" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, March 2, 2019

ဒုက္ခသည်ပြန်လာရေး ဘင်္ဂလား-မြန်မာ သဘောတူ ညီချက် လိုက်နာဖို့လို

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုဉာဏ်ဝင်းအောင်၊
02 မတ်၊ 2019
လုံခြုံရေးကောင်စီမှာ တင်ပြဆွေးနွေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း

ရိုဟင်ဂျာဒုက္ခသည် ပြန်လည်လက်ခံရေးကိစ္စမှာ ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကို အပြစ်ပုံချနေတာကများပြီး အဲ ဒီအစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ဖို့ ဆိုရင် ဘင်္ဂလားဒေ့ရှ်-မြန်မာ ၂နိုင်ငံ သဘောတူညီ ချက်တွေ အတိုင်း တိကျစွာလုပ်ဆောင်ဖို့ လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားလိုက် ပါ တယ်။ 
 
မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို ထပ်ပြီး လက်မခံနိုင်တော့ဘူး၊ နယ်စပ်ကိုလည်း ပိတ်ပစ်တော့မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်စားလှယ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့ ဆွေးနွေး မှုအတွင်း ပြောဆိုချက်အပေါ် တုံ့ပြန်လိုက်တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပြောဆိုမှုနဲ့ပတ်သက်လို့ VOA ကိုဉာဏ်ဝင်းအောင်က မေးမြန်းရာမှာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ခုလိုစတင် ဖြေကြားပါတယ်။

ဦးဟောက်ဒိုဆွမ်း ဖြေ။ ။ ဘင်္ဂလားဒေ့ရှ် အတွင်းဝန်ခေါ်မှာပေါ့နော် Foreign Secretary ပေါ့၊ တကယ်က
တော့ သူပြောတဲ့ဥစ္စာက ကျနော်တို့ ထိထိရောက်ရောက် မလုပ်ဘူး ဆိုတာကတော့၊ ဒါ နှစ်နိုင်ငံ ကျနော်တို့သ ဘောတူထားတဲ့ သဘောတူညီချက်နဲ့အညီ လက်ခံဖို့အတွက် ကျနော်တို့ စာရင်းတွေလည်း ပေးခဲ့ပြီးပြီ၊ ဟို သ ဘောတူထားတဲ့ အချက်အလက်တွေနဲ့အညီ တိတိကျကျလိုက်နာပြီး အဆင်သင့်ဖြစ်ပြီဆိုပြီးတော့ ကျနော်တို့က ပြင်ဆင်တယ်။ ဒါပေမဲ့ နောက်ဆုံးအချိန်ကျမှပဲ ပြန်လာချင်တဲ့သူ မရှိဘူး၊ တယောက်မှ မရှိဘူး ဘာညာဆိုပြီးပြောတာပေါ့။ အဲဒါက ဟိုဘက်က ပြန်လာရမယ့်ကိစ္စ။ ကျနော်တို့က အားလုံးပြင်ဆင်ပြီး ဒီ ဘက်မှာလည်းစောင့် နေပြီ။ အဲဒီတော့ ဒီကိစ္စကတော့ သူ့ဟာသူ ဟိုဘက်နေ ပြောတဲ့ဟာကတော့ .. ဟို ဘင်္ဂလားဒေ့ရှ်ရဲ့ အကျင့်ပေါ့ဗျာ။ ကျနော်တို့ မြန်မာနိုင်ငံကို သူတို့ကတော့ သူတို့ခေါင်းဆောင်ကစပြီး အကုန်လုံး လည်ပတ်ပြီးတော့ ကျနော်တို့ကိုပဲ မကောင်းပြောပြီး၊ ကျနော်တို့တာဝန်ပဲ ပုံချနေတာကိုး။ ဒါ က တော့ အပြစ်ရှာတဲ့သဘောပဲ အဲဒီတော့ ဒါရှင်းပါတယ်။ နောက်တခုက သူတို့က နောက်ထပ် လက်မခံနိုင် တော့ ဘူးဆိုတာ ကျနော်တို့ဘက်က ဘယ်သူက ဆက်ထွက်နေလို့လဲ။

ဉာဏ်ဝင်းအောင်။ ။သံအမတ်ကြီးတို့ သိထားတဲ့ သတင်းတွေအရဆိုရင် အခုနောက် ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် ဘက်ကို အခြေအနေ တခုခုကြောင့် ထပ်ပြီးတော့ ထွက်သွားနေတဲ့ ဒုက္ခသည်တွေများ ရှိနေပါသလား။

ဦးဟောက်ဒိုဆွမ်း ။ ။ အခုက နောက်ဆုံး ၂၀၀ ဘာညာ တလောကဖြစ်တယ်ဆိုတဲ့ဥစ္စာက သူတို့ဘက်ကို ဘင်္ဂါလီတွေ ထွက်ပြေးတာမှ မဟုတ်တာ၊ အဲဒါက AA နဲ့ ကျနော်တို့ တိုက်ပွဲတွေ ဖြစ်တဲ့အခါကျတော့ AA ကခေါ်သွားတာ ဒါသတင်းမှာလည်း ပါပြီးသားလေ။ ဒါဆက်ပြီးတော့ ဒုက္ခသည်တွေ ဆက်ထွက်နေတာ မဟုတ်ဘူး။ နောက်တချက်ကလည်း သူတို့ကပြောတယ်ဆိုတာက သူတို့ရဲ့နိုင်ငံရေး အခြေအနေအရ ဟို စဉ်းစားလို့ရပါတယ်။

ဉာဏ်ဝင်းအောင်။ ။ဆိုတော့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်သွားတဲ့ ဒုက္ခသည်တွေကို မြန်မာဘက်က ပြန်လည်လက် ခံရေး အစီအစဉ်နဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေက ဘယ်လိုရှိပါသလဲ။ နောက်တခုက ပြန် လက်မခံတော့ဘူးလို့ မြန်မာအစိုးရဘက်က ပြောဆိုထားတာများ ရှိပါသလား။

ဦးဟောက်ဒိုဆွမ်း ။ ။ မရှိပါဘူး ..။ ကျနော်တို့က ပြန်လက်ခံဖို့အတွက် ဆောင်ရွက်နေတဲ့ အခြေအနေလည်း ကျနော်သိသလောက်တော့ ဘာမှ မရှိ သေးဘူးလေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကော့ခ်ဆက်ဘဇား ရောက်နေ ကြတဲ့အဖွဲ့တွေ ကျနော်တို့စိစစ်ပြီးသား လူတွေထဲက နေပြီးတော့ ပြန်လည် လက်ခံဖို့ ကိစ္စ .. ပထမအသုတ ကမ အောင် မြင်တဲ့ ဟာပေါ့ဗျာ၊ နောက်ဆုံးအချိန်မှာ သူတို့ မလာကြဘူးပေါ့ဗျာ။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး တော့ ပြန်လည် လက်ခံရေးကိစ္စဟာ ၂ နိုင်ငံ သဘောတူထားတဲ့အတိုင်းပဲ ကျနော်တို့ ဖွဲ့ထားတဲ့ ဒီ Joint Working Group ကို ဧပြီလမှာ ကျနော်တို့ ပြန်ပြီးတော့ ထိုင်မယ်။ ပြန်ထိုင်ပြီး တော့ ပြန်လည်လက်ခံရေး ကိစ္စကို ပြန်ဆွေးနွေးမယ်ဆိုပြီး ကျနော်တို့ဘက်က ကမ်းလှမ်း ထားတာရှိတယ်။ သူတို့ဘက်က ခုထက်ထိ တော့ အကြောင်းမပြန်သေးဘူးပေါ့လေ။ ဘာလို့လဲဆိုတော့ ပထမအကြိမ်ဟာကို ပြန်ပြီးလုပ်ဖို့ ကျနော်တို့ က ပြောတဲ့အခါကျတော့ သူတို့က ရွေးကောက်ပွဲပြီးမှ ဒီဥစ္စာကို ပြန်ပြီးစဉ်းစားမယ်ဆိုပြီး သူတို့ကပြော တာ ကိုး။ ဒါ သူတို့ဘက်က တရားဝင်လေ။ အဲဒါကြောင့် ရွေးကောက်ပွဲပြီးပြီ အဲဒါကြောင့် ဧပြီကျရင်ပြန်စရအောင် ဆိုပြီး ကျနော်တို့က ကမ်းလှမ်း Proposal ပေးထားပါတယ်။

ဉာဏ်ဝင်းအောင်။ ။ဒီ ၂၀၁၈ နိုဝင်ဘာလမှာ ပြန်လည်လက်ခံရေးအစီအစဉ်ကို ပထမဦးဆုံး စတဲ့အချိန်မှာ ဘယ်သူမှ ပြန်လာတာ မရှိဘူးပေါ့လေ၊ အခုချိန်ထိလည်း ရပ်တန့်နေတယ်ဆိုတော့ ဒုက္ခသည်တွေကို ပြန်ပို့တာ ပြန် လည်လက်ခံတဲ့ကိစ္စ အောင်မြင်ဖို့အတွက်ဆိုရင် ဘယ်လိုလုပ်ရင် အောင်မြင်မှု ရမယ် သုံးသပ်ထားတာရှိပါသလဲ။

ဦးဟောက်ဒိုဆွမ်း ။ ။ ရှင်းရှင်းလေးပဲ၊ ကျနော်တို့ နှစ်နိုင်ငံသဘောတူထားတဲ့ အချက်အလက်တွေပေါ်မှာ သူ့တာ ဝန်၊ ကိုယ့်တာဝန် အကုန်လုံးကို သတ်မှတ်ထားတဲ့ အတိုင်း တိတိကျကျလုပ်လို့ရှိရင် ဘာမှ ပြဿနာမရှိဘူး။ အဲ ဒီမှာလည်း ကျနော်တို့ သေချာ ရှင်းထားတယ်။ ပုံစံ ကျနော်တို့ လုပ်ထားပြီးသား။ အဲဒီ ပုံစံ ထဲကအတိုင်း ကိုယ် တိုင်ဖြည့် ရမယ်။ လက်မှတ်ရေးထိုးရမယ်။ တကယ်ပြန်လာချင်တဲ့လူက လက်မှတ်ရေး ထိုး၊ ကိုယ့် သဘောနဲ့ကိုယ် ပြန်လာတာပါဆိုတာကို ရေးထိုးရမယ်။ သူ့မိသားစု စာရင်း အပြည့်အစုံ ပါရမယ်။ ဓာတ်ပုံတွေ ဘာတွေနဲ့ သေချာ လုပ်ပြီးတော့မှ ဒီလူတွေကို ကျနော်တို့က စိစစ်တယ်။ စိစစ်ပြီးလို့ အိုကေ တယ်ဆိုလို့ရှိရင် ကျနော်တို့က လက်ခံမယ်၊ အဲလိုပေါ့။ သေချာပြောထားတာ။ အဲဒီတော့ ဇယားမှာကိုက၊ ပုံစံမှာကိုက ကျနော်တို့ သတ်မှတ် ထားတဲ့ ပုံစံမဟုတ်ဘူး။ အဲဒါ သူတို့ဟာသူတို့ ပြုပြင်ပြီးတော့ လုပ်ထား တဲ့ဟာ။ ဆိုတဲ့ အခါကျတော့ လိုအပ်နေတဲ့ အချက်အလက်တွေ အများကြီးရှိတယ်။ အဲဒါကြောင့် စိစစ်တဲ့ အခါမှာလည်း ကြာတယ်။ သို့သော်လည်းပဲ ကျနော်တို့က အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပြီးတော့ ကျနော် တို့က အိုကေဆိုပြီး ကျနော်တို့က ဒီလူတွေ လက်ခံမယ် ဆိုပြီး စာရင်းပြန်ပို့လိုက်တယ်။ လူ ၅ ထောင်ကျော် ပေါ့နော်။ အဲဒါတွေကို လက်ခံမယ်လို့ ပြောတဲ့အခါကျတော့ တယောက်မှ မလာဘူးဆိုတာ နောက်ဆုံး အကြိမ်မှာ၊ ဒါက သူတို့ ဘက်က လုပ်ရမယ့်တာဝန် ပျက်ကွက်တာ။ နဂိုကတည်းက သူတို့ စိစစ်ရမယ်။ သူတို့ မစိစစ်ဘူး။ နဂိုကတည်းက ဖြည့်စွက်ရမယ့်ပုံစံကို သေချာ မဖြည့်စွက်ဘူး။ နဂိုကတည်း က စီစဉ် ပြီးတော့ ဘယ်နေ့မှာ ပြန်ပို့မယ်ဆိုလို့ရှိရင် အဲဒီမတိုင်ခင်မှာ အဲဒီလူတွေကို သူတို့က ဆက်သွယ်ပြီးတော့ စုစည်းခြင်း၊ ပြောပြခြင်းစတဲ့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပြနိုင်ရမယ်၊ သူတို့လုပ်ရမှာပေါ့။ အဲဒါတွေကို မလုပ်လို့ နောက်ဆုံးအချိန် ကျနော်တို့ ဒီဘက်ကနေ အကုန်လုံး ဒီဘက်က ဝန်ကြီးတွေရော အကုန်လုံး စောင့်နေတဲ့အချိန်မှာ တယောက်မှ မပေါ်လာဘူး။ အဲဒီအခါကျတော့မှ အဆင်သင့်မဖြစ်လို့ ဘာလို့ဆိုပြီး ပြောတာ။ အဲဒါကတော့ သဘောတူညီချက်အတိုင်း မလုပ်လို့၊ မလိုကနာလို့ ဒါဖြစ်တဲ့ကိစ္စပဲ။

ဉာဏ်ဝင်းအောင်။ ။ဟုတ်ကဲ့ အဲဒီတော့ ဒီဒုက္ခသည်တွေ ပြန်ပို့ရေး ပြန်လည်လက်ခံရေးကိစ္စမှာ ဘင်္ဂလား ဒေ့ရှ်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု အနေအထား အားတက်သရော ရှိပါရဲ့လား။

ဦးဟောက်ဒိုဆွမ်း ။ ။ အားတက်သရောကတော့ ရှင်းရှင်းပြောရရင်တော့ ကျနော့်အမြင် ကိုပဲ ပြောရရင်တော့ မရှိလှဘူးလို့ပဲ ပြောရမှာပဲ။ အပြစ်တင်တဲ့ဟာပဲ များနေတယ်။ တကယ်တန်း ရိုးရိုးသားသားနဲ့ စေတနာ အမှန်နဲ့ လုပ်လို့ရှိရင် ဒီပြဿနာဟာ နှစ်နိုင်ငံကြား မှာ ကျနော်တို့ ဖြေရှင်းလို့ရတဲ့ ကိစ္စပဲ။ 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */