" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, December 18, 2020

ဂမ်ဘီယာက ICJ မှာ မြန်မာကိုစွဲချက်တဲ့အမှု တနှစ်ပြည့်ပေ မယ့် ပြောင်းလဲမှုမရှိသေး (ရိုဟင်ဂျာအရေး တက်ကြွလှုပ် ရှားသူ)

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 ဒီဇင်ဘာ၊ 2020 
ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာက မြန်မာကို လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်နဲ့ တရားစွဲဆိုထားတာ တနှစ်ပြည့်သွားပြီဖြစ်ပေမဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ ဘာမှ ပြောင်းလဲတိုးတက်  ခြင်း မရှိသေးဘူးလို့ ပြည်ပရောက် ရိုဟင်ဂျာတွေက ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် အစိုးရက စနစ်တကျ ခွဲခြားဆက်ဆံနေဆဲဖြစ်သလို၊ ICJ က ကြားဖြတ် အရေးပေါ် စီမံဆောင်ရွက်ဖို့ အမိန့်ချမှတ်ထားတာကို မြန်မာအစိုးရက အပြည့်အ၀ လိုက်နာ ဆောင်ရွက်ခြင်း မရှိကြောင်း နယ်သာလန်နိုင်ငံအခြေစိုက် ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ Mohammed Eleyas က ဗွီအို အေ ဘင်္ဂလားဒေ့ရှ်ဌာနကို ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း အင်အားအလွန် အ ကျွံ အသုံးပြုခဲ့ပြီး ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်မှာ ရည် ရွယ်ချက်ရှိရှိ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ဂမ်ဘီယာက စွပ်စွဲခဲ့ပြီး ကုလသမဂ္ဂရဲ့လူမျိုးုတုန်း သတ် ဖြတ်မှု ကာကွယ်ရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ မြန်မာအနေနဲ့ လိုက်နာဖို့ ပျက်ကွက်ခဲ့ မှုနဲ့ ကုလ သမဂ္ဂအမြင့်ဆုံးတရားရုံး ICJ မှာ ၂၀၁၉ ခုနှစ်က တရားစွဲခဲ့တာဖြစ်ပါတယ်။

အာဖရိကနိုင်ငံငယ်လေးဖြစ်တဲ့ ဂမ်ဘီယာဟာ OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား မြန် မာကို တရားစွဲထားတဲ့အမှုကို နယ်သာလန်နိုင်ငံ the Hague အခြေစိုက် ICJ တရားရုံးမှာ ၂၀၁၉ခုနှစ် ဒီဇင် ဘာလ ၁၀-၁၂ရက်နေ့ထိ ကြားနာပွဲပြုလုပ်ခဲ့ပါတယ်။
 
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခုခံချေပရာမှာ ရိုဟင်ဂျာဆိုတဲ့ အသုံး အနှုန်းကို ခေါ်ဝေါ်သုံးစွဲခြင်းမရှိခဲ့ပါဘူး။

မြန်မာနိုင်ငံထဲမှာ ကျန်နေတဲ့ ရိုဟင်ဂျာ ခြောက်သိန်းကျော်ကို အကာအကွယ်ပေးရေး မြန်မာအစိုးရအနေနဲ့ လိုက် နာဖို့ ICJ ကနေ ကြားဖြတ်အရေးပေါ် စီမံချက် လေးရပ်ကို ၂၀၂၀ပြည့် ဇန်နဝါရီလမှာ ချမှတ်ခဲ့ပါတယ်။

အဲဒီထဲမှာ လူမျိုးုတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက် အပိုဒ် (၂)အရ ကျူးလွန်မှုတွေ ထပ်ပြီးဖြစ် မလာအောင် ကာကွယ်စီမံပေးဖို့နဲ့ မြန်မာစစ်တပ်အပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့တွေလိုမျိုး လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ထပ်မံကျူးလွန်မှုမရှိအောင် ထိန်းချုပ်ဖို့၊ အရင်ကျူးလွန်ခဲ့တဲ့ သက်သေအထောက်အထားတွေ ကို ဖျောက်ဖျက်မပစ်ပဲ ထိန်းသိမ်းထားဖို့နဲ့၊ အမှုရင်ဆိုင်နေရတဲ့ ကာလအတွင်း တိုးတက်မှုဖြစ်စဉ်တွေကို မြန် မာဘက်က ၄ လအတွင်း တရားရုံးကို အစီရင်ခံစာတင်သွင်းဖို့နဲ့ နောက်ပိုင်းမှာ ၆ လတကြိမ် ပုံမှန်အစီရင်ခံ စာတင်သွင်းဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ အစီရင်ခံစာ နှစ်ကြိမ် တင် သွင်း ထားပြီးပါပြီ။

အလားတူ ဂမ်ဘီယာဘက်ကလည်း ICJ က သူတို့နဲ့ ပတ်သက်လို့ ချမှတ်ထားတဲ့ အမိန့်အတိုင်း မြန်မာအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက် အချက်အလက်အပြည့်အစုံကို အောက်တိုဘာလက တရားရုံးကို တင်သွင်းခဲ့ ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */