" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင် တပ်မတော်. Show all posts
Showing posts with label ရခိုင် တပ်မတော်. Show all posts

Thursday, February 14, 2019

စားပွဲဝိုင်းဆွေးနွေးပွဲ ကျင်းပရေးအဆို ရခိုင်ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးမည်

RFA လွတ်လပ်တဲ့ အာရှ အသံ
2019-02-14
 ၂၀၁၉ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်

  

ရခိုင်ပြည်နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့် နိုင်ရေး စားပွဲဝိုင်းမှာဆွေးနွေးဖို့ ပြည်နယ်အစိုးရကနေတဆင့် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်မှာ ကန့်ကွက်မယ့်သူမရှိတာကြောင့် ဒီနေ့ အတည်ပြုလိုက်ပါတယ်။

Tuesday, February 12, 2019

ချောင်းတူရွာခံ ၂၇၀ ကျော် ထွက်ပြေး

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်

                                 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာအနီးမှာ ရက္ခိုင့်တပ်မတော် (AA) နဲ့ အစိုးရတပ် မတော်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချောင်းတူရွာခံ ၂၇၀ ကျော်ဟာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်
ကျေး ရွာကို ထွက်ပြေးရောက်ရှိနေကြပါတယ်။

Monday, February 11, 2019

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲ အရှိန်မြင့်

AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေဆဲ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AAတို့အကြား မနေ့က မြောက်ဦးမြို့နဲ့ ကျောက်တော်မြို့နယ်တွေမှာတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ နှစ်ဖက်အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွါးစဉ် ဒေသခံတွေဘေးလွတ်ရာကိုတိမ်းရှောင်နေရသလို ကျောင်းနေ အရွယ် ကလေးတွေ စာမေးပွဲဖြေဆိုဖို့အခက်တွေ့နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီကနေ့မှာ တိုက်
ပွဲ ဖြစ်ပွါးရာဒေသကို တပ်မတော်နဲ့နယ်မြေခံရဲတွေကနေ စစ် ဆေးမှုတွေလုပ်ဆောင်နေတဲ့အခြေ အ
နေမှာ ရှိနေပါတယ်။

Sunday, February 10, 2019

တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ နယ် ရွာသား ၈ဝဝ ကျော် စစ်ရှောင်နေရ

ရခိုင်တပ်မတော် AA နဲ့ အစိုးရတပ်ကြား ရခိုင်ဒေသတွင်းစစ်ပွဲတွေကြောင့် ထွက်ပြေးနေရသူများ (AFP)

လက်ရှိမြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား စစ်ရေးပဋိပက္ခတင်းမာ နေတဲ့နေရာမှာ ရခိုင်ပြည်နယ် အတွင်းသာမက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ လည်း ရွာသားတွေစစ်ဘေး တိမ်းရှောင်နေကြရပါတယ်။ ပလက်ဝ မြို့နယ် ခမောင်းဝ ကျေးရွာ (၁ဝ) ရွာက ရွာသား (၈ဝဝ) ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပလက်ဝ မြို့နယ် အတွင်း နီးစပ်ရာဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေရတယ်လို့ ပလက်ဝရောက် ရွာသား တဦးက ပြောပါတယ်။ ဒီအကြောင်းအစုံအလင်ကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ANP ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင် ၀င်း တရားစွဲဆိုခံရဖွယ်ရှိ

ANP ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း ကို တွေ့ရစဉ်
------------
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာမှာ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့တဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးရဲ့ အသုဘအခမ်းအနားမှာ ဟောပြောခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရခိုင်ပြည်နယ်က တိုက်ပွဲတွေ အဆုံးသတ်ရေး အစိုးရ က ဒေသခံတွေကို တွေ့ဆုံဖို့ USDP တိုက်တွန်း

ပါတီပြောရေးဆိုခွင့်ရှိသူများနဲ့ ရခိုင်အတွင်းရှိ မီဒီယာများ မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉၊ ဖေဖော်ဝါရီ ၉ ရက်နေ့က ရခိုင်ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ ကျင်းပစဉ်

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် အဖြေရှာအဆုံးသတ်ဖို့ အစိုးရမှာ တာဝန်ရှိပြီး ရခိုင်ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်နေပြီလို့ ရခိုင်ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒီနေ့ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ သတင်းသမားတွေနဲ့တွေ့ဆုံရာမှာ ပါတီရဲ့ ပြည်နယ်ပြောခွင့်ရသူ ဦးသန်းဝေ က ပြောခဲ့တာပါ။

AA လှုပ်ရှားမှုကို သတင်းပေးနေသူတွေနဲ့ ရဲတပ်ဖွဲ့ကို သတိပေးစာထုတ်

ရက္ခိုင့်တပ်မတော် AA ရဲ့ အမှတ်တံဆိပ်ကို တွေ့ရစဉ်


    

ရက္ခိုင့်တပ်မတော် AA ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ သတင်းပေးနေသူတွေကို ရခိုင်တစ်မျိုးသားလုံးရဲ့ ရန်သူအဖြစ် သတ်မှတ်ကြောင်း ကြေညာချက် နဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့်တာတွေ ရပ်တန့်ဖို့ ရဲတပ်ဖွဲ့ ဝင်တွေကို သတိပေးတဲ့ ကြေညာချက်တွေကို AA က ထုတ်ပြန်လိုက်ပါတယ်။

Friday, February 8, 2019

ဘင်္ဂလားဒေ့်ရှ်ဘက်ပြေး ရခိုင်စစ်ရှောင်တွေအရေး ကုလစိုးရိမ်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက မြစ်ကမ်းဘေးရွာတရွာ။ (ဓာတ်ပုံ- UNHCR)

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာ ကြောင့် လုံခြုံရေး အခြေအနေတွေ ယိုယွင်းလာနေပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တွေ ထပ်မံထွက်ပြေးလာနေတဲ့အတွက် စိုးရိမ်တဲ့ အကြောင်း ကုလသမဂ္ဂက စိုးရိမ်ကြောင်း ပြောဆိုလိုက် ပါ တယ်။

စစ်ရှောင်တွေ ဘင်္ဂလားဒေ့်ရှ်ပိုင်နက် ပို့တဲ့အပေါ် AA ကြိုတင်ကြံစည်တယ်လို့ တပ်မတော်စွပ်စွဲ

ရခိုင်တပ်မတော် AA နဲ့ အစိုးရတပ်ကြား ရခိုင်ဒေသတွင်းစစ်ပွဲတွေကြောင့် ထွက်ပြေးနေရသူများ (AFP)

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို စစ်ပြေးဒုက္ခသည်တွေ ပို့ပေးခဲ့တာဟာ ဒေသခံတွေ ကိုယ်တိုင်ရဲ့ တောင်း ဆို ချက် အရ ဖြစ်တယ် လို့ ရက္ခိုင့်တပ်မတော် AA က ပြောပါတယ်။ တိုင်းရင်းသား ၂၀၀ လောက်ကို AA အဖွဲ့က ဘင်္ဂလား ဒေ့ရှ် နိုင်ငံဘက် ခေါ်ဆောင်သွား ပြီး အိမ်နီးချင်းနှစ်နိုင်ငံအကြား နားလည်မှုလွဲမှား
အောင် ဆောင်ရွက်တာ ဖြစ်နိုင် တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားတာကို AA ဘက်က တုံ့ပြန်ပြောဆို တာပါ။ ဒီအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ဒေသ စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်ကြုံ

ကျောက်တော်မြို့နယ် ယိုးချောင်းအနောက်ဖက်တောင်မင်းကုလားရွာရောက် စစ်ဘေးဒုက္ခသည်များ ( ဓါတ်ပုံ Wan Lark Foundation)

ရခိုင်ပြည်နယ်တွင်းမှာ စစ်ရေးအခြေအနေ ဆက်ပြီးတင်းမာနေသလို စစ်ရှောင်ထွက်ပြေးနေကြရတဲ့ ဒုက္ခ သည် တွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ပိုပြီး ရင်ဆိုင်နေကြရပါတယ်။ သွားလာရခက်ခဲတဲ့ဒေသတွေဘက်က စစ်ရှောင်တွေဆီ အကူအညီတွေ မရောက်နိုင် ရုံသာမက သွားလာရေးလွယ်ကူတဲ့ စစ်ရှောင်စခန်းတွေမှာပါ အကူအညီတွေ လျော့နည်းလာနေတာပါ။ ဒီအခြေအနေတွေကို စုစည်းပြီး ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထာက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

အေအေကိုအပြုတ်တိုက်ပါက ရခိုင်-ဗမာ လူမျိုး ကြား ငြိမ်းချမ်းရေးပျက်သွားစေနိုင်ဟု သတိပေး

DVB, By
7 February 2019

ရက္ခိုင့်တပ်မတော် (အေအေ) ကို အပြုတ်တိုက်ပါက ရခိုင်နဲ့ ဗမာ လူမျိုးကြား ငြိမ်းချမ်းရေး ပျက်သွားစေနိုင် တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၄၉ ခုက သဘောထား ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ရခိုင်၊ ခမီ လူမျိုးတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး


 2019-02-07


    အစိုးရ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကို တွေ့ရစဉ်
                                                                                                                                                 Photo: Soe Lin Tun


အစိုးရ တပ်မတော်နဲ့ AA တို့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်က ရခိုင်နဲ့ ခမီ စတဲ့ တိုင်းရင်းသား ဒေသခံ ၁၈၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့အနက် ကလေး ငယ် ၅၀ ခန့် ဖျားနာနေကြပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရပါတယ်။

Wednesday, February 6, 2019

သမီးလှကျေးရွာက ကလေးတစ်ဦး သေဆုံးမှု အရေးယူပေးဖို့ မိဘတွေတောင်းဆို

လက်နက်ကြီးအစမှန်ပြီး သေဆုံးသွားတဲ့ ရသေ့တောင်မြို့နယ် သမီးလှကျေးရွာက အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးရဲ့ ရုပ်အလောင်းကို ၂၀၁၉၊ ဇန်နဝါရီ ၂၉ ရက်နေ့က သယ်ဆောင်လာစဉ် 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က ကျည်ထိမှန်ပြီး သေ
ဆုံး ခဲ့ ရတဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးနဲ့ ပတ်သက်လို့ တပ်မတော်က တာဝန်ရှိသူကို အရေးယူ
ပေး ဖို့ သေဆုံးသူ မောင်နိုင်စိုးရဲ့မိဘတွေက တောင်းဆိုလိုက်ပါတယ်။
သေဆုံးသူ မောင်နိုင်စိုးရဲ့မိဘတွေကို RFA က မနေ့က တွေ့ဆုံမေးမြန်းခဲ့ရာမှာ အဲဒီလို ပြောဆိုလိုက် တာပါ။

ပလက်ဝစစ်ဘေးရှောင် ၂၀၀ ကျော် ဘင်္ဂလား နယ်စပ် တိမ်းရှောင်

ရခိုင်စစ်ရှောင်ဒုက္ခသည်များ (photo-Rakhine Ethnics Congress)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံ ၂၀၀ ကျော် အိုးအိမ်စွန့်ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘက်မှာ စစ်ပြေး တိမ်းရှောင်နေရပါတယ်။ ဒါ့အပြင် ပလက်ဝနဲ့ ကျောက်တော် ကြားဒေသမှာ တိမ်းရှောင်နေ သူတွေလည်း ရှိပါတယ်။ နယ်စပ်ရောက် ဒုက္ခသည်တွေကို AA အဖွဲ့က အကူအညီပေးထားပြီး တခြားအကူအညီတွေ မရသေးဘူးလို့လည်း ဆိုပါ တယ်။ ဒါ့အပြင် ကျောက်တော်
က စစ်ရှောင်တချို့ဟာ မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးခံထားရပြီး စစ်ဆေးခံ နေရ ပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိန်ကသတင်းပေး ပို့ထားပါတယ်။

Tuesday, February 5, 2019

အမ်းမြို့နယ်မှာ မိုင်းပေါက်ကွဲမှုနဲ့ ပစ်ခတ် မှုတချို့ဖြစ်


ရခိုင်ပြည်နယ်အတွင်းပိုင်း အမ်းမြို့နယ်ထဲမှာ လမ်းလုံခြုံရေးယူထားတဲ့ တပ်မတော်ယာဉ်တန်း လမ်း ကြောင်းကို တနင်္လာနေ့ညက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ဘူးလို့ တပ်မတော် ဘက်ကရော၊ ဒေသခံ တာဝန် ရှိသူတွေကပါပြောပါတယ်။

စစ်ရေးပဋိပက္ခတင်းမာနေတဲ့ ရခိုင်ပြည်နယ်ထဲမှာ အခုလို မျိုး တိုက်ပွဲဖြစ်တဲ့နေရာတွေ ပိုပြီးကျယ်လာ တာကြောင့် ဒေသခံတွေ ပိုပြီး အခက်ကြုံလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုမျိုး လည်းရှိပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

စစ်ပြေးဒုက္ခသည်တစ်ရာကျော်ကို AA တပ်ဖွဲ့ ကူညီထားတယ်လို့ဆို

ရက္ခိုင့်တပ်မတော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်မတော်တို့ ဒီရက်ပိုင်းတွေမှာ တိုက် ပွဲပြင်းထန်နေပြီး၊ တောထဲမှာပုန်းရှောင်နေတဲ့ ရွာသား ၁၂၄ ယောက်ကို AA အဖွဲ့က ဘေးလွတ်ရာမှာ ကူ ညီထားတယ်လို့ အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ က RFA ကို မနေ့ညက ပြောပါတယ်။ ခမောင်း ဝရွာက ၇၆ ယောက် နဲ့ ကင်းတလင်းရွာ က ၄၈ ယောက်ကို တနင်္လာနေ့မှာ ကယ်ထုတ်လာတာလို့ ဆို ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကို ဖေ့စ် ဘွတ်ခ်ဖယ်ရှား


05 February 2019

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကို အန္တရာယ်ရှိတဲ့အဖွဲ့အစည်းတွေလို့ သတ်မှတ်ပြီး လူမှုကွန်ရက် ကနေ ဖယ်ရှားလိုက်တယ်လို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ဒီနေ့ ကြေညာလိုက်ပါတယ်။

ရက္ခိုင့်တပ်မတော် (AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ တအာင်း ပလောင်တပ်ဖွဲ့ (TNLA)တို့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကို ဖယ်ရှား လိုက်ပြီး သူတို့နဲ့ဆက်နွှယ်ထောက် ခံတဲ့ လှုပ်ရှားမှုတွေကိုလည်းစောင့်ကြည့် ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။

Sunday, February 3, 2019

တပ်မတော်နဲ့ AA တို့ ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲဖြစ်

ရက္ခိုင့်တပ်မတော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က အောင်သာဇိန်နဲ့ ကျောက်တန်းရွာကြားမှာ အစိုးရတပ်မတော် နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်လက်ရှိ ကျောက် တန်းရွာထဲမှာတပ်မတော်က လုံခြုံရေးအတွက် နေရာယူထားတယ်လို့ အမည်မဖော်လိုတဲ့ ကျောက်တန်းရွာ သားတစ်ဦးက ပြောပါတယ်။

ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲ ဆက်လက်ဖြစ် ပွား

AA (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

စစ်ရေးပဋိပက္ခတွေပြင်းထန်နေဆဲ ရခိုင်ပြည်နယ်အတွင်း ဒီကနေ့မနက် ရသေ့တောင်မြို့နယ်ဘက်မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ တပ်မတော်စစ်ကြောင်းတခုကို ရခိုင်လက်နက်ကိုင် (AA) အဖွဲ့က
နေ ကျောက်တန်းကျေးရွာ အနီးမှာခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ရခိုင်မြောက်ပိုင်း မြို့နယ်များတွင် AA ဝင်ရောက်မှု စစ်ဆေးရန် ညွှန်ကြားစာ ပြည်နယ်အစိုးရငြင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ခုနစ်မြို့နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ပြည်သူများနှင့် ရောနှောနေ သည်ဟု သတင်းရသဖြင့် တပ်မတော်အပါအဝင် သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေးရန် ညွှန်ကြားထားခြင်းမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။

ဝန်ကြီးချုပ်ကိုယ်စား ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း လက်မှတ်ရေး ထိုးကာ ဇန်နဝါရီလ ၂၅ ရက်နေ့ရက်စွဲဖြင့် ယင်းသို့ ညွှန်ကြားထားသည့်စာမှာ Facebook စာမျက်နှာတွင် ပျံ့နှံ့နေသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */