" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 19, 2022

ရိုဟင်ဂျာအရေးဆုံးဖြတ်ချက် ကုလမှာ မဲမခွဲဘဲအတည်ပြု

RFA
လွတ်လပ်တဲ့အာရှအသံ
2022.11.18ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ။Photo: Reuters

ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးတွေကို အကာအ ကွယ် ပေးမယ့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂက ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ တ တိယအကြိမ် ကော်မတီ အစည်းအဝေးကနေ ဒီဆုံးဖြတ်ချက်မူကြမ်းကို မဲမခွဲဘဲ သဘောတူ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို ဒီဆုံးဖြတ်ချက်မှာ ရှုတ်ချထားပါတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး၊ ပြစ်မှုကျူးလွန်တဲ့သူတွေကို တာဝန်ခံမှုရှိလာအောင်လုပ်သွားမယ်လို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ တာဝန်ရှိသူကတော့ ဒီလိုဆုံးဖြတ်ချက်မူကြမ်း အတည်ပြုနိုင်တာကို ကြိုဆိုကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာအရေး ဆုံးဖြတ်ချက်မူကြမ်းချမှတ်ဖို့ ဥရောပသမဂ္ဂနဲ့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်နိုင်ငံတွေက အဆိုပြုခဲ့တာဖြစ်ပါတယ်။

အဆိုပြုခဲ့တာနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂကတော့... မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို အရေးယူဖို့ အချိန်တန်ပြီဖြစ်ကြောင်းနဲ့ နိုင်ငံတကာအနေနဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ပေါင်းပြီး ICJ၊ ICC တို့လို နိုင်ငံတကာရာဇဝတ်ခုံရုံးတွေမှာ မြန်မာစစ်တပ်ကို အရေးယူရေး တိုက်တွန်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ကြေ ညာ ပါတယ်။ အဲဒီဆုံးဖြတ်ချက်ချတဲ့ အစည်းအဝေးမှာ NUG ကိုယ်စားပြု ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ခွင့်ရခဲ့ပြီး၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို အမြန်ဆုံး အပြစ်ပေးအရေးယူကြဖို့ သူကပြောခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ပိုရှုပ်ထွေးစေတယ်လို့ ဆိုပါတယ်။ ဦးကျော်မိုးထွန်းကို အဲဒီအစည်းအဝေး တက်ရောက်ခွင့်ပေးတာကိုလည်း ကန့်ကွက်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

၂ဝ၁၇ နှစ်က ရခိုင်ပြည်နယ်မှာ မြောက်ပိုင်းမှာ စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးခဲ့ရပါတယ်။ ဒီရိုဟင်ဂျာတွေကို နေရပ်ပြန်ဖို့ ကိစ္စဟာလည်း ကိုဗစ် ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် နှောင့်နှေးနေပါတယ်။

ရိုဟင်ဂျာတွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကတော့ နေရပ်ပြန်ပို့ရေးနဲ့ အကူအညီပေးရေးကိစ္စတွေမှာ နိုင်ငံတကာကပိုပြီး ပါဝင်လာဖို့ မျှော်လင့်ကြောင်း ကုလရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */