" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘူးသီးတောင်. Show all posts
Showing posts with label ဘူးသီးတောင်. Show all posts

Saturday, October 15, 2022

ရိုဟင်ဂျာ တစ်ထောင်နီးပါး အဖမ်းခံထားရပြီး ၂၀၀ ကျော် ထောင်မိန့်ချခံထားရ

RFA
Radio Free Asia
2022.10.14
စစ်တွေမြို့ အနောက်မြောက်ဘက်မှာ ရိုဟင်ဂျာ လှေတစ်စီးကို စစ်တပ်က ဖမ်းဆီးရမိကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားစဉ်။ Photo: RFA

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့အထိ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ ၉၉၂ ဦး ဖမ်းဆီးခံထားရပါတယ်။ အဲဒီအထဲက ၂၂၃ ဦးကို စစ်ကောင်စီတရားရုံးတွေက ထောင်နှစ်နှစ်ကနေ ငါး နှစ်အထိ ချမှတ်ထားပါတယ်။

RFA ရဲ့ စာရင်းတွေအရ အဲဒီ ၉၉၂ ဦးဟာ တချို့က မလေးရှားနိုင်ငံ၊ တချို့က ပြည်တွင်း နေရာတချို့မှာ ပြောင်း ရွှေ့နေထိုင်ဖို့ ကြိုးစားစဉ် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ပြည်တွင်း နေရာတချို့မှာ ဖမ်းဆီးခံလိုက်ရတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်တုန်းကတော့ အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန် ပို့ တာမျိုး လုပ်ဆောင်ခဲ့ပေမယ့် အာဏာသိမ်းပြီးတဲ့နောက်မှာ မြို့နယ်တရားရုံးတွေကနေ လဝကဥပဒေနဲ့ ထောင်ချတာမျိုးလုပ်လာတာလို့ စစ်တွေမြို့က ရိုဟင်ဂျာအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးတင်လှိုင်က ပြော ပါတယ်။

Sunday, October 9, 2022

ဘူးသီးတောင်မှာ ULA အဖွဲ့ဝင် မွတ်ဆလင်တစ်ဦး ပစ်ခတ် ခံရလို့သေဆုံး

 B B C

ဘီဘီစီမြန်မာပိုင်း
၂၀၂၂-၁၀-၀၉
ARSA အဖွဲ့က ပစ်ခတ်တာလို့ စစ်ကောင်စီထုတ်ပြန်ထား

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာက ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA အဖွဲ့ဝင် မွတ်ဆလင် အမျိုးသား တစ်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့ည ၉ နာရီခန့်မှာ သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

ပစ်ခတ်ခံလိုက်ရသူမှာ ဖိုးခေါင်ချောင်းအုပ်စု၊ ကံပြင်ကျေးရွာရာအိမ်မှူး ဦးအာလီအာမောက် ၄၀ နှစ်ခန့်ဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့ည ၉ နာရီခန့်မှာ လက်နက်ကိုင်ဆောင်ထားသူတွေက နေအိမ်တွင်းဝင်ရောက်ကာ ပစ္စတိုနဲ့ ဘယ်ဘက်ရင်အုံကို ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဘူးသီးတောင်က ပရဟိတဆရာ ရိုဟင်ဂျာအမျိုးသား ပစ်သတ်ခံရမှု အပြန်အလှန်စွပ်စွဲမှုတွေရှိနေ

B B C


ဘီဘီစီမြန်မာပိုင်း
2022.10.09

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ပရဟိတဆရာ ရိုဟင်ဂျာအမျိုးသားတစ်ဦး မနေ့မနက်ပိုင်းက ပစ်သတ်ခံရမှုမှာ အပြန်အလှန်စွပ်စွဲမှုတွေရှိနေပါတယ်။

ပရဟိတကျောင်းဆရာ ဦးရှေကုလ်အစ္စလာမ်ဟာ စစ်ရှောင်နေရာကနေ တိရိစ္ဆာန်တွေကို အစာကျွေးဖို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ) တိုက်ပွဲဖြစ်ပွားနေတဲ့ ဂူတာပြင်ကျေးရွာထဲကို သွားရောက်အချိန်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာလို့ တူမတော်စပ်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေ နုက ပြောပါတယ်။

Saturday, October 8, 2022

ဘူးသီးတောင်မှာ ရိုဟင်ဂျာကျောင်းဆရာတစ်ဦး သတ်ဖြတ် ခံရ

RFA
Radio Free Asia
2022.10.08

ပစ်သတ်ခံလိုက်ရသည့် ဂူတာပြင်ရွာခံ ဦးရှေကုလ်။ Photo: Wai Wai Nu Facebook
 

ဦးရှေကုလ်အစ္စလာမ်ဟာ ဂူတာပြင်ကျေးရွာမှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ ကြောင့် စစ်ဘေးရှောင်နေသူတစ်ဦးဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့ မနက်ပိုင်းက ဂူတာပြင်ကျေးရွာ နေအိမ် က အိမ်မွေးတိရိစ္ဆာန်တွေကို အစာသွားကျွေးပြီးအပြန် ပစ်ခတ်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ပစ်သတ်ခံရသူ အသက် ၄၅ နှစ်အရွယ် ဦးရှေကုလ်အစ္စလာမ်ဟာ အဲဒီရွာက ကလေးတွေကို စေတနာ့ဝန်ထမ်း စာသင်ပေးနေတဲ့ ပညာတတ်ကျောင်းဆရာတစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Saturday, October 1, 2022

ရခိုင်မြောက်ပိုင်းရှိ မြို့နယ်အများအပြားသို့ ရွှေပြည်တန်ရေ ယာဉ် ပြေးဆွဲခွင့်မရသေး

DMG
စစ်တွေ
Oct 1, 2022 


 ရခိုင်ပြည် ရေကြောင်းသွားလာရေးတွင် အကျယ်ပြန့်ဆုံး ရေယာဉ်လိုင်းတစ်ခုဖြစ်သော ရွှေပြည်တန်အမြန်ရေ ယာဉ်သည် ရခိုင်မြောက်ပိုင်းရှိ မြို့နယ်များသို့ ခရီးစဉ်ပြေးဆွဲခွင့်မရဘဲ ရပ်တန့်ထားရဆဲဖြစ်သည်ဟု သိရသည်။

အဆိုပါရေယာဉ်လိုင်းကို စက်တင်ဘာလ ၁၅ ရက်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ခရီးစဉ်ပြေးဆွဲခြင်းကို ရပ်တန့်ထားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စစ်တွေ-ပေါက်တော၊ စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-တောင်ကုတ်-မာန်အောင် ခရီးစဉ်များကိုသာ ပြေးဆွဲခွင့်ပြုထားပြီး ကျန်မြို့နယ်များသို့ ပြေးဆွဲ ခွင့် မပြုသေးပေ။

Wednesday, January 12, 2022

ရခိုင်-မွတ်ဆလင်အရေး AA ကိုင်တွယ်နိုင်မလား

ဧရာဝတီ
12 January 2022
 ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်က “ရခိုင်ပြည်နယ်တွင် နေထိုင်ကြတဲ့ မွတ်ဆလင်တွေ” ဟု သုံးနှုန်းကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည် / ဧရာဝတီ


သမိုင်းနှင့်ချီပြီး ဖြစ်ပွားနေသော လူမျိုးနှစ်ခုအကြားက ပြဿနာမီးပွားများက လတ်တလော အခြေအနေတွင် တိတ်ဆိတ်ငြိမ်သက်လျက် နှစ်ဘက်အသိုင်းအဝန်းကြားတွင်လည်း ချစ်ကြည်ရင်းနှီးမှု ပြန်လည်တိုးတက် ကောင်းမွန်လာသည်ကို တွေ့ရသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ၏ ထိန်းချုပ်နယ်မြေ ကျေးရွာများတွင် ရခိုင်တိုင်းရင်းသားများနှင့် မွတ် ဆလင် ကျေးရွာသားများကြား ချစ်ကြည်ရင်းနှီးမှု တိုးတက် ကောင်းမွန်လာစေရန် ဘောလုံးပွဲများ ကျင်းပေ ပးပြီး တချိန်က မျက်နှာလွှဲ ပစ်ပယ်ခံထားရသော မွတ်ဆလင်ရွာသားများကို အသိအမှတ်ပြု ဆက်ဆံလာ သည် ကို တွေ့လာရသည်။

Friday, November 26, 2021

ဘူးသီးတောင်မှ ရိုဟင်ဂျာများ ခရီးသွားခွင့် ပိုမိုကန့်သတ်ခံ လာရ

Myanmar Now
မျိုးထွန်း
Nov 26, 2021
၂၀၂၀ ဖေဖော်ဝါရီလက တွေ့ရသော ဘူးသီးတောင်မြို့နယ်အတွင်း မြင်ကွင်းတစ်ခု (ဓာတ်ပုံ - EPA)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာများ လဝကရုံးထံမှ ခွင့်ပြုချက်လက်မှတ်ရမှ ခရီးသွားနိုင်မည် ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ထားသည်။
                                                                         

Sunday, October 24, 2021

ဘူးသီးတောင်မှ ရိုဟင်ဂျာ ၂ ဦးကို စစ်တပ် ဖမ်းဆီး

Myanmar Now

Sep 25, 2021

ဖမ်းဆီးခံရသူ နှစ်ဦးအနက် တစ်ဦးသည် ဂူတာပြင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး ၎င်းတို့ကို မည်သည့်အတွက်ဖမ်းဆီးသည်၊ မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို မသိရှိရပေ။ ဘူးသီးတောင်မြို့ မြို့တွင်းတစ်နေရာကို စက်တင်ဘာ ဒုတိယပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဂူတာပြင်ကျေးရွာအုပ်စု၊ စိမ့်ညှင်းပြား‌ဈေး၏ ဈေးကော်မတီ ဝင် အမျိုးသားနှစ်ဦးကို ယမန်နေ့ (စက်တင်ဘာ ၂၄) တွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ များထံမှ သိရသည်။

Friday, October 9, 2020

ဘူသီးတောင်တွင် စစ်ရှိန်မြင့်လာ၍ ကျေးရွာနှစ်ရွာမှဒေသခံ များ နေရပ်စွန့်ခွာ

DMG
ကျော်မျိုးအောင် |
DMGအောက်တိုဘာ ၈ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်နှင့် အေအေတို့အကြား နှစ်ဘက်တိုက်ပွဲများသည် ကျေးရွာများအနီး ပိုမိုဖြစ်ပွားလာသောကြောင့် ဒေသခံ ၃၀၀ ကျော် နေရပ်စွန့်ခွာနေရကြောင်း သိရသည်။

Thursday, August 20, 2020

ဘူးသီးတောင်က ၅ ဘာသာ ဂုဏ်ထူးရှင်

B B C
ဘီဘီစီ မြန်မာပိုင်း
2020-08-19

လူမျိုးရေးဘာသာရေး ပဋိပက္ခတွေအပါအဝင် လက်ရှိမှာလည်း တိုက်ပွဲတွေကြောင့် နယ်မြ မတည်မငြိမ်ဖြစ် နေတဲ့ ဘူးသီးတောင်မြို့က မွတ်ဆလင် ကျောင်းသူ တစ်ဦး ဖြစ်တဲ့ မလွင်လွင်ပြုံး က တက္ကသိုလ်ဝင် စာ မေးပွဲကို ၅ ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ အနာဂတ် ရည်မှန်းချက်တွေက ဘာတွေ ပါလဲ။

Link : Here

Thursday, June 25, 2020

ဘူးသီးတောင်မြို့က ကိုဗစ်-၁၉ လူနာ အမှတ် ၂၉၃ ကူတူ ပါလောင်စခန်းတွင်နေထိုင်ခဲ့သူဖြစ်

DVB
လင်းလက်
25 June 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့ခရိုင်မှာ ၈ ဦးမြောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ လူနာအမှတ် ၂၉၃ ဟာ ဘင်္ဂ လားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူဖြစ်ပြီး ကူတူပါလောင်ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့သူဖြစ် ကြောင်း သိရပါတယ်။

Wednesday, February 19, 2020

ဝန်ကြီးဒေါက်တာဝင်းမြတ်အေး လိုက်ပါတဲ့ ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိခိုက်ပျက်စီးမှုမရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)
19 ဖေဖော်ဝါရီ၊ 2020
ကိုနိုင်ကွန်းအိန်


ရခိုင်ခရီးစဉ်များတွင် သယ်ယူပို့ဆောင်ပေးလေ့ရှိသည့် တပ်မတော် ရဟတ်ယာဉ် (ဖေဖော်ဝါရီ ၀၉၊ ၂၀၁၉)
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အဖွဲ့ စီးလာတဲ့ ရဟတ်ယာဉ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပစ်ခတ်ခံရပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ တပ်မတော်ဘက်ကတော့ ဒါဟာ ရခိုင်လက်နက် ကိုင် အဖွဲ့ AA က ပစ်တာလို့ စွပ်စွဲပါတယ်။ ဒီအပေါ် AA ဘက်က တုံ့ပြန်တာတော့ ချက်ခြင်း ထွက်မလာ သေး ပါဘူး။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

Tuesday, January 21, 2020

ဘူးသီးတောင်၊ ဆင်သေပြင်ရွာမှ ရိုဟင်ဂျာမိန်းကလေးငယ် တစ်ဦး ကျည်ဆံထိမှန်

Rohingya Today
ကျော်စိုး
Jan 20, 2020

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း အခြေစိုက် မြန်မာစစ်တပ်စခန်း မှပစ် ခတ်မှုကြောင့် ဆင်သေပြင်ရွာမှ ရိုဟင်ဂျာမိန်းကလေးငယ်တစ်ဦး ကျည်ဆံထိမှန်သွားသည်။

Sunday, June 23, 2019

ဘူးသီးတောင်မြို့နယ် ဂုပ္ပီတွင် ခမီလူမျိုးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

နိရဉ္စရာ
23 Jun, 2019
သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၂၃/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂုပ္ပီကျေးရွာတွင် ဈေးဆိုင်သည် ခမီးလူမျိုးတစ်ဦး သေနတ်ဖြင့် ပစ် သတ် ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

Monday, June 17, 2019

ဘူးသီးတောင်မြို့နယ်ထဲက ခမီတိုင်းရင်းသား ခြောက် ဦးကို တပ်မတော် ဖမ်းဆီး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-17
ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ် Photo: Min Thein Aung/ RFA
 
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဒုံးသိမ်စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေတဲ့ ခမီတိုင်းရင်းသား ခြောက်ဦး ဟာ သူတို့နေအိမ်တွေရှိတဲ့ အလယ်ချောင်းရွာမှာ စားနပ်ရိက္ခာတွေ သွားရောက်သယ်ဆောင်ပြီး ဒုက္ခသည်စခန်းကို ပြန်လာစဉ် တပ်မတော်ရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Tuesday, May 21, 2019

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဘူးသီးတောင်တွင် စစ်ဘေးရှောင်များနှင့်တွေ့ဆုံ

နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၂၁/၂၀၁၉
 မောင်တောကို ရောက်ရှိနေသည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် မောင်တောမှ တစ်ဆင့် ဘူးသီးတောင်မြို့ ရန်အောင်မြေကျောင်းတိုက် စစ်ဘေးရှောင်စခန်းသို့ သွားရောက်ပြီး စစ်ဘေးရှာင်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

ယမန်နေ့ မေလ ၂၀ ရက်နေ့ မောင်တောခရိုင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယနေ့တွင် ဘူးသီတောင် မြို့မှ စစ်ဘေးရှောင်စခန်း အပါအဝင် နေရာ ၂ ခုနှင့် မောင်တောမြို့နယ်တွင် ဖါးဝပ်ချောင်း တိုင်းရင်းသား ကျေး ရွာနှင့် ပန်းတောပြင် မူဆလင် စခန်းသို့ သွားရောက်ခဲ့သည်။

Thursday, May 9, 2019

ဘူးသီးတောင်မြို့နယ်ကွန်တိုင်ကြီးကျေးရွာ၌ စာသင် ကျောင်းဆောင်(၁)ဆောင်နှင့်ဆိုင်ခန်းပေါင်း(၂၉)ခန်းမီးလောင်

မြို့နယ်( ပြန်/ဆက်)
9 May 2019
ဘူးသီးတောင် မေ ၉
မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကြီးကျေးရွာ၌ မေ ၉ ရက် နံနက် ၁ နာရီ ၄၅ အချိန်ကမီး လောင် မှုဖြစ်ပွားခဲ့ကြောင်း သိရသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယမြို့နယ်အုပ်ချုပ် ရေး မှူးဦးလှရွှေ၊မြို့နယ်ပညာရေးမှူး ဦးသန်းဖေ၊မြို့နယ် မီးသတ်ဒုတိယဦးစီးမှူးဦးသန့်ဇော်နှင့်မီးသတ်တပ်ဖွဲ့ဝင်များက နံနက် ၇ နာရီ အချိန်ခန့်က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

Wednesday, April 10, 2019

ဘူးသီးတောင် စည်တောင်ရွာက စစ်ဘေးရှောင်အမျိုး သမီးများ နေရပ်မပြန်နိုင်သေး

DVB
By ဒီဗွီဘီ
10 April 2019

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ရွာမှာ မတ်လ ၂၁ ရက် ညအချိန် ပစ်ခတ်မှု ဖြစ်ပွားပြီး နောက် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံ အများစုဟာ နေရပ် မပြန်နိုင်သေးသလို အစိုးရထံက အကူအ ညီတွေလည်း မရဖြစ်နေပါတယ်။

Tuesday, April 9, 2019

ဘူးသီးတောင် ပြင်ရှည်ကျေးရွာ၌ အမျိုးသမီး ၁ဦးအား စစ်သည် ၁ ဦးက ကာယိန္ဒြေ ပျက်ပြားအောင် ကျူး လွန်မှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိဟုသ တင်းထုတ်ပြန်

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ - ၉ / ၂၀၁၉
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာ၌ ဧပြီ ၇ ရက် မွန်းလွဲပိုင်း တွင် တပ်မတော်သား စစ် သည် ၁ ဦးက အမျိုးသမီး ၁ ဦးအား ကာယိန္ဒြေပျက်ပြားအောင် ကျူးလွန်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စုံ စမ်း စစ် ဆေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

Friday, April 5, 2019

စိုင်းတင် မင်းလှကိုင်းရွာမှ အမျိုးသမီးနှင့်ကလေးငယ် များ ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးခိုလုံ

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၅/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းတင်ချောင်းတွင် တည်ရှိသည့် မင်းလှကိုင်းကျေးရွာမှာ အမျိုးသမီး များနှင့် ကလေးငယ် ၃၃ ဦးသည် ယမန်နေ့က ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးခိုလုံလာကြသည်ဟု သ တင်းရရှိသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */