VOA
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနကြတဲ့ ဒုက္ခသည်တွေထဲက ၁၀၀ ကျော်ဟာ ဒီရက်ပိုင်းအတွင်း မှာပဲ နေရပ်ကို ပြန်နေကြပါတယ်။ ဒုက္ခသည်တွေအနေနဲ့ မိမိဆန္ဒအလျောက် နေရပ်ရင်း ပြန်ချင်ရင် ပြန်နိုင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်စခန်းတိုင်းမှာ ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင် ဌာနတွေ ဖွင့်လှစ်ထားပြီး နေရပ်ပြန်ချင်သူတွေ စာရင်းပေး သွင်းနိုင် တယ်လို့ ကြေညာခဲ့ပြီးတဲ့ နောက်မှာပဲ ဒီရက်ပိုင်း ပြန်ဖို့စာရင်းပေးသူ ၅၀၀ ကျော် ရှိခဲ့ တယ်လို့ ကရင်ဒုက္ခသည် ကော် မတီက ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေး မာက သတင်းပေးပို့ထားပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
မအေးအေးမာ ၊20 ဖေဖော်ဝါရီ၊ 2019
မအေးအေးမာ ၊20 ဖေဖော်ဝါရီ၊ 2019
ဖေေဝေါရီလ ၂၀ရက်နေက နေရပ်ပြန်တဲ့ဒုက္ခသည်များ
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနကြတဲ့ ဒုက္ခသည်တွေထဲက ၁၀၀ ကျော်ဟာ ဒီရက်ပိုင်းအတွင်း မှာပဲ နေရပ်ကို ပြန်နေကြပါတယ်။ ဒုက္ခသည်တွေအနေနဲ့ မိမိဆန္ဒအလျောက် နေရပ်ရင်း ပြန်ချင်ရင် ပြန်နိုင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ဒုက္ခသည်စခန်းတိုင်းမှာ ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင် ဌာနတွေ ဖွင့်လှစ်ထားပြီး နေရပ်ပြန်ချင်သူတွေ စာရင်းပေး သွင်းနိုင် တယ်လို့ ကြေညာခဲ့ပြီးတဲ့ နောက်မှာပဲ ဒီရက်ပိုင်း ပြန်ဖို့စာရင်းပေးသူ ၅၀၀ ကျော် ရှိခဲ့ တယ်လို့ ကရင်ဒုက္ခသည် ကော် မတီက ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေး မာက သတင်းပေးပို့ထားပါတယ်။
ထိုင်း- မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်စခန်း ၄ ခုက ဒုက္ခသည် ၅၀၀ ကျော်ဟာဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ကစပြီး စခန်းအလိုက် နေရပ်ပြန်ကြရာမှာ ဖေဖေါ်ဝါရီလ၂၀ရက်နေ့ မှာတော့ မယ်လစခန်းက ဒုက္ခသည် ၁၃၀ ဝန်းကျင် လောက် နေရပ်ပြန်ကြတယ်လို့ ကရင် ဒုက္ခသည်ကော်မတီရဲ့ဥက္ကဌ ဦးရော ဘတ်ထွေးက ပြောပါတယ်။
" ဒီနေ့ပြန်တာ မယ်လ စခန်းလေ ၊အုန်းဖျန်ကတော့ ကျနော်ကြားတာကတော့ ၂၀၀ကျော်မယ်။ မနက်ဖြန်ဆိုရင် အုန်းဖျန် သဘက်ခါဆိုရင်တော့နို့ဖိုး နောက် ၂၃ရက်နေ့ ဆိုရင်တော့ ဘန့်ဒုံယန်း ဖြစ်မယ်။ ဒီနေ့က မယ်လက လူဦးရေ ၁၃၀ လောက်ရှိမယ်"
ကရင် ဒုက္ခသည်အများစုကတော့ နေထိုင်ရေး နဲ့ ဘဝလုံခြုံမူ ရှိရေးအတွက် တောင်းဆို ထားပြီး လူဂုဏ်သိက္ခာနဲ့ အညီနေရပ်ပြန်နိုင်ရေး ကိုမျော်လင့်ထားကြတာပါ။ ဒါပေမယ့် UNHCR ထိုင်းအစိုးရ မြန်မာအစိုးရ တို့ပေါင်းပြီး မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးု အကျိုးဆောင်ဌာန တွေဖွင့်လှစ်ပေးထား တာကြောင့် အခုပြန်တဲ့သူတွေဟာ အဲဒီ အစီစဉ်တိုင်း ပြန်တဲ့သူတွေဖြစ်တယ်လို့ ဦးရောဘတ်ထွေး ကဆိုပါတယ်။ စခန်းတွင်းကကရင်ဒုက္ခသည် ကေ်ာမတီကို လည်း အခုပြန်တဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အသိပေး တာမျိုး မရှိဘူးလို့ လည်း ဦးရောဘတ်ထွေး ကပြောပါတယ်။
" နာမည် ၊အဲဒီ အိမ်က နံပတ်ဘယ်လောက်လဲ၊အိမ်ထောင်ဦးစီးကဘယ်သူလဲ၊လူအားလုံးဘယ်နှစ်ယောက် လဲ၊ ယောင်္ကျားဘယ်နှစ်ယောက် မိန်းကလေး ဘယ်နှစ်ယောက် လဲ၊ စခန်းကောမတီ က တောင်းတယ် ၊ UNHCR က မပေးဘူး အဲဒီတော့လည်း စခန်းကော်မတီ ကလည်း သူဟာသူပဲနေရတာပေါ့ လူတွေကတော့ ကျနော်တို့ ကရင်ပြည်က ဒုက္ခသည်တွေ ပါပဲ လူမျိုးတွေကတော့ စုံတာပေါ့"
ဒုက္ခသည်စခန်း ၄ခု ကနေရပ်ပြန်ဖို့စာရင်းပေးသွင်းထားခဲ့သူတွေကတော့ လူဦးရေ၅၀၀ကျော် ရှိတယ် လို့ ကရင်ဒုက္ခသည် ကော်မတီဥက္ကဌ ဦးရောဘတ်ထွေး ကပြောပါတယ်။
UNHCR ကတော့ ဒုက္ခသည်စခန်းတိုင်းမှာ ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင်ဌာနတွေ ကို ဖွင့်လှစ်ထားပေမယ့် ဒုက္ခသည်အများစုကတော့ သူတို့ဘဝအတွက် ခိုင်လုံတဲ့ အာမခံချက်ရှိတဲ့ အစီစဉ်တွေ မရှိပဲနဲ့ နေ ရပ် ရင်းပြန်နိုင်ဖို့က အခက်အခဲ ရှိနေတယ်လို့လည်း ဒုက္ခသည်တွေ ဘက်ကပြောဆိုခဲ့တာပါ။
အရင် မြန်မာစစ်အစိုးရ လက်ထက်က ဖိနှိပ်မှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ ကြရတဲ့ တိုင်းရင်းသား ဒုက္ခ သည်တွေကို ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ ထိုင်းအစိုးရက ခိုလှုံခွင့် ပေး ထား တာဖြစ်ပါတယ်။ ဒီဒုက္ခစခန်း၉ခု ထဲမှာ့ကရင်နီဒုက္ခသည်စခန်း ၂ခုပါဝင်တာပါ။ ကရင်နီဒုက္ခသည်စခန်း ၂ခုမှာတော့ ဒုက္ခ သည်ပေါင်း ၁သောင်း ၃ထောင်ကျော်ခို လှုံနေထိုင်နေတာဖြစ်ပြီးကျန်တဲ့ ကရင်ဒုက္ခ သည် စခန်းမှာခိုလှုံ နေတဲ့ ဒုက္ခသည်တွေအားလုံးပေါင်းမယ် ဆိုရင်တော့ ထိုင်းမြန်မာနယ်စပ်က စခန်းတွေမှာ ဒု က္ခသည် တသိန်းနီးပါးလောက် ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါတယ်။

Link : Here
No comments:
Post a Comment