Sunday, February 10, 2019

ANP ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင် ဝင်း တရားစွဲဆိုခံရဖွယ်ရှိ

RFA 
February 10, 2019
ANP ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာမှာ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့တဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးရဲ့ အသုဘအခမ်းအနားမှာ ဟောပြောခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

တရားစွဲဆိုခံရဖွယ်ရှိတဲ့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက သူ့ကို တရား စွဲဖို့ ရှိတယ်ဆိုတာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးဆီက ခိုင်လုံတဲ့အတွင်းသတင်း ရထားပြီး ဖြစ်ပေမယ့် ဘာပုဒ်မနဲ့ တရားစွဲမလဲဆိုတာ မသိရသေးကြောင်းနဲ့ တရားဝင်အကြောင်းကြားစာ မရောက်ရှိ သေးကြောင်း RFA ကို ပြောပါတယ်။

ဦးအောင်ဝင်းက ရခိုင်ပြည်နယ်ဟာ ဆင်းရဲတွင်းကျ ရောက်နေပြီး ရက္ခိုင့်တပ်မတော်က ရခိုင်ပြည်သူနဲ့ ရခိုင်ပြည် နယ်အတွက် လက်နက်ကိုင်တော်လှန်နေကြောင်း၊ ရခိုင်အမျိုးသားပါတီကလည်း ပါတီတည် ထောင်ပြီး လွှတ်တော် တွင်းကနေ ဆောင်ရွက်နေကြောင်း သေဆုံးသူ မောင်နိုင်စိုးရဲ့ အသုဘ အခမ်းအ နားမှာ ပြောကြားခဲ့တယ်လို့ သိရ ပါတယ်။

သူ့ကို တရားစွဲဆိုမယ့်သူကတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ဖုန်းတင့် ဖြစ်နိုင်တယ်လို့ ဦးအောင်ဝင်းက သူ့အမြင်ကို ပြောပါတယ်။

ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းခေါ်ဆိုတာကို လက်ခံပေမယ့် တစ်စုံတစ်ရာ တုန့်ပြန်ဖြေကြားတာမရှိပါဘူး။


ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */