Tuesday, April 9, 2019

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တလျှောက် အကြမ်းဖက် တိုက်ဖျက်ရေးမှာ ပိုမိုပူးပေါင်းကြဖို့ နေပြည်တော် အစည်းအဝေးမှာ သဘောတူခဲ့

B B C 
ဘီဘီစီ မြန်မာပိုင်း
9 ဧပြီ 2019
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေရဲ့ အဆင့်မြင့်အရာရှိကြီး များ အစည်းအဝေးမှာ ၂ နိုင်ငံ နယ်နိမိတ်မျဉ်းတလျှောက် ညှိနှိုင်းကင်းလှည့်ဖို့၊ နိုင်ငံဖြတ်ကျော် မှုခင်း အချက် အလက်တွေ မျှဝေဖလှယ်ဖို့၊ တပ်ရင်းမှူးအဆင့်ရှိ ကွပ်ကဲရေးမှူးညှိနှိုင်းအစည်းအဝေးတွေ ပုံ မှန် ပြုလုပ် ဖို့ တွေကို သဘောတူခဲ့ကြပါတယ်။
 တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်တာတွေ၊ နယ်စပ်ဒေသအနီး ပစ်ခတ်တာတွေ မလုပ်ဖို့ တွေ ကို လည်း၂ ဖက် ခေါင်းဆောင်တွေက ဧပြီလ ၈ ရက်နေ့ အစည်းအဝေးထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။

၂ ရက်ကြာ အစည်းအဝေးမှာ ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး တိမ်း ရှောင်ခဲ့တဲ့ ဒုက္ခသည်တွေ ပြန်လာရေးကိစ္စတွေကို ထည့်သွင်းမဆွေးနွေးခဲ့ကြပါဘူး။

ဒါပေမဲ့ ၂ နိုင်ငံအကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံရပြီးလို့ လွတ်မြောက်လာမယ့်သူတွေ ပြန်လည်လွှဲအပ်ဖို့ ကို ထည့်သွင်း သဘောတူခဲ့ကြပါတယ်။
 ဘင်္ဂလားဒေ့ရှ်ဘက်က ဦးဆောင်ပြီး အစည်းအဝေးတက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ရှက်ဖီးနဲလ် အစ္စလာမ် ကလည်း 'နယ်စပ်တလျှောက် အကြောင်းရင်း သေချာ မဖော်ပြနိုင်တဲ့ ပစ်ခတ်မှုတွေ မလုပ်ဖို့' မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။

မြန်မာဘက်ကတော့ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးသန်းဦးဆောင်တက်ရောက်ခဲ့ပြီး 'ARSA က နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ၂ နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေတဲ့ ကိစ္စရပ်တွေ ပေါ်ခဲ့ရတာဖြစ် ကြောင်းနဲ့ ဒါတွေကိုလည်း ဖြေရှင်းနိုင်ဖို့ ယုံကြည်ပါတယ်' ဆိုပြီးတော့ နေပြည်တော် အစည်းအဝေးမှာ ပြော ခဲ့ပါတယ်။

'မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်မှုအပေါ် လုံးဝသည်းမခံတဲ့ မူဝါဒကို စွဲစွဲမြဲမြဲ ကိုင်တွယ်ကျင့်သုံးနေပြီး နယ်စပ်မျဉ်းတလျှောက် လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အုပ်စုတွေကို အမြစ်ပြတ် ရှင်းလင်းဖို့ အစည်းအဝေးမှာ သဘောတူခဲ့တယ်' လို့ ၂ နိုင်ငံ ပူးတွဲထုတ်ပြန်ပါတယ်။

အစည်းအဝေးမှာ မြန်မာဘက်အခြမ်းကနေ ဘင်္ဂလားဒေ့ရှ်ထဲကို ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါး၊ အထူး သဖြင့် ယာဘဆေးပြားကုန်ကူးမှုဟာ ကြောက်စရာကောင်းလောက်အောက် အန္တရာယ်ကြီးထွား လာနေ တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ရှက်ဖီးနဲလ် အစ္စလာမ်က ပြော ခဲ့ပြီး ဒီကိစ္စအပေါ် ၂ နိုင်ငံကြား ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

အခုကျင်းပတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးဟာ ၆ ကြိမ်မြောက်ဖြစ်ပြီး ၇ ကြိမ်မြောက်အစည်းအဝေးကိုတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမှာ ကျင်းပကြဖို့ ရှိနေပါတယ်။
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */