ဘာသာပြန်
October 20, 2020နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)တွင် ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် စွပ်စွဲခံထားရသည့် မြန်မာ နိုင်ငံကို တာဝန်ခံမှုရှိစေရေး ကတိပြုသည်ဟု နယ်သာလန်နိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုပြောသည်။ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး စတက်ဖ် ဘလော့ကရေးသားသည့်စာ တွင်ပါဝင်ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာနယ်သာလန်သံအမတ်ကြီး ဟယ်ရီ ဗာဝတ်က ထိုစာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေး ဝန် ကြီး အဗ္ဗဒူ မိုမန် ထံ တနင်္ဂနွေနေ့ကပေးခဲ့သည်။ ကော့က်စ်ဘဇားခရိုင်မှစခန်းများတွင်ခိုလှုံနေကြသည် ရိုဟင်ဂျ သန်းခန့်အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ဆက်လက်ပေးသွား မည် ဟု ဗာဝက်က ကတိပြုခဲ့ပြီး ရိုဟင်ဂျာအကြပ်အတည်းအတွက်ရေရှည်အဖြေသည် တရားမျှတမှုနှင့်တာဝန်ခံ မှုရှိရေးတို့ဖြစ်ကြောင်းလည်း ပြောသည်။

ရိုဟင်ဂျာများလူမျိုးတုန်းသတ်ဖြတ်ခံရသည်ဟုဆိုသည့်အချက်အလက်အပြည့်အစုံကို နယ်သာလန်နိုင်ငံ၊ သယ် ဟေ့ရှိ ကုလသမဂ္ဂလက်အောက်ခံ အိုင်စီဂျေသို့ ဂမ်ဘီယာနိုင်ငံကတင်သွင်းရန်ရှိနေချိန်တွင် နယ်သာလန်က ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
အောက်တိုဘာ ၂၃ ရက်တွင် ဂမ်ဘီယာ၏အချက်အလက်အစီရင်ခံစာအပြည်အစုံကို အိုင်စီဂျေထံတင်သွင်းရ မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် မြန်မာနိုင်ငံက အချက်အလက်အစီရင်ခံစာအပြည့်အစုံတင် သွင်း ရမည်ဖြစ်သည်။
source : PeopleMedia
Link :Here
No comments:
Post a Comment