Thursday, June 25, 2020

ဘူးသီးတောင်မြို့က ကိုဗစ်-၁၉ လူနာ အမှတ် ၂၉၃ ကူတူ ပါလောင်စခန်းတွင်နေထိုင်ခဲ့သူဖြစ်

DVB
လင်းလက်
25 June 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့ခရိုင်မှာ ၈ ဦးမြောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ လူနာအမှတ် ၂၉၃ ဟာ ဘင်္ဂ လားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူဖြစ်ပြီး ကူတူပါလောင်ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့သူဖြစ် ကြောင်း သိရပါတယ်။

သူ့ကို ဇွန်လ ၂၁ ရက် ညနေ ၄ နာရီခွဲလောက်က မောင်တောမြို့မှ ဘူးသီးတောင်မြို့ သို့သွားရောက်စဉ် မောင်တောမြို့ ၄ မိုင်ဈေးမှာ မောင်တောခရိုင်အုပ်ချုပ်ရေးနဲ့ ကျန်းမားရေးတာဝန်ရှိသူတွေက ဖော်ထုတ်ဖမ်း ဆီးရမိတာ ဖြစ်ပါတယ်။
သူနဲ့အတူ တရားမဝင် ဝင်ရောက်လာသူ နောက်ထပ် ၅ ဦးကိုပါ ဇွန်လ ၂၃ ရက်နေ့မှာ ဖမ်းဆီးရမိတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ထံက ပြောပါတယ်။

“၄ မိုင်က ဖမ်းမိတဲ့သူကို သေချာစစ်ဆေးတော့ သူနဲ့အတူမောင်တောကိုလာတဲ့သူတစ်ဦး မြို့မ ကညင်တန်း မှာထပ်တွေ့ပြန်တယ်။ နောက်ဖမ်းမိတဲ့သူကို စစ်ဆေးတော့ ပထမငြင်းတယ်။ နောက်မှ ဝန်ခံတယ်။ ဒကြီး စားကျေးရွာမှာ ဝှက်ထားတဲ့ သူ့မိသားစု ၄ ဦး သူနဲ့ဆို အားလုံး ၅ ဦး ၄မိုင်မှာ ဖမ်းမိသူ ၁ ဦးနဲ့ ဆို ၆ ဦးဖမ်းမိ ခဲ့တယ်။”လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

သူတို့ ၆ ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဇွန် ၂၀ ရက်‌ မနက်ပိုင်းက မောင်တောမြို့နယ် ဒကြီးစားကျေးရွာသို့ တရားမဝင်ပြန်လည်ဝင်ရောက်လာခဲ့ပြီး သူဦးလာကျေးရွာမှာ တစ်ညအိပ်ခဲ့ကာ ဇွန် ၂၁ ရက်မှာ ဘူးသီး တောင်မြို့နယ်သို့သွားစဉ် မောင်တောမြို့နယ် ၄ မိုင်ဈေးမှာ အခုပိုးတွေ့သူကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

မောင်တောမြို့ ၄ မိုင်ဈေးမှာ သူနဲ့ထိတွေခဲ့သူ ၄ ဦး သူအပါအဝင် ၅ ဦးရဲ့ နှာခေါင်း နဲ့အာခေါင်တို့ဖတ်တွေကို ကနဦးဓာတ်ခွဲစစ်ဆေးဖို့ပို့ဆောင်ထားရာမှာ သူတစ်ဦးတည်းမှာသာ ပိုးတွေ့ရှိခဲ့ကြောင်း ကျန်မားရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်နေ့ ညနေ ၈ နာရီ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မောင်တောခရိုင်မှာ ၈ ဦးမြောက် ပိုးတွေ့လူနာအမှတ် ၂၉၃ ဟာ ဘူးသီးတောင်မြို့နယ်- သရကုန်မနူကျေး ရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကူတူပါလောင် ဒုက္ခသည်စခန်း (D) ဘလောက် (1)မှာ နေထိုင်ခဲ့ကြောင်း စစ်ဆေးချက်အရ သိရှိရပါတယ်။

သူနဲ့အတူဘင်္ဂလားဒေ့ရှ်နိုင်ငံက လိုက်ပါလာခဲ့သူ ၅ ဦးနဲ့ ကားဒရိုင်ဘာ သုံးဘီးမောင်း သမားတို့ကို ဇွန်လ ၂၆ ရက် ဒီနေ့မှာ သူတို့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို ရယူသွားဖို့ ရှိပါတယ်။

လက်ရှိမှာ မောင်တောခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၈ ဦးရှိတဲ့အနက် မောင်တောခရိုင်ပြည် သူဆေးရုံကြီးမှာ ၆ ဦးနဲ့ ဘူးသီးတောင်မြို့ပြည်သူဆေးရုံမှာ ၂ ဦး ဆေးကုသမှု ခံယူနေကြပါတယ်။

သတင်း-



Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */