By ထက်အာကာကျော်
Tuesday, November 5, 2019
ကုလသမဂ္ဂအထွေထွေညီလာခံ (၂၆)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာသံအမတ်ကြီး ရှင်းလင်းနေစဉ် (ဓာတ်ပုံ − MOFA)
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့က မြန်မာအရေးကိစ္စ ကို အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင် ရာ တရားရုံး (ICC) သို့ လွှဲပြောင်း ပေးရန် တောင်းဆိုမှုများကို မြန် မာအမြဲတမ်းကိုယ်စားလှယ် သံ အမတ်ကြီး ဦးဟောက်ဒို ဆွမ်းက ပြင်းထန်စွာ ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
အပြည်ပြည်ဆိုင်ရာ ပြစ်မှု ဆိုင်ရာတရားရုံး (ICC)၏ ၂၀၁၈-၁၉ အတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက် aသာ အစီရင်ခံစာ ကို နိုဝင်ဘာ ၄ ရက်တွင် ကုလ အထွေထွေညီလာခံ၏ (၂၆)ကြိမ် မြောက် မျက်နှာစုံညီအစည်းအ ဝေး၌ ဆွေးနွေးရာ မြန်မာသံအ မတ်ကြီးက ယင်းသို့ထည့်သွင်း ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
‘‘အထူးသဖြင့် အစောပိုင်း က ဒီခန်းမထဲမှာ ကနေဒါကိုယ်စားလှယ်အဖွဲ့ရဲ့တောင်းဆိုမှုအပါအဝင် ကုလအဖွဲ့ဝင်နိုင်ငံတချို့ရဲ့ ဥပဒေနဲ့မညီညွတ်ဘဲ မြန်မာအရေးကို ICC လွှဲပြောင်းပေးဖို့တောင်းဆိုချက်တွေကို ကျွန်တော်တို့ မြန်မာကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ပြင်းပြင်းထန်ထန် ပယ်ချ ပါတယ်’’ဟု ဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂသို့ ပြောသည်။
ထို့အပြင် အဆိုပါအစည်း အဝေးတွင် အတည်ပြုမည့် ICC အစီရင်ခံစာနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် သည် မြန်မာနိုင်ငံနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း တရားဝင်မှတ်တမ်းတင်ရန် မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကိစ္စအပေါ် တရားစီရင်ခွင့်ရှိသည် ဟု ICC ၏ Pre-Trial Chamberက ၂၀၁၈ စက်တင် ဘာ ၆ ရက်ဆုံးဖြတ်ချက်ကို ထပ်မံပယ်ချခဲ့ပြီး ယင်းဆုံးဖြတ်ချက်သည် လုပ်ထုံး လုပ်နည်းအရ မှားယွင်းချွတ်ချော် နေကြောင်းနှင့် ဥပဒေကြောင်း အရ သံသယပွားဖွယ်ဖြစ်ကြောင်း ဦးဟောက်ဒိုဆွမ်းက ကုလအ စည်းအ ဝေးတွင် ပြောသည်။
မြန်မာနိုင်ငံသည် ရောမစာချုပ်အဖွဲ့ဝင်နိုင်ငံမဟုတ်သဖြင့် တရားရုံးကို အသိအမှတ်ပြုကာ လေးစားလိုက် နာရန် တာဝန်မရှိ သည့် ရပ်တည်ချက်ကို ထပ် လောင်းအတည်ပြုပြောကြားလို ကြောင်းနှင့် ICC ဥပဒေ ချုပ်၏ လုပ် ဆောင်ချက်သည် နိုင်ငံတစ် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားရေး၊ အခြားနိုင်ငံများ၏ ပြည် တွင်းရေးကို ဝင်ရောက်မစွက်ဖက် ရဟူသော ကုလသမဂ္ဂ၏ ပဋိဉာဉ် စာချုပ်ပါ အခြေခံမူကြီးများကို ချိုးဖောက်ရန် ကြိုးစားခြင်းဖြစ် ကြောင်း သံအမတ်ကြီးက ဆက် လက်ပြောကြား သည်။
ICC ဥပဒေချုပ်သည် နိုင်ငံရေး ပယောဂနှင့် ကိုယ်ကျိုးစိတ်ခံ စားမှုကိုအခြေခံ၍ အမှုကိုတည်ဆောက်ခဲ့ပြီး ၎င်း၏ စုံစမ်းစစ်ဆေးခွင့်ပြုရန် လျှောက်ထားချက် တွင် ARSA အဖွဲ့က ဟိန္ဒူဘာသာဝင်များအပါအဝင် အပြစ်မဲ့ပြည် သူများအပေါ် ကျူးလွန်ခဲ့သော ကြီးလေးသည့်ပြစ်မှုများ မပါဝင် ကြောင်း ဦးဟောက်ဒိုဆွမ်းက ထောက်ပြသည်။
ICC ဥပဒေချုပ်သည် ၁၉၉၄ မှ ၂၀၀၂ ခုနှစ်အတွင်း ဂမ်ဘီယာနိုင်ငံ စစ်အာဏာရှင်အုပ်စိုးစဉ်က လူ့အခွင့် အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်ဆိုင်ရာ ပြစ်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များဖြင့် လက် ရှိ တာဝန်မှရပ်ဆိုင်းထားရန် တရားဝင်တိုင် တန်းခံရသော်လည်း ဥပဒေအရ လျော်ကန်မှုမရှိသည့် ၎င်း၏ လုပ် ရပ်များကို ထောက်ခံသော နိုင်ငံ များ၏ ရည်ရွယ်ချက်နှင့် ရိုးသားမှုကို မေးခွန်းထုတ်လိုကြောင်း သံ အမတ်ကြီးက ဆိုသည်။
ထို့အပြင် ICC တရားသူကြီး၏ လျှောက်ထားချက်တွင် ARSAအဖွဲ့၏ အကြမ်းဖက်မှုများ ကြောင့် လူပေါင်း များစွာ နေရပ်စွန့်ခွာခဲ့ရသည့်အဖြစ်ကို ရည်ရွယ် ချက်ရှိရှိဖြင့် ဖုံးကွယ်ခဲ့ပြီး အချက်အလက်မှားများနှင့် အ တည် မပြုနိုင်သည့် ထွက်ချက်များ ပါဝင် သည့် လူ့အခွင့်အရေးအစီရင်ခံစာ များအပေါ် လုံးလုံးလျားလျား အခြေခံထားကြောင်း သံအမတ် ကြီးက ဝေဖန်ပြောကြားသည်။
ရခိုင်ပြည်နယ်အရေးသည် ဘာသာရေးပြဿနာ(သို့မဟုတ်) လူမျိုးစုတစ်ခုကို နှင်ထုတ်ရန် ကြိုးစားသည့် လုပ်ရပ်မဟုတ်ကြောင်း နှင့် ကိုလိုနီခေတ်ကတည်းကရှိခဲ့သော နယ်စပ်ဖြတ်ကျော် ဝင် ရောက်မှု ရောယှက် ပါဝင်နေသည့် နိုင်ငံရေးနှင့် စီးပွားရေးပြဿနာ ဖြစ်ကြောင်း ဦးဟောက်ဒိုဆွမ်းက ရှင်းလင်းသည်။
မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ်၊ UNDP၊ UNHCR၊ASEAN နှင့် ဒေသတွင်းမိတ်ဖက် နိုင်ငံများ၏ အကူ အညီများဖြင့် နေရပ်စွန့်ခွာသူများကို ၎င်းတို့၏ဆန္ဒအလျောက်၊ လုံခြုံ၊ ဂုဏ် သိက္ခာရှိစွာဖြင့် ပြန်လာနိုင်ရေး ဆောင်ရွက်နေပြီး ယင်းသို့ ဆောင်ရွက်ရာတွင် ARSA အကြမ်းဖက် အဖွဲ့က ကြီးမားသည့် အဟန့် အတား ဖြစ်နေကြောင်း ၎င်းက ဆက် လက်ပြောသည်။
လက်ရှိတွင် နေရပ်စွန့်ခွာသူ ၄၀၀ ကျော်သည် ၎င်းတို့၏ ဆန္ဒ အလျောက် ပြန်လည်ဝင်ရောက် နေပြီး ရခိုင် ပြည် နယ်၌ နေထိုင်ဖူး သည့် အထောက်အထားရှိသူများ ကို စိစစ်လက်ခံသွားမည်ဖြစ် ကြောင်းနှင့် နေ ရပ် စွန့်ခွာသူများ ပြန်လာနိုင်ရေး နှစ်နိုင်ငံသဘော တူညီချက်များကို အကောင်အ ထည်ဖော်နိုင်ရန် ဆက်လက် ကြိုး ပမ်းမည်ဟု မြန်မာသံအမတ်ကြီး က သတင်းစကားပါးသည်။
ယင်းနောက် တာဝန်ခံမှုနှင့်ပတ်သက်၍ ရာဇဝတ်မှုကျူးလွန် သူ မည်သူမဆိုအရေးယူသွားမည် ဖြစ်ပြီး ထိုသို့အရေးယူနိုင်ရေး အစိုးရက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းထားကာ ကျူးလွန် မှုများကို စုံစမ်းစစ်ဆေးနေကြောင်း ဦးဟောက် ဒိုဆွမ်းက ပြောသည်။
Link : Here

No comments:
Post a Comment