" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင် တပ်မတော်. Show all posts
Showing posts with label ရခိုင် တပ်မတော်. Show all posts

Saturday, February 2, 2019

ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ AA တိုက် ပွဲဖြစ်ပွား

                        ၄-၁-၂၀၁၉ ရက်နေ့တွင် AA အဖွဲ့မှ ရဲကင်းစခန်း ၄ ခုအားအကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ (MOI)


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း မြန်မာ့တပ်မတော်ရဲ့စစ်ကြောင်းတခုကို ဒီနေ့မနက်မှာ ရခိုင် တပ်မတော် AA ကနေ ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီလိုဖြစ် ပွါးတဲ့ တိုက်ပွဲအတွင်း ကျေးရွာဘက်ကို လက် နက်ကြီး ကျည်တွေကျရောက်ပြီး စိုးရိမ်မှုနဲ့ တိမ်းရှောင်နေရ တယ်လို့လည်း ဆိုပါတယ်။ ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေး ပို့ ထားပါတယ်။

Thursday, January 31, 2019

လက်နက်ကြီးအစမှန်လို့ သမီးလှကျေးရွာက ကလေးတစ်ဦး သေဆုံးမှု အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်

လက်နက်ကြီးအစမှန်ပြီး သေဆုံးသွားတဲ့ ရသေ့တောင်မြို့နယ် သမီးလှကျေးရွာက အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးရဲ့ ရုပ်အလောင်းကို ၂၀၁၉၊ ဇန်နဝါရီ ၂၉ ရက်နေ့က သယ်ဆောင်လာစဉ် 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျည်ဆံ ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်းနဲ့ ဒီဖြစ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း စစ်တွေမြို့အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့တွေက မနေ့က ကြေ ညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

Wednesday, January 30, 2019

ရခိုင်တိုက်ပွဲ အရပ်သားထိခိုက်မှု တိုးလာ

ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (photo-Rakhine Ethnics Congress)

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားတဲ့ နှစ်လ တာကာလ အတွင်း အရပ်သား ၄ ဦး ထက်မနည်း သေဆုံးရပြီးဖြစ်သလို ထိခိုက် ဒဏ်ရာရသူ ၁၄ ဦးထိရှိပြီလို့ စစ်
တမ်း ကာက်ယူထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့အစည်းတွေကပြောပါတယ်။ ဒါ့အပြင် ရခိုင့် တပ်မတော်နဲ့ ဆက်နွယ်တယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မနဲ့ ဖမ်း ဆီး တရားစွဲဆိုခံရသူ အရေအတွက်လည်း တိုးလာနေတာပါ။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

Tuesday, January 29, 2019

အုန်းချောင်းရွာသားတွေ ထွက်ပြေး

 
                                                                                 ရသေ့တောင်မြို့ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာက ဒေသခံရွာသားတွေကို အစိုးရ တပ်မတော်က ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတာကြောင့် ရွာမှာရှိတဲ့ ရွာသားအားလုံးနီးပါး ထွက်ပြေး နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။မနေ့က ဖမ်းဆီးသွားတဲ့ ရွာ သား ၃ဦးကိုတော့ ဒီနေ့မနက် ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း သိရပါတယ်။

Monday, January 28, 2019

ရသေ့တောင်မြို့နယ်က တိုက်ပွဲအခြေအနေ


 

■ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာအနီးမှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာသားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။

သမီးလှရွာခံ ၃ဦး ရိုက်နှက်ခံရတယ်လို့ ပြော

                                                ရိုက်နှက်ခံရတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က သမီးလှရွာသားတွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က တပ်မတော်သားတွေရဲ့ ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၃ ဦးဟာ ရသေ့တောင် ပြည်သူ့ဆေးရုံမှာ မနေ့က ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ဇန်နဝါရီ ၂၆ ရက်နေ့ က သမီးလှကျေးရွာအနီးမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို တပ်မတော်ငြင်းဆို


 တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA
အစိုးရတပ်မတော်ဟာ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကာလအတွင်း စစ် ရာဇဝတ်ကျူးလွန်မှုတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်ဆိုတဲ့ AA ရဲ့ စွပ်စွဲချက်တွေကို တပ်မတော် က ငြင်းဆိုလိုက်ပါတယ်။

ရသေ့တောင်မြို့နယ် အုန်းချောင်းရွာအနီးတွင် တိုက်ပွဲဆက်ဖြစ်

နိရဉ္စရာ၊ ဇန်န၀ါရီ ၂၈

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း အုန်းချောင်းကျေးရွာအနီးတွင် ယနေ့ နံနက် ၈နာရီမှ စပြီး တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောကြားသည်။

Sunday, January 27, 2019

လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို တပ်မတော်ငြင်းဆို


တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို တွေ့ရစဉ်

အစိုးရတပ်မတော်ဟာ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကာလအတွင်း စစ် ရာဇဝတ်ကျူးလွန်မှုတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်ဆိုတဲ့ AA ရဲ့ စွပ်စွဲချက်တွေကို တပ်မတော် က ငြင်းဆိုလိုက်ပါတယ်။ ဒီလအတွင်း တပ်မတော်က ရဟတ်ယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ကျေးရွာတွေထဲ ၀င်ရောက်ပြီး ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တာတွေ၊ ရွှေငွေတွေ ယူဆောင်တာတွေ၊ ရှိခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Saturday, January 26, 2019

ရခိုင်စစ်ပွဲများ ဒေသခံတွေအပေါ် ရိုက်ခတ်မှု

                                                                          ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်းမြင်ကွင်း။ (ဗွီအိုအေ)

မြန်မာနိုင်ငံ၊ ရခိုင်မြောက်ပိုင်းမှာ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ဒီလအစောပိုင်းက တည်း က ပြန်ပြီးစလာတဲ့ စစ်ပွဲတွေကြောင့် အထိခိုက်ဆုံးက ဒေသခံတွေဖြစ်ပါတယ်။ တိုက်ပွဲက ကျည် တွေကြောင့် ဒေသခံတွေ နေ့ညမဆိုင်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပြီး သူတို့နေအိမ်ကို ဘယ်တော့ ပြန်နိုင်မလဲ ဆိုတာလည်း မသိနိုင်သေးပါဘူး။ ရွာသားတွေ ကိုယ်တွေ့ပြောပြထားတာတွေကို မအေးသန္တာ ကျော် တင်ပြထားပါတယ်။

Tuesday, January 22, 2019

ချင်းပြည်နယ်တွင်း၊ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်

                                                     AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ ဒီကနေ့ တိုက်ပွဲဖြစ်ပြီး တပ်မတော် ဘက်က လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီအခြေအနေကြောင့် ဒေသခံ ကျေးရွာသား တွေ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေကြရ တယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် အရေးပေါ်အကူအညီ လိုအပ်ချက် အပေါ် နိုင်ငံတကာ NGOs တွေစိုးရိမ်

ဝါးတောင်စစ်ရှောင်စခန်း 
ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်ဖွဲ့တွေနဲ့ AA ရခိုင့်တပ်မတော်အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေကြရသူတွေအတွက် အထူး စိုးရိမ် ပူပန်မိကြောင်း ဒေသအတွင်းမှာ ကူညီရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ INGO နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ဒီကနေ့ ဇန်န၀ါရီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Monday, January 21, 2019

ရခိုင်ပြည်နယ်တွင်း AA နဲ့တိုက်ပွဲများ ဆက်ဖြစ် ပွား

ရက္ခိုင့်တပ်မတော် စစ်ရေးလေ့ကျင့်နေစဉ် (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

မြန်မာ့တပ်မတော်နဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA တို့အကြား ဒီကနေ့ တနင်္လာနေ့ ကျောက်တောမြို့ နယ်ဘက်မှာ တိုက်ပွဲ ဖြစ်နေသလို ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်မှာလည်း တိုက်ပွဲဖြစ်ခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲ ဖြစ်တဲ့နားကျေးရွာက အုပ်ချုပ်ရေးမှူးတဦးကို ဘယ်သူဘယ် ဝါမှန်းမသိတဲ့ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ်လည်း ဖြစ်ထားပါတယ်။

Sunday, January 20, 2019

ပလက်ဝမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်

                                                              ရက္ခိုင့်တပ်မတော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်

ရခိုင်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ် တရာအိုင်ရွာရဲ့ အနောက်မြောက်ဘက်မှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ မနေ့က ဇန်နဝါရီလ ၁၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။ မနေ့က နေ့လယ်ပိုင်းမှာ ရှင်မလိန်ရွာနဲ့ တရာအိုင်ရွာအကြားမှာ တိုက်ပွဲဖြစ်ကြတာလို့ AA သတင်းပြန်ကြားရေး တာ ဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ထိတွေ့ တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့ဘဲ မနေ့ကမှ ပြန်လည်ဖြစ်ပွားခဲ့ကြတာလို့ ပြောပါတယ်။

Friday, January 18, 2019

အတိုင်ပင်ခံနဲ့သမ္မတရုံး ညွှန်ကြားချက်အရ AA ကို စစ်ဆင်နေဟု စစ်တပ်ရှင်းလင်း

                                                              နေပြည်တော် သတင်းစာရှင်းလင်းပွဲ (ဇန်နဝါရီ ၁၈၊ ၂၀၁၉)

ရက္ခိုင့်တပ်မတော် AA ကို စစ်ဆင်ရေးလုပ်ဆောင်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်၊ သမ္မတ ရုံးရဲ့ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တပ်မတော်ဘက်ကပြောဆိုလိုက်ပါတယ်။ ဒ့ါအပြင် လက်ရှိတိုက်ပွဲတွေ ရပ်တန့်လိုက်ဖို့ ရက္ခိုင့်တပ်မတော်ရဲ့ လုပ်ဆောင် ချက်တွေအပေါ်မှာသာ မူ တည်တယ်လို့ တပ်မတော် ဘက်က ပြောလိုက်ပြီး ရက္ခိုင့်တပ်မတော်ဘက်က တောင်းဆိုထားတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုချက်ကို တပ်မတော်ဘက်က လုံးဝလက်မခံကြောင်း ပြောဆို လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင် ဖြစ် အောင် မြန်မာ စစ်တပ် ဆွဲခေါ်နေတာလို့ AA စွပ်စွဲ

AA ရခိုင့်တပ်မတော်ကိုစစ်ဆင်ရေးအကြောင်း တပ်မတော်ပြန်ကြားရေးရဲ့ နေပြည်တော်တပ်ကုန်းက သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၁၈၊ ၂၀၁၉)

စစ်ရေးပဋိပက္ခတွေဖြစ်ပွါးနေတဲ့ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ရခိုင်လက်နက်ကိုင် အဖွဲ့ AA တို့အ ကြား အခု နှစ်ရက်အတွင်း တိုက်ပွဲငြိမ်သက်နေတယ်လို့ AA ဘက်က ပြော ပါတယ်။ ဒီကနေ့သောကြာနေ့ နေပြည်တော်၊ စစ်သမိုင်းပြတိုက်မှာကျင်းပပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ AA တပ်ဖွဲ့ တည် နေရာနဲ့ပေါ်ပေါက်လာမှုနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ရှင်းလင်းချက်နဲ့ ပတ်သက်လို့လည်း AA ဘက်က လက်မခံဘဲ တုံ့ပြန်ပြောဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်အခြေအနေ မတည်ငြိမ်လို့  အာဆီယံ အကူ အညီ ယာယီဆိုင်းငံ့

ထိုင်းနိုင်ငံမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် (ဝဲ-ဒုတိယ) 

ရခိုင်ပြည်နယ်အရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) က ကူညီဖို့ ကြိုးပမ်း နေပေမယ့် လတ် တလော အခြေအနေကြောင့် ဆိုင်းငံ့ထားရကြောင်း ထိုင်းနိုင်ငံက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေတွေအရ အားလုံးကို ဆိုင်းငံ့ထားရကြောင်းနဲ့ အခြေ အနေတွေအားလုံး ရှင်းရှင်းလင်း လင်း ဖြစ်တဲ့အချိန်ရောက်ရင်တော့ မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်မှာ အာဆီယံရဲ့ စုပေါင်းကြိုးပမ်းမှု တွေကို အထင်အရှားတွေ့ရမှာ ဖြစ်ကြောင်း အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အသင်းဝင် ၁၀ နိုင်ငံ က နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ၂ ရက်ကြာ အစည်းအဝေး အဆုံးသတ်ချိန်မှာ ကျင်း ပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဆောင်ရွက် ချက်တွေကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တာပါ။

Thursday, January 17, 2019

မြန်မာဌာန | သတင်းများ ရခိုင်က စစ်ဘေး ဒုက္ခသည်တွေကို အကူအညီပေးခွင့်ပြုဖို့ MSF အဖွဲ့ တောင်းဆို

                             မောင်တောမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို မောင်တောအရေးပေါ် ကူညီထောက်ပံ့ရေးကော်မတီက ကူညီပေးနေစဉ်
 
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရ တာတွေ အပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့  အရေးပေါ် အကူအညီလိုအပ်တဲ့သူတွေကို ကူညီနိုင်ရေး ခွင့်ပြုဖို့ အစိုးရထံ ခွင့်တောင်း ထားကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ဒီနေ့ထုတ်ပြန်လိုက် ပါ တယ်။ ထုတ်ပြန်ချက်မှာ တပ်မတော်နဲ့  AA ရခိုင်တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိ ပက္ခတွေကြောင့် ရခိုင်ပြည်နယ် နေရာအနှံ့အပြားမှာ နေရပ်စွန့်ခွာ တိမ်းရှောင်ရတာတွေကြောင့် အရေး ပေါ် အကူအညီလိုအပ်နေ သူတွေကို ကူညီဖို့ MSF အဖွဲ့တွေအနေနဲ့ စစ်တွေနဲ့ မောင်တောမှာ အဆင်သင့်ရှိ နေကြောင်း ပါရှိပါတယ်။

AA စခန်းသိမ်းခံရမှု တပ်မတော်ထုတ်ပြန်ချက် AA ငြင်းဆန်

                                                                        AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဗုဒ္ဓဟူးနေ့က မြန်မာ့တပ်မတော်နဲ့ ရခိုင် လူမျိုးစု လက်နက် ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပြီး AA ရဲ့ ယာယီစခန်းငယ်တခုကို သိမ်းဆည်းရမိတယ်ဆိုတဲ့ တပ်မ တော်ရဲ့ထုတ်ပြန်ချက်ကို AA ဘက်က ငြင်းပါတယ်။ ဒါ့အပြင် တနင်္ဂနွေနေ့က ဖုန်ညိုလိပ်ရွာ တိုက်ပွဲအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီးတော့ လည်း နှစ်ဘက်ကြား အပြန်အလှန် စွပ်စွဲတာတွေ ရှိထားပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

Tuesday, January 15, 2019

AA နဲ့ တိုက်ပွဲဟာ သောင်းကျန်းသူနှိမ်နင်းရေးလို့ တပ်မတော်သတ်မှတ်

စစ်တွေလေဆိပ်မှာ တပ်မတော်သားတွေကို တွေ့ရစဉ် 

ရခိုင့်တပ်မတော် AA နဲ့ ဖြစ်တဲ့ တိုက်ပွဲဟာ ပြည်တွင်းစစ်မဟုတ်ဘဲ သောင်းကျန်းသူကို တိုက်တဲ့ တိုက်ပွဲ သာဖြစ်ကြောင်း တပ်မတော်က ဒီကနေ့ ပြောလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */