Thursday, October 31, 2019

ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒုက္ခသည် ၄၀ ကျော် ထပ်ဝင်လာ

ဧရာဝတီ
By မင်းအောင်ခိုင်
31 October 2019
ငါးခူရ စခန်းဘက်သို့ ပြန်လည်ဝင်ရောက်လာသူများ / Myanmar Embassy Dhaka

ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသူများထဲမှ အမျိုးသား ၊ အမျိုးသမီး စုစု ပေါင်း ၄၆ ဦးသည် မောင်တောမြို့နယ်သို့ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက မိမိဆန္ဒအလျှောက် ပြန်လည် ဝင်ရောက် လာကြောင်း သတင်း ရရှိသည်။

အဆိုပါ နေရပ်စွန့်ခွာသူ ၄၆ ဦးသည် ငါးခူရ ပြန်လည်လက်ခံရေးစခန်းဘက်မှ ၄၂ ဦးနှင့် တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေး စခန်းဘက်မှ ၄ ဦး တို့ ဖြစ်ပြီး တရားဝင် အကြောင်းကြားကာ ပြန်လည် ဝင်ရောက်လာ  ခြင်း ဖြစ်ကြောင်း မောင်တော ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။


ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က “ဒီနေ့ မနက်ပိုင်းက ၄၆ ဦး ပြန်လည် ဝင်ရောက်လာတာ ရှိပါတယ်။ ငါးခူရ စခန်းဘက်က ၄၂ ဦးနဲ့ တောင်ပြိုလက်ဝဲ ဘက်က ၄ ဦး ကျနော်တို့ဘက်ကို တရားဝင် အကြောင်း ကြား ပြီးတော့ ပြန်ဝင်လာကြတာပါ။ ကျား/မ အရေအတွက် အဲဒီလို အသေးစိတ် စာရင်းကတော့ ကျနော့်ဆီ စာရင်း မရောက်သေးဘူးဗျ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် ပြန်လည်ဝင်ရောက် လာသူများကို ငါးခူရ ပြန်လည် လက်ခံရေးစခန်းနှင့် တောင်ပြိုလက် ဝဲ ပြန်လည် လက်ခံရေးစခန်းတို့ တွင် လိုအပ်သည့် စိစစ်မှုများကို ပြုလုပ်ပြီး ပြန်လည်နေရာ ချထားပေးမည် ဖြစ်ကြောင်းလည်း ခရိုင်အုပ် ချုပ်ရေးမှူး ဦးစိုးအောင်က ဆက်လက် ပြောကြားသည်။

ထိုပြန်လည် ဝင်ရောက်လာသူများထဲတွင် ပန်းတောပြင်ကျေးရွာရှိ ဆွေမျိုးသားချင်း ရှိရာသို့ အမျိုးသား ၇ ဦးအမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦးမှာလည်း လာရောက်နေထိုင်လျှက် ရှိကြောင်း ပန်းတောပြင် ကျေးရွာတာ ဝန် ခံ ဦးအဏ္ဏဝါက ပြောသည်။

ဦးအဏ္ဏဝါက “ ဒီနေ့က ပြန်လာကြတဲ့ အထဲမှာ ကျနော်တို့ ရွာက ၂ ယောက်ပါတယ်ဆိုလို့ အခု ကျနော် ငါးခူရ စခန်းကို ရောက်နေပါတယ်။ သူတို့ကို လဝကဌာနက အခု လိုအပ်တဲ့ မှတ်တမ်းဓာတ်ပုံတွေ ရိုက်နေ တာ ရှိတယ်။ ပြီးရင် သူတို့ ၂ ယောက်ကို ရွာခေါ်သွားပြီးတော့ စားသောက်နေထိုင်ရေး ကိစ္စတွေကို ကူညီ ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုကဲ့သို့ မိမိဆန္ဒအလျှောက် ပြန်လည် ဝင်ရောက်လာကြသည့် အထဲတွင် စက်တင်ဘာလ ၂၅ ရက်နေ့က ပြန်လည်ဝင်ရောက်လာသည့် ဘင်္ဂါလီ ၂၆ ဦးထဲတွင် ARSA အကြမ်းဖက်သမား ၁ ဦးပါဝင်လာသည့်အ တွက် ဖမ်းဆီး ထိန်းသိမ်းကာ လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်ခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း ARSA တိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်း ထိုတိုက်ခိုက်မှုတွင် ပါဝင်သူများကို အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ကာ နာမည် ဓာတ်ပုံ များနှင့်တကွ ကြေငြာထားကာ ပြန်လည်ဝင် ရောက်လာသူများကို ထိုစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးလျှက် ရှိကြောင်းလည်း သိရသည်။

လက်ရှိအချိန်အထိ တဖက်နိုင်ငံသို့ ရောက်ရှိနေသူများအထဲတွင် နှစ်နိုင်ငံသဘော တူညီမှုဖြင့် မဟုတ်ဘဲ လှေစီးပြေးသူ၊ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာသူ စသည့်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် မိမိဆန္ဒ အ လျှောက် ပြန်လည် ဝင်ရောက်လာသူ စုစုပေါင်း ၃၉၇ ဦး ထိရှိလာပြီး ဖြစ်ကြောင်း မောင်တောခရိုင်အုပ် ချုပ်ရေးမှူး ရုံးမှ သိရ သည်။

အဆိုပါ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဝင်ရောက်လာသူများကို UEHRD ၏ အစီအစဉ် အတိုင်း နီးစပ်ရာ ဆွေမျိုသားချင်းများ ရှိရွာ ကျေးရွာများတွင် ပြန်လည်နေရာချထားပြီး ထောက်ပံ့မှုများကိုလည်း ပေးအပ်ထားကြောင်း ဒေသအာဏာပိုင်များက ဆိုကြသည်။

ယခုလ ၁၁ ရက်နေ့ကလည်း စစ်တွေမြို့ အစိုးရ ဧည့်ဂေဟာတွင် ပြန်လည်ဝင်ရောက်လာသူများထဲမှ မွတ် ဆလင်ဘာသာဝင် ၁၀ ဦးကို အာဆီယံနိုင်ငံများမှ သံအမတ်ကြီးတို့တွေ့ဆုံခဲ့ပြီး ၎င်းတို့ ပြန်လည်ဝင်ရောက် လာသည့် အကြောင်းအရာများနှင့် လက်ရှိနေထိုင်ရသည့် အနေအထား များကို တွေ့ဆုံးမေးမြန်းခဲ့ ကြောင်း လည်း ပြန်လည်ဝင်ရောက်လာသူ ကိုမာမွတ် ရှော်ရှီက တွေ့ဆုံပွဲအပြီး သတင်းမီဒီယာများသို့ ပြောကြားခဲ့ သည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကလည်း နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာမည့်ကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ထမ်းများနှင့် အမြဲတမ်း အဆင်သင့် ပြင်ဆင်ထား ရှိကြောင်း ပြော သည်။

လက်ရှိ နေရပ်စွန့်ခွာသူများထဲတွင် ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်မှာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည် စခန်းတွင် ရှိနေသည်။

တဖက်နိုင်ငံရောက်သူများအရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောတူညီချက် ဖြင့် နေရပ်စွန့်ခွာသူ ဘင်္ဂါလီ ၃၄၅၀ ကို သြဂုတ်လ ၂၂ ရက်နေ့မှ စတင်၍ ပြန်လည် ပေးပို့ရန် ဘင်္ဂဒေ့ရှ် အစိုး ရမှ တရားဝင် အကြောင်းကြားစာ ပေးပို့ထားသည်။

သို့သော် လက်ရှိအချိန်ထိ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် တဦးတေယာက်မှ ပြန်လည် ဝင်ရောက်လာသူ မရှိသေးဘဲ ကိုယ်ပိုင်အစီအစဉ်ဖြင့် အကြောင်းကြားကာ ဝင်လာသူများသာ ရှိသည်။

မြန်မာအစိုးရသည် အဆိုပါ နေရပ်စွန့်ခွာသူများအရေးနှင့် ပတ်သက်ပြီး ကုန်းလမ်းက ပြန်ဝင်လာသူများကို မောင်တောမြို့နယ် တောင်ပြို လက်ဝဲ စခန်းတွင် လက်ခံရန် ပြင်ဆင်ထားပြီး ရေလမ်းက ပြန်ဝင်လာသူများ အတွက် ငါးခူရစခန်းတွင် လက်ခံရန် ယခင်ကတည်းက အဆင်သင့် စခန်း ၂ ခု ဖွင့်လှစ်ထားရှိသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ က မောင်တောခရိုင် အတွင်း ARSA အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒေ သ ခံ ရခိုင် ၊ မြို ၊ ဒိုင်းနက် ၊ ခမီတိုင်းရင်းသားနှင့် ဟိန္ဒူဘာသာဝင်များ အမြောက်အများ ထွက်ပြေး တိမ်း ရှောင်ခဲ့ရသလို သိန်းနှင့်ချီသော ဘင်္ဂါလီများမှာလည်း တဖက်နိုင်ငံသို့ ဝင်ရောက် ခိုလှုံသွားခဲ့ကြောင်းလည်း နိုင်ငံတကာ အဖွဲ့အစည်းများ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ဝင်ရောက်သွားခဲ့သော ဘင်္ဂါလီများအား ၁၉၉၃ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက် စာချုပ်ပါ အတိုင်း လက်ခံ ရန် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ ဆွေးနွေး သဘောတူခဲ့ကြသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက တစ်ဘက်နိုင်ငံသို့ ရောက်ရှိသွားသော ဘင်္ဂါလီများကို ပြန်လည်လက် ခံရန်အတွက် လက် ခံရေးစခန်းများ အဆင်သင့် ပြင်ဆင်ထားသည်။

ပြီးခဲ့သည့် နှစ် နိုဝင်ဘာလ ကတည်းက မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ဝင်ရောက်လာမည့်သူများ အတွက် လူနေဆောင်များ ၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးမည့် အခြေအနေများ ၊ အရေးပေါ် လူနာတင်ကားများ ၊ လုံခြုံရေး အစီအမံများ ကို ကြိုဆို လက်ခံရေး စခန်းများတွင် စနစ်တကျ ဆောင်ရွက် ထားရှိကြောင်းလည်း သိရသည်။

၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလ ၁၅ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် နေရပ်စွန့်ခွာသူများ ပြန်လည် ဝင်ရောက် လာမည်ဆိုကာ မြန်မာဘက်မှ ကြိုဆိုလက်ခံရေးစခန်းများ ဖွင့်လှစ်ခဲ့သော်လည်း တဦးတ ယောက် မှ ပြန်ဝင်လာသူ မရှိခဲ့ပါ။

ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူများအနေဖြင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးနှင့် နိုင်ငံသား အဖြစ် အသိ အမှတ်ပြုရေး ၊ မူလနေရာတွင် ပြန်လည် နေထိုင်ခွင့် ရရှိရေး အပါအဝင် လွတ်လပ်စွာ သွားလာခွင့် ရရှိရေး တို့ကို တောင်းဆိုထား ကြောင်းလည်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

You may also like these stories:


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */