" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts

Tuesday, December 17, 2019

မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်း ကို သွားမယ်

B B C
ဘီဘီစီ မြန်မာပိုင်း
17 ဒီဇင်္ဘာ2019
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ


မြန်မာနိုင်ငံခြားရေးဝန် ကြီးဌာန က ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းကို ဒီတစ်ပတ်ထဲ သွားရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။

Tuesday, December 10, 2019

ICJ ကြားနာပွဲကို ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ တက်မည်

VOA
ဗွီအိုအေ (မြန်မာဌာန)
10 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
International Court of Justice ICJ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တရားရုံး ကြားနာပွဲကို တက်ရောက် ခြင်းအားဖြင့် ရိုဟင်ဂျာတွေအပေါ် ဘယ်လောက်ထိညှင်းပန်းနှိပ်စက်ခဲ့သလဲဆိုတဲ့ အခြေအနေမှန်တွေကို သူကိုယ်တိုင် သိရှိနားလည်လာဖို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ဗွီအိုအေကို ပြော ကြားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လည်း ICJ တရားရုံးကို တက်ရောက် မှာဖြစ်ပါတယ်။

Monday, December 9, 2019

ဘင်္ဂလားနဲ့ မြန်မာ စစ်အရာရှိတွေ ဒုက္ခသည်နေရပ်ပြန်ရေး ဆွေးနွေးမည်

VOA

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Aziz Ahmed ဟာ မြန်မာ့တပ် မတော် ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွား ကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေးကိစ္စ ဆွေးနွေးသွားမှာ ဖြစ်သလို နှစ်နိုင်ငံကြားတည်ရှိတဲ့ ရင်းနှီးမှု တွေ ပိုမိုခိုင်မြဲရေး နည်းလမ်းရှာဖွေသွားမယ်လို့ ဆိုပါတယ်။

Saturday, December 7, 2019

ဒုက္ခသည်စခန်းက ရိုဟင်ဂျာအဖွဲ့တဖွဲ့ရုံး ပိတ်ထားဖို့ ဘင်္ဂလားဒေ့ရှ် အမိန့်ထုတ်

VOA
07 ဒီဇင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ဒုက္ခသည်စခန်း


ကူတူးပါလောင် ဒုက္ခသည်စခန်းက ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ အာရကန် ရိုဟင်ဂျာ အဖွဲ့အစည်းလို့ နာမည်ပေးထားတဲ့ ARSPH အဖွဲ့ရဲ့ဌာနချုပ်ကို ချိတ်ပိတ်ထားဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အမိန့် ထုတ်ခဲ့တယ်လို့ အဖွဲ့ပြောခွင့်ရ Sayed Ullah ကပြောကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတာ နှစ်နှစ်ကျော်လာချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက အခုလို အမိန့် ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီအဖွဲ့ရဲ့လှုပ်ရှားမှုအားလုံးကို နောက်အမိန့်တစုံတရာ မထုတ်ပြန်မချင်း ရပ်ဆိုင်း ထားဖို့ပါ ပြောကြားထားတာပါ။

Wednesday, November 6, 2019

၂၀၁၇ လူ့အခွင့်အရေးချိုးဖောက် ခံရမှုတွေကိုစုံစမ်းဖို့ ဘင်္ဂ လားဒေ့ရှ်သွားမည်

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
သန့်ဇင်ဦး
2019-11-06 
ကုလသမဂ္ဂဆိုင်ရာ ဂျပန် အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမား ၂၀၁၉၊ သြဂုတ်လက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့စဉ် Photo: Independent Commission Of Enquiry_ICOE_myanma
 
လွပ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဒီလခရီးစဉ်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရထံ အကြောင်း ကြား ထားပြီးတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်း အေးက RFA ကိုအတည်ပြုပါတယ်။

Thursday, October 31, 2019

ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒုက္ခသည် ၄၀ ကျော် ထပ်ဝင်လာ

ဧရာဝတီ
By မင်းအောင်ခိုင်
31 October 2019
ငါးခူရ စခန်းဘက်သို့ ပြန်လည်ဝင်ရောက်လာသူများ / Myanmar Embassy Dhaka

ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသူများထဲမှ အမျိုးသား ၊ အမျိုးသမီး စုစု ပေါင်း ၄၆ ဦးသည် မောင်တောမြို့နယ်သို့ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက မိမိဆန္ဒအလျှောက် ပြန်လည် ဝင်ရောက် လာကြောင်း သတင်း ရရှိသည်။

အဆိုပါ နေရပ်စွန့်ခွာသူ ၄၆ ဦးသည် ငါးခူရ ပြန်လည်လက်ခံရေးစခန်းဘက်မှ ၄၂ ဦးနှင့် တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေး စခန်းဘက်မှ ၄ ဦး တို့ ဖြစ်ပြီး တရားဝင် အကြောင်းကြားကာ ပြန်လည် ဝင်ရောက်လာ  ခြင်း ဖြစ်ကြောင်း မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

Friday, September 27, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ တတိယနိုင်ငံမှာ အခြေချရေး ဘင်္ဂ လား စိတ်ဝင်စား

VOA
ဗွီအိုအေ (မြန်မာဌာန)
27 စက်တင်ဘာ၊
2019 ဗွီအိုအေ (မြန်မာပိုင်း)


ရိုဟင်ဂျာ ဒုက္ခသည်တွေကို တတိယနိုင်ငံမှာ အခြေချရေး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက လမ်းဖွင့် ထားကြောင်း နယူးရောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေးဝန်ကြီး Dr. AK Abdul Momen က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ တကယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ နိုင်ငံရှိလာမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်က ကြိုဆိုကြောင်း လည်း ပြောပါတယ်။

Thursday, August 29, 2019

ရိုဟင်ဂျာ နောက်ဆုံးအခြေအနေ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီး ဒါကာမှာ ရှင်းလင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
29 သြဂုတ်၊ 2019

မြန်မာပြည်က ထွက်ပြေးရမှု ၂ နှစ်ပြည့် အခမ်းအနားကို သြဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေရှ့်ရောက် ရိုဟင်ဂျာတွေ ကျင်းပခဲ့ကြပါတယ်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ဟာ ကြာသပတေးနေ့ ညနေ ၄ နာရီမှာ ဒါကာ အ
ခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂ အေဂျင်စီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာအရေး နောက် ဆုံး အခြေအနေတွေကို ရှင်းလင်းပြောကြားဖို့ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိ သူတစ်ဦးက ပြောပြတယ်။

Thursday, August 22, 2019

ဒုက္ခသည်တွေနေရပ်ပြန်ဖို့ တုံ့ဆိုင်းနေတဲ့အပေါ် စိတ်မကောင်းကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြော

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-22

ဘင်္ဂလားဒေ့ရှ်က Shalbagan စခန်းမှာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ စောင့်နေတဲ့ ကားသမားတစ်ဦးကို ၂၀၁၉ သြဂုတ် ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: MUNIR UZ ZAMAN / AFP
                                   


ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တုံ့ဆိုင်းနေကြတဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီး အဘူမိုမင် က ပြောပါတယ်။

ကြာသပတေးနေ့က စတင်ခဲ့တဲ့ ဒုက္ခသည်ပြန်ပို့ရေးလုပ်ငန်းရလဒ်ကို ကြေညာဖို့ ၀န်ကြီး အဘူမိုမင် ဟာ ညနေ လေးနာရီအထိ စောင့်ဆိုင်း ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနဲ့ တရုတ်အစိုးရအရာရှိတွေလည်း ဒုက္ခ သည်ပြန်လည်ခေါ် ယူရေးလုပ်ငန်းအတွက် ကောက်စဘဇား က ဒုက္ခသည်စခန်းတွေကိုရောက်ရှိနေခဲ့ကြပါ တယ်။ နိုင်ငံခြားရေးဝန်ကြီး အဘူမိုမင်ဟာ ညနေ လေးနာရီ အထိ စောင့်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ နေရပ်ပြန် လိုသူ တဦးတယောက်မှ ပေါ်ပေါက်မလာခဲ့ပါဘူး။

Tuesday, July 23, 2019

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး ASEAN ကူညီဖို့ Bangladesh တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန) 
23 ဇူလိုင်၊ 2019
မသိင်္ဂီထိုက်

ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး အတွက် တွန်းအားပေး ဆောင်ရွက်ကြဖို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ကို ဘင်္ဂလားဒေရှ့်က တိုက်တွန်းလိုက်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံ မြို့တော် Caracas မှာ ကျင်းပတဲ့ ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှု Non-Aligned Movement ရဲ့ ၀န်ကြီးများ အဆင့် အစည်းအဝေးမှာ ကုသလမဂ္ဂ ဆိုင်ရာ ဘင်္ဂလားဒေရှ့် သံအမတ်ကြီးက တိုက်တွန်းသွားတာပါ။ ဌာနေပြန်ရေး အတွက် မြန်မာနဲ့ ဘင်္ဂလာဒေရှ့် နှစ်နိုင်ငံ သဘောတူညီချက်ကို အေ ကာင်အထည်ဖော်ဖို့လည်း ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှု ၀န်ကြီးများ အဆင့် အစည်းအဝေးက တိုက် တွန်း ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။

Friday, July 19, 2019

ရိုဟင်ဂျာအရေး မြန်မာအပေါ် ဘဏ္ဍာရေးအရ ဒဏ် ခတ်ဖို့ ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 ဇူလိုင်၊ 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉)

မြန်မာနိုင်ငံကနေ ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တ သန်းနီး ပါးကို မြန်မာနိုင်ငံက ပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လိုလားနေပြီး အဲဒီလိုဖြစ်လာအောင် နိုင်ငံတကာ က ဘဏ္ဍာငွေကြေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုနဲ့ ထောက်ခံ ပံ့ပိုးစေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ် ထိပ်တန်း တာဝန်ရှိသူ တဦးက ပြောပါတယ်။

Saturday, July 13, 2019

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ ရေဘေးအန္တ ရာယ် HRW သတိပေး

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
13 ဇူလိုင်၊ 2019
ရိုဟင်ဂျာ ဒုက္ခသည်များ (ဇူလိုင်၊ ၀၄၊ ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ မုတ်သုံရာသီကာလ မိုးများပြီး ရေကြီး မြေပြိုတာ တွေကြောင့် ဒုက္ခသည် နေအိမ်တွေ အများအပြား ဆုံးရှုံးရမယ့်အခြေအနေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ များ လာနိုင်တဲ့အထိ ဆိုးဆိုးရွားရွား ကြုံနေရတဲ့အကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ Human Rights Watch က ပြောပါတယ်။

Wednesday, June 12, 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရိုဟင်ဂျာတွေကို တွေ့ဆုံအားပေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-12
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
 
■ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ တရုတ်အစိုးရက ကူညီသွားမယ့် အကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့လည်း အနီးကပ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်က ပြောလိုက်ပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။

ရိုဟင်ဂျာအရေး ဘင်္ဂလားဒေ့ရှ်နဲ့ အမေရိကန်အကြား ဆွေးနွေး

VOA
နိုင်ငံတကာ
ဗွီအိုအေ (မြန်မာပိုင်း)
12 ဇွန်၊ 2019
ရိုဟင်ဂျာ ဒုက္ခသည်များ

ရိုဟင်ဂျာ ဒုက္ခသည်အရေး ဖြေရှင်းရာမှာ မြန်မာနိုင်ငံကို တွန်းအားပေးဖို့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား လက်ခံ သဘောတူခဲ့ကြကြောင်း တာဝန်ရှိသူတွေက ပြောဆို လိုက်ပါတယ်။

Saturday, June 8, 2019

ဘင်္ဂလာဒေ့ရှ်ရဲ ပစ်ခတ်၍ ဒုက္ခသည် ပြန်ပေးသမား ၃ ဦး သေဆုံး

နိရဉ္စရာ
နိရဉ္စရာ၊ ဇွန်လ ၇ / ၂ဝ၁၉

ဘင်္ဂလာဒေ့ရှ် ရဲ၏ ပစ်ခတ်မှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် မွတ်ဆလင် ဒုက္ခသည်နေထိုင်ရာ လေဒါစခန်းမှ ပြန်ပေးသမား ၃ ဦးသေဆုံးသွားကြောင်း ဘင်္ဂလာဒေ့ရှ် မီဒီယာများတွင် သတင်းဖော်ပြသည်။

သေဆုံးသွားသူ ၃ ဦးသည် ဒုစရိုက်လောကသမားများနှင့် အဆက်အသွယ်ရှိသူများ ဖြစ်ကြပြီး ဘင်္ဂလာရဲ တပ်ဖွဲ့မှ ပြန်ပေးဆွဲခံရသည့် တက်ကနက်မြို့နယ် လေဒါ ဒုက္ခသည် စခန်းမှ ကလေးငယ်ကို ကယ်တင်ရန် ပြုလုပ်သည့် ရဲတပ်ဖွဲ့ စစ်ဆင်ရေး တစ်ခုတွင် ရဲက ပစ်ခတ်၍ ၎င်းတို့ ၃ ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

Monday, May 13, 2019

လူမှောင်ခိုခံရမယ့် ရိုဟင်ဂျာ မိန်းကလေး ၂၃ ဦးကို ကယ်တင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
13 May 2019
Photo: DIBYANGSHU SARKAR / AFP
(ကုတုပလောင် ဒုက္ခသည်စခန်းကို တွေ့ရစဉ်)

■ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ လူမှောင်ခို တင်ပို့ခံရမယ့် ရိုဟင်ဂျာ မိန်းကလေး ၂၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ပြောပါတယ်။

Saturday, April 20, 2019

ရိုဟင်ဂျာဌာနေပြန်ရေး မြန်မာ-ဘင်္ဂလာဒေ့ရှ် ၄ ကြိမ် မြောက် ဆွေးနွေးမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသရှိ ဒုက္ခသည်စခန်းထဲက ဈေးထဲမှာ ရိုဟင်ဂျာဒုက္ခသည်များ စုဝေးနေကြစဉ် (မတ်၊ ၀၇၊ ၂၀၁၉)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံ ကိုယ်စားလှယ်တွေရဲ့ ၄ ကြိမ်မြောက်အစည်းအဝေးကို နေပြည်တော်မှာ မေ လ ၃ ရက်နေ့ကျရင် ကျင်းပပါလိမ့်မယ်။

Tuesday, April 9, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အရာရှိတွေ အစည်းအဝေး အချက် ၁၁ ချက် သဘောတူ

RFA
လွတ်လပ်တဲ့ အာရှအသံ
ကိုဝင်းကိုကိုလတ်
2019-04-09
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အရာရှိတွေ အစည်းအဝေးကို ၂၀၁၉ ဧပြီ ၈ ရက်နေ့ကစတင်ကျင်းပခဲ့စဉ် 

 အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု တားဆီးရေးနဲ့ မူးယစ်ဆေးဝါး တားဆီးရေး အပါအ၀င် အချက် ၁၁ ချက်ကို မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့တွေအကြား အဆင့် မြင့်အရာရှိကြီးတွေ အစည်းအဝေးမှာ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တလျှောက် အကြမ်းဖက် တိုက်ဖျက်ရေးမှာ ပိုမိုပူးပေါင်းကြဖို့ နေပြည်တော် အစည်းအဝေးမှာ သဘောတူခဲ့


B B C 
ဘီဘီစီ မြန်မာပိုင်း
9 ဧပြီ 2019

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ အဆင့်မြင့်အရာရှိကြီး များ အစည်းအဝေးမှာ ၂ နိုင်ငံ နယ်နိမိတ်မျဉ်းတလျှောက် ညှိနှိုင်းကင်းလှည့်ဖို့၊ နိုင်ငံဖြတ်ကျော် မှုခင်း အချက် အလက်တွေ မျှဝေဖလှယ်ဖို့၊ တပ်ရင်းမှူးအဆင့်ရှိ ကွပ်ကဲရေးမှူးညှိနှိုင်းအစည်းအဝေးတွေ ပုံ မှန် ပြုလုပ် ဖို့ တွေကို သဘောတူခဲ့ကြပါတယ်။

Monday, April 8, 2019

နယ်စပ်မှာ အကြောင်းမဲ့ပစ်ခတ်မှုတွေ မဖြစ်ပွားရေး မြန်မာကို ဘင်္ဂလားဒေ့ရှ် တောင်းဆို

RFA
လွတ်လပ်တဲ့ အာရှအသံ
ကိုဝင်းကိုကိုလတ်
2019-04-08

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့တွေအကြား အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးကို ၂၀၁၉၊ ဧပြီ ၈ ရက်နေ့က နေပြည်တော်ရှိ Royal ACE ဟိုတယ်မှာ ကျင်းပစဉ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသမှာ အကြောင်းမဲ့ ပစ်ခတ်မှုတွေမဖြစ်အောင် ဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် Md Shafeenul (မာမွတ်ရှာဖီနူးလ်) က မြန်မာဘက်ကို တောင်းဆိုလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */