချက် ကုလမှာ မဲမခွဲဘဲအတည်ပြု

RFA
လွတ်လပ်တဲ့အာရှအသံ
2022.11.18ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ။Photo: Reuters

ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးတွေကို အကာအ ကွယ် ပေးမယ့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂက ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ တ တိယအကြိမ် ကော်မတီ အစည်းအဝေးကနေ ဒီဆုံးဖြတ်ချက်မူကြမ်းကို မဲမခွဲဘဲ သဘောတူ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

Sunday, September 25, 2022

မြန်မာ့အရေး ကုလ ကိုင်တွယ်ပုံ မလေးရှား စိတ်ပျက်

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ စက်တင်ဘာ၊ ၂၀၂၂ 

မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တုံ့ပြန် ကိုင် တွယ်မှုနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ဖော်ပြောကြားခဲပါတယ်။

Thursday, August 25, 2022

ရိုဟင်ဂျာအရေး တရားမျှတမှုရဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ အလေးပေးပြောကြား

VOA
ဗွီအိုအေမြန်မာဌာန
၂၅ သြဂုတ်လ ၂၀၂၂
ကုတုပလောင် ဒုက္ခသည်စခန်း မြင်ကွင်းတခု။ ၆ အောက်တိုဘာ၊ ၂၀၂၀

မြန်မာနိုင်ငံ ရခိုင်ဒေသကနေ ရိုဟင်ဂျာတွေ အစုအပြုံလိုက် ထွက်ပြေးကြရတဲ့ဖြစ်ရပ် ၅ နှစ်မြောက်မှာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိစေရေး ဆောင်ရွက်ရမယ်လို့ ကုလသမဂ္ဂအကြီးအကဲတွေက ပြောဆိုလိုက်ကြပါတယ်။

ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ကြရတဲ့ ငါးနှစ်မြောက်ကာလကို အမှတ်ရပြီး နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကျူးလွန်သူတွေကို အရေးယူရမယ်လို့ ကုလအတွင်းရေးမှုးချုပ် Antonio Guterres က သူ့ ကိုယ်ပိုင် တွစ်တာအကောင့်ကနေ ရေးပါတယ်။

ရိုဟင်ဂျာအရေး ၅ နှစ်ကြာသည့်တိုင် မျှတမှုနဲ့ လွတ်လပ်မှု ရှာဖွေပေးဖို့ နိုင်ငံတကာ ပျက်ကွက်နေ

 B B C

ဘီဘီစီမြန်မာပိုင်း
၂၄ သြဂုတ် ၂၀၂၂
ပညာရေးမှာ အလှူရှင်တွေ ပိုမို အာရုံစိုက် ကူညီကြဖို့ UNHCR တိုက်တွန်း

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာမွတ်ဆလင် ၇ သိန်းကျော် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရတာ အခုသီတင်းပတ်ထဲမှာ ဆိုရင် ၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ မတိုင်ခင် နှစ်တွေ ကတည်းက ထွက်ပြေး နှင့်ခဲ့ရပြီး သူတွေနဲ့ပါဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ သန်းနဲ့ချီပြီး သောင်တင်နေရတဲ့ ရိုဟင်ဂျာ အရေးဟာ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့ UNHCR ရဲ့ အဓိပ္ပာယ် သတ်မှတ်ချက်အရ "မဖြေရှင်းနိုင် ထွက်ပေါက်မရှိ ကြန့်ကြာနေရဆဲ အခြေအနေ - protracted situation" အဖြစ် တရားဝင် အဓိပ္ပာယ် သတ်မှတ် နိုင်ပြီ ဖြစ်ပါတယ်။

တိုင်းပြည်တစ်ခုကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ အနည်းဆုံး နှစ်သိန်းငါးသောင်းဟာ တိုင်းပြည် ပြင်ပမှာ ၅ နှစ်ကျော် ဆက်တိုက် နေထိုင်ရဆဲ အခြေအနေကို protracted situation အဖြစ် UNHCR က သတ်မှတ်တာ ဖြစ်ပါတယ်။

Thursday, August 18, 2022

ရိုဟင်ဂျာအရေး ပိုကူဖို့ နိုင်ငံတကာကို မဟာမင်းကြီး Bachelet တိုက်တွန်း

VOA
ဗွီအိုအေမြန်မာပိုင်း
၁၇ သြဂုတ်၊ ၂၀၂၂
ဆုမွန်

ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့စားနပ်ရိက္ခာအခက်အခဲကြောင့်ရိုဟင်ဂျာဒုက္ခသည်တွေကိုကူညီရေးမှာ နိုင်ငံတကာ အ နေ နဲ့လက်ရှိအနေအထားထက်ပိုထောက်ပံ့ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းကိုသွားရောက်တဲ့ လူ့အခွင့် အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးက နိုင်ငံတကာအသိုင်းအဝိုင်းကိုတောင်းဆိုတိုက်တွန်းပါတယ်။ မဆုမွန်ပြောပြပါမယ်။ 

Link : Here

Friday, June 4, 2021

ရိုဟင်ဂျာအရေးအတွက် ၁၉၈၂ နိုင်ငံသားဥပဒေကို NUG ပြန်သုံးသပ်မည်

Myanmar Now
Published on Jun 4, 2021

ဖေဖော်ဝါရီ ၁ နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ၏ ပြစ်မှုများကို ICJ တရားရုံး၌ စီရင်ခွင့်ရရန် NUG က မျှော်လင့်ထားသည်
၂၀၁၇ အောက်တိုဘာ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံရသော ရိုဟင်ဂျာဒုက္ခသည်များ (ဓာတ်ပုံ - REUTERS)

ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ရပ်တည်ချက်ထုတ်ဖော်ပြောကြားရန် ဖိအားပေးခံနေရသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ယမန်နေ့ (ဇွန် ၃) တွင် ထုတ်ပြန်ကြေညာလိုက်သည်။

Wednesday, June 2, 2021

ရိုဟင်ဂျာအရေးအတွက် ၁၉၈၂ နိုင်ငံသားဥပဒေကို NUG ပြန်သုံးသပ်မည်

Myanmar Now
Published on Jun 4, 2021
 
ဖေဖော်ဝါရီ ၁ နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ၏ ပြစ်မှုများကို ICJ တရားရုံး၌ စီရင်ခွင့်ရရန် NUG က မျှော်လင့်ထားသည်။
၂၀၁၇ အောက်တိုဘာ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံရသော ရိုဟင်ဂျာဒုက္ခသည်များ (ဓာတ်ပုံ - REUTERS)
  ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ရပ်တည်ချက်ထုတ်ဖော်ပြောကြားရန် ဖိအားပေးခံနေရသည့် အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ယမန်နေ့ (ဇွန် ၃) တွင် ထုတ်ပြန်ကြေညာလိုက်သည်။

Tuesday, May 25, 2021

The Truth behind the Northern Rakhine Issue ( ဘာသာပြန် )

 ”ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာ နောက်ကွယ် မှ ပကတိအမှန်တရား”ဟူသော ခေါင်းစဉ်ဖြင့်ဘာသာပြန် ဆောင်းပါး တစ်ပုဒ်ကို (၂ဝ၁၇-ခုနှစ်၊ အောက်တိုဘာ ၁၃-ရက်) နေ့စွဲပါ ကြေးမုံသတင်းစာမှာ တွေ့ရှိဖတ်ရှု ရ သည်။ The Global New Light of Myanmar မှာ ဦးခင်မောင်မြင့်က The Truth behind the Northern Rakhine Issue)  အမည်ဖြင့် ရေး ခဲ့သောဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်သည်။

ဆောင်းပါးရှင်က သမိုင်းမှန်ကိုသိရှိသဖြင့် ဘက်လိုက် ခြင်းမရှိ၊ အစွဲကင်းကင်းဖြင့်ရေးသည်ဟု ပြောဆိုထားသော် လည်း၊သူ့ဆောင်းပါးသည် လက်တွေ့နှင့် လွဲနေခြင်း၊ အမြင် စောင်း၍ရေးခြင်း ၊ အစဉ်အလာ အတိုင်း ရိုဟင်ဂျာ များ မြေခံ၊နယ်ခံများမဟုတ်ဘဲ တဖက် အိန္ဒိယ၊ ဘင်္ဂလား မှ လာရောက်နေထိုင်သူများအဖြစ် သရုပ်ဆောင် ရန် ထင်ဟပ် စေရန် အားထုတ်ထားသော ဆောင်းပါးသာဖြစ်သည်။ သို့ ဖြစ်၍ အထက်ဆောင်းပါး နှင့် စပ်လျဉ်း၍ အဖြစ်မှန်၊ အကြောင်းမှန်ကို ပြည်သူများ သိရှိနိုင်ရန် ဤဆောင်းပါးဖြင့် သုံးသပ်တင်ပြခြင်း ဖြစ်ပါ သည် ။

Friday, December 18, 2020

ဂမ်ဘီယာက ICJ မှာ မြန်မာကိုစွဲချက်တဲ့အမှု တနှစ်ပြည့်ပေ မယ့် ပြောင်းလဲမှုမရှိသေး (ရိုဟင်ဂျာအရေး တက်ကြွလှုပ် ရှားသူ)

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 ဒီဇင်ဘာ၊ 2020 
ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာက မြန်မာကို လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်နဲ့ တရားစွဲဆိုထားတာ တနှစ်ပြည့်သွားပြီဖြစ်ပေမဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ ဘာမှ ပြောင်းလဲတိုးတက်  ခြင်း မရှိသေးဘူးလို့ ပြည်ပရောက် ရိုဟင်ဂျာတွေက ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

Tuesday, November 17, 2020

ရိုဟင်ဂျာတွေ အမြန်ဆုံးနေရပ်ပြန်ရေး ဂျပန် အကူအညီ ပေးဖို့ရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
17 နိုဝင်ဘာ၊ 2020 
ကုတုပလောင်စခန်းမှ ရိုဟင်ဂျာ အမျိုးသမီးများ
 
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ စောလျင်စွာ ဌာနေပြန်နိုင်ရေး အတွက် ဂျပန် အစိုးရက မြန်မာ အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်သွားမယ်လို့ ဘင်္ဂလားဒေရှ့် ဆိုင်ရာ ဂျပန် သံအမတ်ကြီး Ito Naoki က ပြောဆိုလိုက်ပါတယ်။

Tuesday, October 20, 2020

ရိုဟင်ဂျာ အရေး မြန်မာနိုင်ငံတာဝန်ခံမှု ရှိရမည်ဟု ဘင်္ဂ လား ဒေ့ရှ်ကို နယ်သာလန်ကတိပြု

Myanmar Top News
ဘာသာပြန်
October 20, 2020

နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)တွင် ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စွပ်စွဲခံထားရသည့် မြန်မာ နိုင်ငံကို တာဝန်ခံမှုရှိစေရေး ကတိပြုသည်ဟု နယ်သာလန်နိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုပြောသည်။ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး စတက်ဖ် ဘလော့ကရေးသားသည့်စာ တွင်ပါဝင်ခြင်း ဖြစ်သည်။

Saturday, September 19, 2020

ရိုဟင်ဂျာအရေး ပူးပေါင်းဖြေရှင်းဖို့ လူ့အခွင့်အရေးမဟာ မင်းကြီး တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဝေယံမိုးမြင့်၊ နေမျိုးထွန်း
2020-09-15
၄၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက်က မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထွက်ပြေးသွားတာ သုံးနှစ်ရှိပြီဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ဖြေရှင်းနိုင်တာ မရှိသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။

Thursday, June 11, 2020

ရိုဟင်ဂျာအရေး ဂမ်ဘီယာရဲ့လုပ်ဆောင်ချက်ကို အမေရိကန် ချီးကျူး

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ၊ ရဲခေါင်မြင့်မောင်
2020-06-10


ပြီးခဲ့တဲ့နှစ်က ဂမ်ဘီယာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက်  မြန်မာနိုင်ငံကို ICJ နိုင်ငံ  တ ကာ တရားရုံးမှာ တရားစွဲဆိုပြီး ရုံးတင်စစ်ဆေးနိုင်ခဲ့တာဟာ အပြုသဘောဆောင်တဲ့ အောင်မြင်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပီယိုက မနေ့က ပြုလုပ်တဲ့ နိုင်ငံတကာ ဘာသာ ရေး လွတ် လပ်ခွင့်အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

Monday, October 28, 2019

ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး မြန်မာကို ဖိအားပေးဖို့ နယူးယောက်အမတ်တွေ လုပ်ဆောင်မည်

VOA  
28 အောက်တိုဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတခု။ (သြဂုတ် ၂၂၊ ၂၀၁၉)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ကြတဲ့ အမေရိကန် ပြည် ထောင်စု နယူးယောက်ပြည်နယ် လွှတ်တော်က အထက်လွှတ်တော်အမတ် Luis Sepulveda က ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး အတွက် မြန်မာအပေါ် ဖိအားပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေကို တိုက်တွန်းသွားမယ်ဆိုပြီး ပြောဆိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် BSS သတင်းကို ကိုးကားပြီး Daily Star က ဖော်ပြပါတယ်။

Friday, July 26, 2019

ကန်အောက်လွှတ်တော် ဆပ်ကော်မတီကြားနာပွဲ ရိုဟင်ဂျာအရေး ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
26 ဇူလိုင်၊ 2019
ရဲမင်းထွန်း
  ကယ်လီဖိုးနီးယား ပြည်နယ်က အောက်လွှတ်တော် ကိုယ်စားလှယ် Brad Sherman
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီရဲ့ ဆပ်ကော်မတီတစ် ခုဖြစ်တဲ့ အာရှ၊ ပစိဖိတ်နဲ့ လက်နက် မပြန့်ပွားရေး ဆပ်ကော်မတီ ကြားနာ စစ်ဆေးပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီမှာ ဝါရှင်တန် ဒီစီ၊ ကွန်ဂရက် အဆောက်အဦးမှာ ကျင်းပခဲ့ပါတယ်။ 
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */