" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, June 23, 2019

ဘူးသီးတောင်မြို့နယ် ဂုပ္ပီတွင် ခမီလူမျိုးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

နိရဉ္စရာ
23 Jun, 2019
သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၂၃/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂုပ္ပီကျေးရွာတွင် ဈေးဆိုင်သည် ခမီးလူမျိုးတစ်ဦး သေနတ်ဖြင့် ပစ် သတ် ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
 

ပစ်သတ်ခံရပြီး သေဆုံးသွားသူမှာ ဦးသာစံအောင် (၄၅)နှစ်ဖြစ်ပြီး အမည်မသိ လက်နက်ကိုင် တစ်ဦးက ဂုပ္ပီဘုန်း တော်ကြီးကျောင်းသို့ ခေါ်ဆောင်ပြီး ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ဇနီးဒေါ်ခင်လေးရီ ကနိရဉ္စရာ သတင်းဌာ နသို့ ပြောသည်။

ဒေါ်ခင်လေးရီက “ဒီနေ့ မနက် ၅နာရီက ဖြစ်တယ်လို့ပြောပါတယ်။ ကျမလည်းမရှိဘူး။ ကျမက ဘူးသီးတောင် မြို့ပေါ်မှာပါ။ ကလေးတွေ ဆယ်တန်း၊ ကိုးတန်းတက်နေတော့ ကျမက သူတို့နဲ့နေတာ။ ကျမအိမ် ရှင်ကကလေး တွေကျောင်းတက်နိုင်ဖို့ အတွက် ငါဒီမှာ ဆိုင်ရောင်းပြီး ကျန်ခဲ့မယ်ဆိုပြီး ဂုပ္ပီမှာ ရောင်းပြီး ကျန်ခဲ့တာ။ အခုတော့ အသတ်ခံပြီ သေဆုံးသွားပါပြီ”ဟု သူမကဆိုသည်။

သေနတ်ဖြင့် ပစ်သတ်ခဲ့သူမှာ ဘယ်လက်နက်ကိုင် အဖွဲ့ကဆိုသည်ကို မသိရကြောင်း၊ သေနတ်ဖြင့် ပစ်သတ်သွား သူမှာ တစ်ဦးတည်းဖြစ်ပြီး လက်ထဲတွင် လက်ပစ်ဗုံးနှင့် သေနတ်ကိုင်ဆောင်ထားသည်ဟု သိရကြောင်း၊ ဘုန်းတော်ကြီး ကျောင်းသို့ ခေါ်ယူပြီး ပစ်သတ်ကာ ၎င်းတို့ဆိုင်အတွင်းမှ ငွေ ကျပ် ၇ သိန်းကျော် ကိုလည်း ယူဆောင်သွားကြောင်း၊ ထိုသို့ ပစ်သတ်ခံမှုအား ကျွန်းပေါက်ရဲကင်းသို့ တိုင်းကြားခဲ့ကြောင်း ဒေါ် ခင်လေးရီက ပြောသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းအား ဘူးသီးတောင်ဆေးရုံသို့ ရင်ခွဲစစ်ဆေးရန် ယူဆောင်လာကြောင်း ၊ ဘုတ်ပေါ်တွင် အတူလိုက်ပါလာကြောင်း သူမက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်အား အသေစိတ် သိရှိရန် နယ်မြေခံ ကျွန်းပေါက်ရဲကင်းသို့ ဆက်သွယ်ရန်ကြိုးစားသော် လည်း အဆက်သွယ်၍မရရှိခဲ့ပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */