" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 9, 2019

ဘူးသီးတောင် ပြင်ရှည်ကျေးရွာ၌ အမျိုးသမီး ၁ဦးအား စစ်သည် ၁ ဦးက ကာယိန္ဒြေ ပျက်ပြားအောင် ကျူး လွန်မှု နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိဟုသ တင်းထုတ်ပြန်

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ - ၉ / ၂၀၁၉
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာ၌ ဧပြီ ၇ ရက် မွန်းလွဲပိုင်း တွင် တပ်မတော်သား စစ် သည် ၁ ဦးက အမျိုးသမီး ၁ ဦးအား ကာယိန္ဒြေပျက်ပြားအောင် ကျူးလွန်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စုံ စမ်း စစ် ဆေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
 ၎င်းသတင်းတွင် ပြင်ရှည်ကျေးရွာအနီး ကြက်ဟင်းခါးခြံ၌ ဒေါ်ခိုင်စောရီ(၄၀နှစ်) သည် သားဖြစ်သူနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ဧပြီ ၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် အဆိုပါကျေးရွာရှိ နယ်မြေခံတပ်မှတပ် သားစိုင်းစိုးမြင့် ဆိုသူရောက်ရှိလာပြီး ကာယိန္ဒြေပျက်ပြားအောင် ကိုယ်ထိ လက်ရောက် ပြုလုပ်ခဲ့သဖြင့် သားဖြစ်သူမှ သွားရောက် အကူအညီတောင်းခံခဲ့ရာ ရွာသားများက စစ်သည်အား ဝိုင်းဝန်းဖမ်း ဆီး ချုပ်နှောင်၍ သက်ဆိုင်ရာသို့အကြောင်းကြားအပ်နှံခဲ့ကြောင်း သိရှိရသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေး အတွက် စစ်သည်အား လုပ်ထုံးလုပ်နည်းများနှင့် အညီ စစ်ဘက်အချုပ်၌ထားရှိကာ တာဝန်ရှိသူများဖြင့် စုံစမ်း စစ်ဆေးရေးခုံရုံးဖွဲ့စည်း စစ်ဆေး ဆောင်ရွက် လျက်ရှိပြီး စစ်ဆေးတွေ့ရှိချက်နှင့် အရေးယူ ဆောင်ရွက်ချက်များအား သတင်း ဆက်လက် ထုတ်ပြန်သွား မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

FB

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */