RFA
လွတ်လပ်တဲ့အာရှအသံ
2019.02.03
ရက္ခိုင့်တပ်မတော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က အောင်သာဇိန်နဲ့ ကျောက်တန်းရွာကြားမှာ အစိုးရတပ်မတော် နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်လက်ရှိ ကျောက် တန်းရွာထဲမှာတပ်မတော်က လုံခြုံရေးအတွက် နေရာယူထားတယ်လို့ အမည်မဖော်လိုတဲ့ ကျောက်တန်းရွာ သားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကျောက်တန်းရွာသား ၃ ဦးကို ဖမ်းဆီးစစ်ဆေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။မနေ့က လည်း ရသေ့တောင်မြို့နယ် ရေဘုတ်နဲ့ ကျောက်တန်းရွာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကျောက်တန်းရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ၊ ရွာသားတွေဖမ်းဆီးစစ်ဆေးခံရတာနဲ့ ပတ်သက်လို့ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ငြင်း ဆိုထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခ သည် ၆ထောင်ကျော် ရှိနေပါတယ်။
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေဖြစ်ပွားလာတာ နှစ်လကျော် ကြာနေပြီဖြစ်သလို တိုက်ပွဲအရှိန်ကလည်း လျော့ကျသွားတာမရှိသေးတဲ့အတွက် ကြားဝင်စေ့စပ်ညှိနှိုင်းပေးမယ့် အဖွဲ့လိုအပ်နေ ပြီ လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်နဲ့ မောင်တော မြို့နယ်တွေမှာတိုက်ပွဲတွေ ဆက် တိုက်ဖြစ် ပွားနေတာကြောင့် ဒေသခံ ၆ ထောင်ကျော်ဟာ စစ်ဘေးဒုက္ခသည်တွေ ဖြစ်နေကြပါတယ်။
ဒါ့အပြင် ရက္ခိုင့် တပ်မတော် AA ဟာ ကျေးရွာတွေထဲမှာ အရပ်သားအသွင်ယူပြီး ပုန်းအောင်းနေ ထိုင်နေ တယ်ဆိုတဲ့ အစိုးရ တပ်မတော်ရဲ့ စွပ်စွဲချက်နဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကြောင့် တပ်မတော်နဲ့ ရဲ တပ်ဖွဲ့က ကျေးရွာတွေထဲမှာ ဝင်ရောက်ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်တော့မှာဖြစ်ပါတယ်။
ဒါကြောင့် ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်နေကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ တဆက် တည်း မှာပဲ တပ်မတော်က ဒေသခံတချို့ကို AA နဲ့ ဆက်သွယ်မှု ရှိမရှိ ဖမ်းဆီးစစ်ဆေးမေးမြန်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကျောက်တန်းရွာက ၃ ယောက်ကတော့ ဖမ်းပြီးတောင်ကျော်လမ်းထိ လိုက်ပို့လိုက်ရတယ်ပြောတယ်၊ ညနေ ပိုင်းမှာတော့ ပြန်လွှတ်ပေးလိုက်ပါတယ်၊ ဦးကျော်စိန်သန်း၊ မောင်လုံးချေနဲ့ မောင်သန်းလှိုင်တို့ ဆိုပါတယ်၊ AA ဆိုတာလည်း အကုန်လုံး ရခိုင်တွေအများကြီးလုပ်နေတာပဲ၊ ထောက်ခံတယ်ဆို တာ လည်း သူတို့ခံယူချက်နဲ့ ထောက်ခံတာပဲလေ၊ မထောက်ခံရဘူးဆိုတော့ သူတို့စိတ်ကိုဘယ်လိုလုပ် ထိန်းချုပ်လို့ရမှာလဲ၊ မနက်ကကျောက်တန်းမှာဖြစ်တာက တပ်ကရွာကိုပတ်လို့ ရွာထဲမှာခုထက်ထိ ရှိပါသေးတယ်၊ ရွာထဲမှာအင်အား ၅၀ လောက်ရှိပါသေးတယ်"
အမည်မဖော်လိုတဲ့ ကျောက်တန်းကျေးရွာသားတစ်ဦး ပြောသွားတာပါ။
ဖေဖော်ဝါရီလ ၂ ရက်နေ့က ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့ ရီဘုတ်ရွာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကားတစ်စီး မိုင်းထိမှန်ခဲ့သလို ဒီကနေ့မနက်ပိုင်းအထိ ကျောက်တန်းရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ AA နဲ့ ဒေသခံတွေက ပြောကြပါတယ်။
AA တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေထဲမှာ ဒေသခံအသွင်ဆောင်ပြီး ဝင်ရောက်နေတယ်ဆိုတဲ့ တပ်မတော်ရဲ့ စွပ်စွဲ ချက်ကို AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က အခုလို ငြင်းဆိုလိုက်ပါတယ်။
"အဲဒီဒေသတစ်ခုလုံးက စစ်ဇုန်ထဲမှာရောက်နေတာ ရွာသားတွေအနေနဲ့ကတော့ သူတို့အသက်ဘေး လုံခြုံဖို့ တစ်ခုခုဖြစ်ရင် ဆင်းပြီးပုန်းခိုနေဖို့ စီစဉ်ထားကြမှာပဲ၊ အဲဒီပုန်းခိုကျင်းတွေက သူတို့အသက် လုံခြုံ ဖို့တူးထား တာဖြစ်မယ်၊ ဗမာစစ်တပ်က အကြောင်းမရှိသူတို့ရွာတွေကို လှမ်းပြီးပစ်နေတယ်၊ ပုန်းခို ကျင်း တူးဖို့ AA က ရွာထဲမှာနေနေတယ် စွပ်စွဲတယ်ဆိုတာက အဓိပ္ပါယ်မရှိတဲ့ကိစ္စပဲဗျ၊ စစ်တိုက်တဲ့ဥစ္စာ က တော့ တစ်ဖက်နဲ့ တစ်ဖက်က အနိုင်တိုက်နေကြတဲ့ဥစ္စာနော်၊ ဒီဟာကို ဘာနဲ့နေပြီးတော့ ဘယ်လိုလုပ် နေပါတယ်ဆိုတာကတော့ စစ်သားမပီသတာဗျနော်၊ ကိုယ်ခံရလို့ရှိရင် ကိုယ်ညံ့လို့ခံရတယ်လို့ သဘော ထားရမယ်၊ မိန်းမလိုမိန်းမရ သဘောထားရဘူး"
ဒါ့အပြင် တပ်မတော်က ကျေးရွာတွေထဲဝင်ရောက်ပြီး ဒေသခံတွေရဲ့ ရွှေ၊ ငွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ယူဆောင်သလို ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးရိုက်နှက်တာတွေ ရှိတယ်လို့ AA ကလည်း စွပ်စွဲလိုက်ပါ တယ်။ AA ရဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့----
"ကျွန်တော်တို့က rull အတိုင်းပဲလုပ်ပါတယ်ခင်ဗျ၊ ရွာတွေမှာ မသင်္ကာလို့စစ်ဆေးရင် ရဲနဲ့လုပ်ပါတယ်၊ ရဲကို လုံခြုံရေးပေးရလို့ ကျွန်တော်တို့ အပြင်စည်းအနေနဲ့လုပ်ပါတယ်၊ အတင်းအဓမ္မတော့ မလုပ်တော့ ပါဘူးခင်ဗျ၊ အဲဒီလိုလုပ်ခဲ့လို့ အရေးယူခဲ့တဲ့အရာရှိတွေ အများကြီးအရေးယူခဲ့ပြီးပါပြီ၊ ကျွန်တော်တို့ ဒီ ဟာတွေလုပ်တဲ့ အခါကျတော့ တစ်ဖက်စောင်းနင်း မဟုတ်ကဟုတ်ကလုပ်တယ်၊ မြေပြင်မှာနိုင့် ထက် စီးနင်း ဟိုဟာတောင်း ဒီဟာတောင်း သူကြီးတွေဆို ပါးတွေပိတ်ရိုက်တယ်၊ ဖုန်းတွေပါ သိမ်းသွားတယ်၊ ဒီလို ဒေသပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်အောင်လုပ်တယ်၊ အကြောက်တရားနဲ့ ဒီလိုတွေ လုပ် တယ်၊ ကျွန်တော်တို့က အဲလိုမလုပ်ဘူး၊ ကျွန်တော်တု့ိမှာ လုပ်ပိုင်ခွင့်လည်းမရှိဘူး AA လုပ်တာကျတော့ ဘယ်သူကမှ ဘယ်မီဒီယာကမှ မရေးဘူး"
နှစ်ဖက်တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရသေ့တောင်မြို့နယ် သမီးလှကျေးရွာက အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး အသက်သေဆုံးခဲ့ရပါတယ်။
ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးဒုက္ခသည်ဘဝရောက်နေရတဲ့အပြင် အသက်ဆုံးရှုံးသူတွေ ရှိနေပေမယ့် လည်း တပ်မတော်နဲ့ AA အဖွဲ့ခေါင်းဆောင်တွေဖက်ကတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပြောဆို မယ် ဆိုတဲ့ စကားသံတွေ အခုထိ မကြားရသေးပါဘူး။
တိုက်ပွဲတွေကို ရပ်တန့်နိုင်ဖို့အတွက် ကြားဝင်ညှိနှိုင်း ဖြန်ဖြေပေးမယ့် အဖွဲ့အစည်းတွေ လိုအပ်နေပြီလို့ ရခိုင်ပြည် နယ် မဲဆန္ဒနယ် အမှတ် ၃ ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် က ပြောပါတယ်။
"အခုကတော့ ငြိမ်းချမ်းရေးတံခါးကို အစိုးရဖက်က ဖွင့်ထားတယ်ပြောတယ်၊ AA ဖက်ကလည်း ဖွင့်ထား တယ်ပြောတယ် ဒါပေမဲ့လည်း တစ်ယောက်တံခါးပေါက် တစ်ယောက်ကမဝင်သေးဘူး၊ အဲလိုမဝင်ရဲဘူး ဆိုရင်လည်း နိုင်ငံတ ကာက ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေ UN အဖွဲ့အစည်းတွေက ကြားဝင်ဖြေရှင်းပေးဖို့ လိုတယ်၊အနည်း ဆုံး အိမ်နီးနားချင်းနိုင်ငံတွေက ပူးပေါင်းပါဝင် လုပ်ဆောင်ပေးဖို့လိုတယ်၊ ဒေသခံ ပြည် သူ လူထုကိုလည်း ဆွေးနွေးပွဲမှာ ပါဝင်ပေးဖို့လိုတယ်၊ တစ်ကယ်ခံစားရတာက ဒေသခံလူမျိုးတွေလေ၊ အဓိကက အားရှိတဲ့သူက လျှော့ပေးရမှာလေ"
ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေကို ကြားခဲ့ရတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။
Link : Here

No comments:
Post a Comment