" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, October 19, 2019

မြန်မာကို ရိုဟင်ဂျာအရေး ဖိအားပေးဖို့ ဂျာမဏီကို ဘင်္ဂလား ဒေ့ရှ် တိုက်တွန်း

VOA  
19 အောက်တိုဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လည် လက်ခံရေးအတွက် ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား ရေးဝန်ကြီးက ဂျာမနီနိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်းလိုက်ပါတယ်။

“သူတို့ကိုပြန်ခေါ်မယ်လို့ မြန်မာနိုင်ငံက ကတိပေးထားတာ နှစ်နှစ်နီးပါးရှိပါပြီ။ အကြောင်းမလှစွာဘဲ ဒီကနေ့ အချိန်ထိ ရိုဟင်ဂျာတယောက်ကိုမှ သူတို့နိုင်ငံကို ပြန်မခေါ်သေးပါဘူး။ သူတို့လူတွေကို ပြန်ခေါ်ရေး မြန်မာ  နိုင်ငံအပေါ် ဖိအားပေးဖို့ ဝန်ကြီးကို ကျနော်တို့ ပန်ကြားချင်ပါတယ်။”

သောကြာနေ့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာလုပ်တဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲ သတင်းစာရှင်းလင်း ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး A K Abdul Momen က ပြောသွားပါတယ်။

ဒီအပေါ် ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဘက်က တခုခုပြန်ပြောသလားဆိုတာတော့ သေချာမသိရသေးပါဘူး။

ကြာသပတေးနေ့ကလုပ်တဲ့ ဆွေးနွေးပွဲတခုအတွင်းမှာလည်း ဝန်ကြီး Momen က ရိုဟင်ဂျာအကျပ်အတည်း နဲ့ ပတ်သက်လို့ တက်ရောက်လာသူတွေကို ရှင်းလင်းပြောဆိုခဲ့သလို ဒီအကျပ်အတည်းကို အလျင်အမြန် ဖြေရှင်းနိုင်ရေး ဘင်္ဂလားဒေ့ရှ်ရဲ့ မိတ်ဆွေတွေ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးကြဖို့လည်း တောင်း ဆိုသွားပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြားမှာ ဒုက္ခသည်တွေ နေရပ်ရင်းပြန်ပို့ရေး ခုချိန်ထိ အောင်မြင်မှုမရသေးတာနဲ့ပတ်သက်လို့ မကြာခဏဆိုသလို တဘက်နဲ့တ ဘက် အ ပြစ်တင် ပြောဆိုလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတော့ ပြန်ပို့မယ့်ဒုက္ခသည် နောက်ထပ် အရေအတွက် ၅၀,၀၀၀ စာရင်းကို စိစစ်ဖို့ ဘင်္ဂလားဒေ့ရှ်က မြန်မာ နိုင်ငံကို ပေးပို့ထားပါတယ်။

 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */