
05 February 2019
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကို အန္တရာယ်ရှိတဲ့အဖွဲ့အစည်းတွေလို့ သတ်မှတ်ပြီး လူမှုကွန်ရက် ကနေ ဖယ်ရှားလိုက်တယ်လို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ဒီနေ့ ကြေညာလိုက်ပါတယ်။
ရက္ခိုင့်တပ်မတော် (AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ တအာင်း ပလောင် တပ်ဖွဲ့ (TNLA)တို့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကို ဖယ်ရှား လိုက်ပြီး သူတို့နဲ့ဆက်နွှယ်ထောက် ခံတဲ့ လှုပ်ရှားမှုတွေကိုလည်းစောင့်ကြည့် ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။
ဒီအဖွဲ့တွေဟာ လက်နက်ကိုင် အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်နေတာကို သက်သေ အခိုင်အမာရှိထားပြီး ဖေ့စ်ဘွတ်ခ်ကို အသုံးပြုလို့ ဒီလုပ်ရပ်တွေ ဆက်မလုပ်နိုင်အောင် တားဆီးတာလို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်နဲ့ ဆက်နွယ်တဲ့ လူမှုကွန်ရက်စာမျက်နှာအကောင့်တွေ ဖယ်ရှားခဲ့ပါတယ်။
ဒါ့အပြင် သတင်းမှားတွေ ဖြန့်ချိတာ၊ အမုန်းစကားတွေကို ပြန့်ပွားစေတဲ့ ဦးဝီရသူ၊ ဦးလှဆွေ အပါအဝင် လူ ပုဂ္ဂိုလ်တချို့ရဲ့အကောင့်တွေ၊ အစပိုင်းမှာ ပုံစံတမျိုးနဲ့ ပရိသတ်ရအောင် လုပ်ပြီး နောက်ပိုင်းမှာ လှုံ့ဆော် ရေး လက်နက်သဖွယ် ပြောင်းလဲအသုံးပြုလာတဲ့ မြန်မာ လူမှုကွန်ရက် စာမျက်နှာတချို့ကို လည်း ဖေ့စ်ဘွတ်ခ် ကနေ အပြီးတိုင် ရှင်းလင်းခဲ့ပါတယ်။
Link : Here
No comments:
Post a Comment