" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, April 10, 2019

ဘူးသီးတောင် စည်တောင်ရွာက စစ်ဘေးရှောင်အမျိုး သမီးများ နေရပ်မပြန်နိုင်သေး

DVB
By ဒီဗွီဘီ
10 April 2019

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ရွာမှာ မတ်လ ၂၁ ရက် ညအချိန် ပစ်ခတ်မှု ဖြစ်ပွားပြီး နောက် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံ အများစုဟာ နေရပ် မပြန်နိုင်သေးသလို အစိုးရထံက အကူအ ညီတွေလည်း မရဖြစ်နေပါတယ်။

စည်တောင်ရွာက ထွက်ပြေးလာတဲ့ ရွာသားတွေဟာ ရသေ့တောင်မြို့နယ် ဆင်ခုံတိုင်ရွာ စစ်ဘေးရှောင် စခန်းနဲ့ ဘူးသီးတောင်မြို့နယ် စေတီတောင် စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါ တယ်။

ဆင်ခုံတိုင်ကျေးရွာ စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ မလှခိုင်က “ကျမတို့ ရွာကို တညလုံးပစ်ခတ်ခဲ့ကြတယ်။ ရွာကို လုံးဝမပြန်ရဲတော့ပါဘူး။ ပစ်ခတ်တဲ့အချိန်မှာ ကျမတို့ ဘယ်နေရာကို ပြေးလို့ ပြေးရမှန်းမသိခဲ့ပါဘူး။ မနက်မိုးလင်းတာနဲ့ဆင်ခုံတိုင်ရွာကို ပြေးလာတာပါ။ အခုရွာပြန်ဖို့က ကျမတို့ မပြန်ရဲတော့ပါဘူး။

ရွာပြန်ဖို့ဆိုတာက ကျမတို့ ရွာ အေးချမ်းမှပဲ ပြန်ချင်ပါတယ်။ အစိုးရကနေပြီးတော့ ကျမတို့ပြည်သူတွေကို ဘာမှမလုပ်ဘူး ဆိုတော့မှ ပြန်ချင်ပါတယ်။ အစိုးရက ကျမတို့ကို ဘာပံ့ပိုးမှုမှမရှိပါဘူး။ ကျမတို့ရွာမှာ နောက် ဒီလို အ ပြစ်မဲ့ပြည်သူတွေကို မပစ်ခတ်တော့ပါဘူးလို့ ပြောမှ ကျမတို့ရွာပြန်မှာပါ”လို့ ပြောပါတယ်။

အေအေနဲ့ တပ်မတော် တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ် စည်တောင်၊ နွာရုံတောင်၊ ဥယျာဉ်သာ၊ စပါးထား၊ ကွမ်းတောင်စတဲ့ ကျေးရွာတွေမှ စစ်ဘေးရှောင်ဒုက္ခသည် ၁၃၂၁ ဦး နေထိုင် နေကြတာပါ။

စည်တောင်ကျေးရွာသူ၊ ရွာသား တချို့ကတော့ ဧပြီလ ၉ ရက် မနက်ပိုင်းမှစပြီး မိမိတို့ကျေးရွာကို ပြန်နေကြ တာတွေ ရှိနေပါတယ်။

ရွာပြန်နေတဲ့ ဒေါ်သန်းသန်းက “ရွာကိုပြန်လို့သာ ပြန်နေရတာပါ။ ကြောက်တော့ ကြောက်ပါတယ်။ ဒါပေ မယ့် ကိုယ်ရွာကိုယ် အိမ်မှာပဲ နေချင်လို့ပြန်တာပါ။ အေးချမ်းမယ်လို့တော့ မထင်မိပါဘူး။ မွေးမြူထားတဲ့ ဝက်တို့ကြက် နွား တွေပျောက်ဆုံးတာတွေလည်း ရှိတယ်”လို့ ရှင်းပြပါတယ်။

ရွာပြန်နေတဲ့ ဒေါ်ဦးခင်ကတော့ “မပြန်တဲ့ လူတွေများပါတယ်။ အများစုကတော့ မပြန်ကြသေးပါဘူး။ ကျမ မှာ အိမ်ကို ဒီလိုပစ်ထားလို့မရပါဘူး။ အိမ်မှာ လုပ်ကိုင်စားသောက်ရေး လုပ်ငန်းတွေက ရွာမှာဖြစ်လို့ပြန် ရ တာပါ။ သင်္ကြန်ကတော့ ဘယ်လိုကျနိုင်တော့မှာလဲ။ ရွာမှာ ဆရာတော်သံဃာတော်တွေလည်း ပြေးကုန် ကြပြီ ဥပုသ် သီလတောင် စောင့်နိုင်မယ်မထင်ပါဘူး” လို့ ပြောပါတယ်။

မတ်လ ၂၁ ရက် စည်တောင်ရွာမှာ ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံးခဲ့ရပြီး ၇ ဦဒဏ်ရာရှိခဲ့ပါတယ်။ သေ ဆုံးသူ ၅ ဦးကိုတော့ မတ်လ ၂၃ ရက်မှာ ဘူူးသီးတောင်သုဿန်မှာ ဂူသွင်းသဂြိုၤဟ်ခဲ့ပါတယ်။

စည်တောင်ကျေးရွာကတော့ လက်ရှိအချိန်မှာ နေထိုင်သူမဲ့နေတဲ့ ရွာပျက်ကြီးလို ဖြစ်နေပြီး မပေါက်ကွဲသေး တဲ့ လက်နက်ကြီးကျည်တွေ လောင်ချာဗုံးသီးတွေလည်း ဒီအတိုင်း ရှိနေပါသေးတယ်။

သက်ဆိုင်ရာကလည်း လက်နက်တွေကို လာရောက်သိမ်းဆည်း ဖောက်ခွဲဖျက်ဆီးတာ မရှိသေးဘူးလို့ ဒေ သခံတွေက ပြောပါတယ်။

ဗညား
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */