By ပြည့်ဘုန်းအောင်
7 February 2019
ရက္ခိုင့်တပ်မတော် (အေအေ) ကို အပြုတ်တိုက်ပါက ရခိုင်နဲ့ ဗမာ လူမျိုးကြား ငြိမ်းချမ်းရေး ပျက်သွားစေနိုင် တယ်လို့ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၄၉ ခုက သဘောထား ထုတ်ပြန်လိုက်ပါတယ်။
အေအေအပါအဝင် တော်လှန်ရေး အင်အားစုအသီးသီး လက်နက်ကိုင် တော်လှန်နေ ရတာဟာ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းနဲ့ အမျိုးသားရေးတန်းတူရေး မရရှိတာကြောင့် ဖြစ်ပြီး အေအေတပ်ဖွဲ့ကို တပ်မတော်နဲ့ အစိုးရ က အပြုတ်တိုက်ပါက ရခိုင်-ဗမာ လူမျိုးကြား ငြိမ်းချမ်းရေး ပျက်ပြားစေနိုင်တယ်လို့ ဒီကနေ့ စုပေါင်း သဘော ထားထုတ်ပြန်ခဲ့တာပါ။
ဒီသဘောထားထုတ်ပြန်ချက်ထဲမှာ အပစ်အခတ်ရပ်စဲပြီး စားပွဲဝိုင်းပေါ်မှာ နိုင်ငံရေးနည်းအရ အဖြေရှာ သင့် တဲ့ အချက်အပါအဝင် အချက် ၅ ချက် ဖော်ပြထားထားပြီး အေအေအဖွဲ့ကို အပြုတ်တိုက်ဖို့ တပ်မတော် ကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့က ညွှန်ကြား ခဲ့ကြောင်း သမ္မတရုံးရဲ့ ပြောဆိုချက်ကို ပြန်လည် သုံးသပ်ဖို့လည်း ဖော်ပြထားပါတယ်။
ဒီသဘောထားကိုတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ)နဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုး များ မဟာမိတ် (ယူအန်အေ)က ဦးဆောင် တောင်းဆိုတာပါ။
ဒီထုတ်ပြန်ချက်နဲ့အတူ ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည် ဆိုတဲ့ ငြိမ်းချမ်းရေး စကားဝိုင်း တခု ကို ဖေဖော်ဝါရီ ၇ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပြီး တိုင်းရင်းသား ပါတီခေါင်းဆောင်တွေ၊ ဥပဒေ ပညာ ရှင်တွေနဲ့ အရပ်ဘက် အဖွဲ့အစည်းခေါင်းဆောင်တွေက ဆွေးနွေးခဲ့ပါတယ်။

Link : Here
No comments:
Post a Comment