" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, September 9, 2019

နိုင်ငံတကာဖွဲ့စည်းလုပ်ဆောင်မှုတွေ မြန်မာပူးပေါင်းဖို့ ကုလမဟာမင်းကြီး တိုက်တွန်း

VOA
နိုင်ငံတကာ
ဗွီအိုအေ (မြန်မာပိုင်း
09 စက်တင်ဘာ၊ 2019
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet
 
မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) အနေနဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ (UNFFM) ရဲ့ အားကောင်းလှတဲ့ လုပ်ငန်းကို ဆက်လက်လုပ်ဆောင်တဲ့အနေနဲ့ ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ရေး မှုခင်း ဖြစ်ရပ်တွေကို စုဆောင်းသွားတော့မှာ ဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသ မ ဂ္ဂမဟာမင်းကြီး Michelle Bachelet က ပြောပြီး မြန်မာအစိုးရကိုလည်း အခုလို တိုက်တွန်းသွားပါတယ်။
 
“တရားဥပဒေနဲ့အညီ ဖြစ်စေဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ခိုင်မာအားကောင်းစေဖို့ တည် ထောင်ထားတဲ့ နိုင်ငံတကာ ဖွဲ့စည်းလုပ်ဆောင်ချက်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အစိုးရကို ကျမတိုက်တွန်းပါတယ်။” လို့ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၄၂ ကြိမ်မြောက်အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ မဟာမင်းကြီးက ပြောသွားပါတယ်။

IIMM အကြီးအကဲအဖြစ် ပြီးခဲ့တဲ့ဧပြီလမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အတည်ပြုခန့်အပ်ခဲ့တဲ့ နိုင်ငံတကာ ဥပဒေပညာရှင် Nicholas Koumjian ကလည်း သူတို့လုပ်ဆောင်မှာတွေနဲ့ ပတ်သက်ပြီးတော့ ဒီကနေ့အစည်းအ ဝေးအတွင်း ရှင်းပြသွားပြီး လာမယ့်လတွေအတွင်း ဒေသတွင်းကို သူတို့အဖွဲ့ သွားရောက်ဖို့ရှိတယ်ဆိုတာကိုလည်း ပြောသွားပါတယ်။

UNFFM အဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာကိုလည်း အခုအစည်းအဝေးအတွင်း တင်သွင်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံတဝန်း ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ အတိုင်းအတာ ပမာဏအပေါ် ကမ္ဘာကြီးအနေနဲ့ ရှင်းရှင်းလင်းလင်း သိမြင်ကြရပါလိမ့်မယ်လို့လည်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က ပြောသွားပါတယ်။

ရခိုင်ပြည်နယ်မှာ အရင်က ဖြစ်ပျက်ခဲ့တာတွေနဲ့ အခုလက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေ၊ တိုင်းပြည်ကနေ ထွက်ပြေးသွားရသူတွေနဲ့ ပြည်တွင်းမှာ အိုးအိမ်စွန့် ထွက်ပြေးနေရသူတွေ နေရပ်ပြန်နိုင်ရေးအလားအလာ မှေးမှိန်နေတာနဲ့ ရှမ်းပြည်နယ်မှာ မကြာသေးခင်က တိုက်ပွဲတွေ ပြန်ဖြစ်လာတာ ကချင်ပြည်နယ်ဘက်မှာ အခြေအနေတွေ မတည်ငြိမ်သေးတာ စတာတွေကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ထည့်ပြောသွားပါတယ်။

တိုက်ပွဲတွေ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးကြရလို့ လူတွေ ဘေးဒုက္ခရောက်ကြရပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေတယ်လို့လည်း မဟာမင်းကြီး Bachelet က ပြောပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */