" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, May 9, 2019

ဘူးသီးတောင်မြို့နယ်ကွန်တိုင်ကြီးကျေးရွာ၌ စာသင် ကျောင်းဆောင်(၁)ဆောင်နှင့်ဆိုင်ခန်းပေါင်း(၂၉)ခန်းမီးလောင်

မြို့နယ်( ပြန်/ဆက်)
9 May 2019
ဘူးသီးတောင် မေ ၉
မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကြီးကျေးရွာ၌ မေ ၉ ရက် နံနက် ၁ နာရီ ၄၅ အချိန်ကမီး လောင် မှုဖြစ်ပွားခဲ့ကြောင်း သိရသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယမြို့နယ်အုပ်ချုပ် ရေး မှူးဦးလှရွှေ၊မြို့နယ်ပညာရေးမှူး ဦးသန်းဖေ၊မြို့နယ် မီးသတ်ဒုတိယဦးစီးမှူးဦးသန့်ဇော်နှင့်မီးသတ်တပ်ဖွဲ့ဝင်များက နံနက် ၇ နာရီ အချိန်ခန့်က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှာမာ မတ်ဟူဆောင်း၏အလျား(၆)ပေ၊အနံ(၇)ပေ၊ အမြင့်(၈)ပေ၊ ဓနိမိုး၊ဝါးထရံကာ၊မြေစိုက်အကြော်ဆိုင်) ဆိုင်ခန်း၏မီးကြွှင်းမီးကျန်မှမီးပေါ့ဆလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာအနားရှိဆိုင်ခန်း(၂၉)ခန်းနှင့်အလျား (၆၀)ပေ၊အနံ(၃၀)ပေ၊အမြင့်(၁၅)ပေ၊သွပ်မိုး၊အုတ်ကာ၊ကွန်ကရစ်ခင်းအတိုင်းအတာရှိအစိုးရပိုင် အလက (ခွဲ)စာသင်ကျောင်းဆောင်တစ်ခုနှင့်အလျား(၄၅)ပေ၊ အနံ(၁၅)ပေ၊ အမြင့်(၈)ပေ၊ဓနိမိုး၊ဝါးထရံကာမြေခင်း အတိုင်း အတာရှိအာရ်ဗီစာသင်ကျောင်းဆောင်တစ်ခုသို့ကူးစက်လောင်ကျွမ်းခဲ့ရာကျေးရွာအုပ်ချုပ်ရေး အဖွဲ့နှင့်ကျေးရွာသားများမှဝိုင်းဝန်းငြိမ်းသတ်မှုကြောင့်၂နာရီ၄၅ အချိန်မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင်းစုစုပေါင်းဆုံးရှုံးတန်ဖိုးမှာ(၂၆၆၅၀၀၀)ကျပ်( နှစ်ဆယ့်ခြောက် သိန်းခြောက်သောင်း ငါးထောင်ကျပ် )ခန့်ကျော်ဆုံးရှုံးခဲ့ပြီးမီးပေါ့ဆစွာသုံးစွဲသူမာမတ်ဟူဆောင်အားလေးမြို့နယ်ခြားစောင့်ရဲစခန်းမှလက် ခံ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */