" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts
Showing posts with label ဘင်္ဂလားဒေ့ရှ်. Show all posts

Thursday, April 4, 2019

ဘင်္ဂလားဒေရှ့်ရောက် ရိုဟင်ဂျာဒုက္ခသည် ကလေး တွေ ကျောင်းထုတ်ခံရမှု HRW ဝေဖန်

VOA
04 ဧပြီ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)

ဘင်္ဂလားဒေရှ့် ကျောင်းတခု။ 

ရိုဟင်ဂျာ ဒုက္ခသည် ကျာင်းသူကျောင်းသား အများအပြားကို ဘင်္ဂလာဒေ့ရှ် အာဏာပိုင်တွေက ကျောင်းတွေ ကနေ ထုတ်ပစ်လိုက်တဲ့အပေါ် Human Rights Watch နိုင်ငံတကာ လူ့အခွင့်အရေး စောင်ကြည့်ရေးအဖွဲ့ ကြီးက ကန့်ကွက်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေနားက ကျောင်းတွေမှာ ကျောင်း တက်နကြတဲ့ ရိုဟင်ဂျာ ကျောင်းသူကျောင်းသား အနည်းဆုံး ၅၀ ထက်မနည်း ကျောင်းအထုတ်ခံခဲ့ရ တယ်လို့ Human Rights Watch အဖွဲ့ရဲ့ ဧပြီလ ၁ ရက်နေ့ထုတ်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Wednesday, April 3, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ အနာဂတ်အရေး ၀ါရှင်တန်မှာ ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
3 ဧပြီ၊ 2019

 Woodrow Wilson Center မှာ ရိုဟင်ဂျာဒုက္ခသည်တွေ အနာဂတ်အရေး ၀ါရှင်တန်မှာ ဆွေးနွေးစဉ်


ရခိုင်ပြည်နယ်မှာ ၂၀၁၇ က မြန်မာလုံခြုံရေးတပ်တွေ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ တွေရဲ့ အနာဂတ်အရေး ဆွေးနွေးပွဲကို ၀ါရှင်တန်ဒီစီမြို့တော်က Woodrow Wilson Center မှာ ဧပြီလ ၂ ရက်နေ့က ကျင်းပပါတယ်။ ဆွေးနွေးပွဲမှာ O.P. Jindal Global တက္ကသိုလ်၊ အရှေ့တောင်အာရှလေ့လာရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး Dr. Nehginpao Kipgen က ဦးဆောင် ဆွေးနွေးခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် စခန်းမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေအနေနဲ့ ရင် ဆိုင် ရနိုင်တဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ကိုအောင်အောင်က မေးမြန်းရာမှာတော့ သူက အခုလို စပြောပါ တယ်။

Friday, March 22, 2019

Bhashan Char ကျွန်း ပြောင်းမယ့်အရေး ရိုဟင်ဂျာ ဒုက္ခသည်တွေ ရတက်မအေး

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင် Kutupalong ဒုက္ခသည်စခန်း ဈေးကနေ ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီး ပြန်လာစဉ် (နိုဝင်ဘာ၊ ၂၁၊ ၂၀၁၇)

ရိုဟင်ဂျာ ဒုက္ခသည်တွေကို Bhashan Char ကျွန်းပေါ် ပြောင်းရွှေ့ပေးမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရ အစီအစ ဉ်အပေါ် ကုလသမဂ္ဂ အကြီးတန်း အရာရှိတဦးက ကြိုဆိုလိုက်ပေမဲ့၊ ဒုက္ခသည်တွေရဲ့ ဆန္ဒအတိုင်းဖြစ်ဖို့ လိုတဲ့အကြောင်း ပြောဆိုလိုက်တဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ရောက် ဘယ်ဒုက္ခသည်ကမှ သူတို့အတွက် အ သက် အန္တရာယ်ရှိတဲ့ ကျွန်းပေါ် မပြောင်းရွှေ့ကြလိုဘူးလို့ တုန့်ပြန် ပြောဆိုလိုက်ကြပါတယ်။ လိုအပ်တဲ့ အစားအသောက်နေထိုင်မှုတွေ စီစဉ်ထားပေးမယ်လို့ဆိုပေမဲ့ အသက်ဘေးရန်ကြောက်လို့ မြန်မာပြည်က ထွက်ပြေးလာကြတဲ့သူတို့အတွက် ဘေးထပ်ဖြစ်နိုင်မယ့် နေရာကို မသွားလိုကြသလို လူသားတဦးချင်းစီရဲ့ လူ့တန်ဖိုးကို လေးစားစေလိုပါတယ်လို့ ဆိုပါတယ်။ မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

UNHCR လက်ထောက်မဟာမင်းကြီး Volker Türk ရဲ့ဘင်္ဂလားဒေ့ရှ်ခရီးစဉ်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-21


 UNHCR လက်ထောက်မဟာမင်းကြီး Volker Türk ကုတုပါလောင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့စဉ်။
Photo: UNHCR



မြန်မာနိုင်ငံကို ၂ဝ၁၇ ခုနှစ်က ရောက်လာဖူးတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ လက်ထောက် မဟာမင်းကြီး Volker Turk ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ငါးရက်ကြာခရီး ရောက်ရှိချိန်အတွင်း အဆင့်မြင့် ပုဂ္ဂိုလ် တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Monday, March 18, 2019

ဒုက္ခသည် ထောက်ပံ့ငွေ အလွဲသုံးစား ဖြစ်နိုင်ချေကို ဘင်္ဂလားဒေ့ရှ် စုံစမ်းနေ

ဧရာဝတီ
By Muktadir Rashid 18 March 2019 

အသားရိက္ခာဝေငှရာတွင် တန်းစီစောင့်ဆိုင်းနေသော ဒုက္ခသည်များ / Reuters

ကော့ဘဇားရှိ ဒုက္ခသည် ၁ သန်းကျော်အတွက် ပေးအပ်သည့် ထောက်ပံ့ကြေးများ အလွဲသုံးစားဖြစ်နိုင်ချေ ရှိ/မရှိ စုံစမ်းစစ်ဆေးရန် ထောက်လှမ်းရေးဌာနများကို ဘင်္ဂလားဒေ့ရှ်အစိုးရက ယခင်တပတ် ဗုဒ္ဓဟူးနေ့တွင် တာဝန်ပေးလိုက်သည်။

“စွပ်စွဲချက်တွေ ကျနော် လက်ခံရရှိထားပါတယ်။အဲဒီအထဲမှာ ဥပဒေကြောင်းအရ ခိုင်လုံတာတွေ ပါပါတယ်” ဟု လွတ်မြောက်ရေး စစ်ပွဲရေးရာဝန်ကြီး အေကေ အမ်မိုဇမ်မဲဟက်က ပြောသည်။ ၄င်းသည် အစိုးရအဖွဲ့၏ ငြိမ်ဝပ်ပိပြားမှုကော်မတီကို ဦးဆောင်လျှက် ထောက်လှမ်းရေးဌာနများကို ယင်းကိစ္စစုံစမ်းရန် စေခိုင်းသူ လည်း ဖြစ်သည်။

Friday, March 15, 2019

Rohingya ဒုက္ခသည်တွေ Bhashan Char ကျွန်းကို မပြောင်းလို

VOA
ဗွီအိုအေ (မြန်မာဌာန)
16 မတ်၊ 2019 
 ဘင်္ဂလားဒေ့ခ်ျနိုင်ငံ Cox's Bazar နားက Nauapara ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဆန်ပေးဝေမှုကို စောင့်နေကြစဉ် (ဒီဇင်ဘာ၊ ၂၅၊ ၂၀၁၇)


မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းဒေသက ဖြစ်ပွားတဲ့ လူမျိုးရေး ပဋိပက္ခတွေအတွင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး လာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်က ကျွန်းတကျွန်းကို ပို့ပေးဖို့ အစီအစဉ်
တွေ ကို သဘောမတူကြောင်း ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောတယ်လို့ ဂျာမနီက Deutsche Welle (ဒွိုက်ဗဲလာ) သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

Saturday, March 9, 2019

ရိုဟင်ဂျာ ဒုက္ခသည် မိသားစုတွေကို ငွေသားပေးမည် ဆိုတဲ့သတင်း တရုတ်ငြင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
09 မတ်၊ 2019

ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီး Anu သူသား Mohammad Anas ကို ချီထားပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ Cox's Bazar အနီး Balukhali ဒုက္ခသည် စခန်းက သူတို့တဲအပြင်ဘက်မှာ ထိုင်နေပုံ (နိုဝင်ဘာ၊ ၁၇၊ ၂၀၁၈)

ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေ မြန်မာနိုင်ငံကိုပြန်ရင် မိသားစုတခုကို တရုတ်နိုင်ငံက ဒေါ်လာ ၆၀၀၀ ပေး မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် မဟုတ်မှန်ကြောင်း တရုတ်နိုင်ငံဘက် ငြင်းဆိုလိုက်ပါတယ်။

Wednesday, March 6, 2019

ဒုက္ခသည်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်က အမေရိကန်ထံ အကူအညီတောင်း

ဧရာဝတီ
By Muktadir Rashid 6 March 2019

ဘင်္ဂ္လားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် အားလ် မိုင်လာနှင့် ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီး အန်နာမာ ရာမန် တို့ မတ်လ ၃ ရက်နေ့က တွေ့ကြသည် / U.S. Embassy in Dhaka

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားတွင် ခိုလှုံနေသော မြန်မာနိုင်ငံမှ ဒုက္ခသည် တသန်းကျော်ကို ပြန်လည် ပို့ ဆောင်ရေးအတွက် နည်းလမ်း ကူညီရှာဖွေပေးရန် အမေရိကန် ပြည်ထောင်စုအား ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီး အန်နာမာ ရာမန်က မတ်လ ၃ ရက်နေ့က ပြောသည်။


Tuesday, March 5, 2019

ရိုဟင်ဂျာဒုက္ခသည် ၁ သိန်းကျော် Bhasan Char ကျွန်းပြောင်းရွှေ့ဖို့ ဘင်္ဂလားဒေ့ရှ် စီစဉ်

VOA
Bhasan Char ကျွန်း

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာ မူဆလင်တသန်းကျော် ရှိတဲ့ အ ထဲက ၁ သိန်းသုံး ထောင်ကျော်ကို ဘာဆန်ချာကျွန်းဆီပြောင်းရွှေ့နေရာချထားဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရ က စီစဉ်နေတဲ့အကြောင်း ဘင်္ဂလား ဒေ့ရှ် နိုင်ငံကသတင်းတွေမှာ မနေ့ကဖေါ်ပြထားပါတယ်။

Monday, March 4, 2019

ICC မှာ ရိုဟင်ဂျာအရေးတင်ဖို့ OIC ဆုံးဖြတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
04 မတ်၊ 2019

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ်ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ရာဇ၀တ်မှုတွေ အတွက် မြန်မာတာဝန်ရှိသူတွေကို ICC နိုင်ငံတကာ တရားရုံးမှာ စစ်ဆေးအရေးယူဖို့ OIC အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ က တညီတည်းဆုံးဖြတ်လိုက်ပါတယ်။

နယ်စပ်ကျော် မြန်မာတပ်သား တဦးကို ဘင်္ဂလားဒေ့ရှ် လွှဲပြောင်းပေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-03
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လွှဲပေးတဲ့ တပ်သား အောင်ဘိုဘိုသိန်း ကို တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နှစ်လကျော်ကြာရောက်ရှိနေခဲ့တဲ့ မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင် တဦးကို ဘင်္ဂ လားဒေ့ရှ် နယ်ခြားစောင့်တပ်က တနင်္ဂနွေနေ့က မြန်မာဘက်က ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

ရိုဟင်ဂျာ Safe Zone ထားပေးဖို့ထောက်ခံကြောင်း သတင်း တရုတ်သံရုံးငြင်းဆို

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-04

Bangalanews24 က ၂၀၁၉၊ မတ်လ ၃ ရက်နေ့က ရေးသားထားတဲ့ သတင်းကို တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Bangalanews24 ကနေ မနေ့က ရေးသားထားတဲ့ နေရပ် စွန့်ခွာရိုဟင်ဂျာတွေအတွက် မြန်မာနိုင်ငံအတွင်းမှာ Safe Zone တည်ထောင်ပေးရေးကို တရုတ်နိုင်ငံဘက် က သဘောတူထောက်ခံတယ် ဆိုတဲ့သတင်းဟာ အခြေအမြစ် လုံးဝမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံး က ဒီနေ့ ကြေညာချက် ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။


Saturday, March 2, 2019

ရခိုင်ဖမ်းဆီးမှုများ ဥပဒေကင်းမဲ့မှုကို ပြ

VOA
ဗွီအိုအေ (မြန်မာဌာန)
မဆုမွန် ၊ 02 မတ်၊ 2019 

 
မြောက်ဦးမြို့နယ် နေပူခံကျေးရွာက မြို၊ ခမီတိုင်းရင်းသားများ အောက်သကန်ကျေးရွာဆီ စစ်ဘေးရှောင်ရောက်ရှိ (သတင်းဓာတ်ပုံခရက်ဒစ်- ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး)

ရခိုင်ပြည်နယ်တွင်း ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲ
တွေ ပြင်း ထန်လို့ အသက်ဘေး လုပြေးနေရတဲ့ ကြားက တရားမဝင်လက်နက်ကိုင်တပ်နဲ့ ဆက် သွယ် တယ်ဆိုပြီး စွပ်စွဲချက်တွေနဲ့ စစ်ဘေးသင့်ပြည်သူတွေကို လိုက်လံဖမ်းဆီး တရားစွဲဆို အရေးယူနေတာက နယ်မြေတွင်း မတည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးမှုကင်းမဲ့တာကို ပြသရာရောက်နေတယ်လို့ ဒေသခံ ရခိုင် နိုင်ငံရေးပါတီတာ ဝန် ရှိသူက ပြောဆိုလိုက်ပါတယ်။ အခုဆိုရင် ရခိုင်၊ မြို၊ ခမီစတဲ့ ဒေသခံတိုင်းရင်းသား မျိုးနွယ်စုတွေ စစ်ဘေး ရှာင်နေကြရတာ ၇ထောင်ကျော် ၈ထောင် အထိ ရှိလာနေပြီဖြစ်ပြီး သူတို့အတွက် အရေးပေါ် ကူညီ ကယ်ဆယ်ရေးတွေ အရေးတကြီးလိုအပ်နေတယ်လို့လည်း ကူညီကယ်ဆယ် ပေးနေသူတွေကပြောပါ တယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။

Thursday, February 28, 2019

Cox's Bazar ဒုက္ခသည်စခန်း ရိုဟင်ဂျာကလေးတွေ အရေး ကုလစိုးရိမ်

VOA
ဗွီအိုအေ (မြန်မာဌာန)
ဒေါ်ခင်မျိုးသက် ၊ 28 ဖေဖော်ဝါရီ၊ 2019

ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazar က Balukhali ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်။ (ရိုက်တာ နိုဝင်ဘာ၊ ၁၅) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ နိုင်ငံမဲ့ ရိုဟင်ဂျာ ဒုက္ခသည် က လေးငယ် သန်းတဝက်လောက်ရှိနေပြီး သူတို့ရဲ့အနေထားက မျှော်လင့်ချက်ကင်းမဲ့ပြီး စိတ်ဓါတ်ကျဖို့ရာ သိပ်ကို လွယ်ကူစေတာကြောင့် ဒီကလေးငယ်တွေရဲ့အနာဂတ်ဟာ အတော်ကို စိုးရိမ်စရာ ကောင်းနေတယ် လို့ UNICEF ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ကပြောပါတယ်။

Cox's Bazar ဒုက္ခသည်စခန်း ရိုဟင်ဂျာကလေးတွေ အရေး ကုလစိုးရိမ်

VOA 
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ် သန်းတ ဝက် လောက်ရှိနေပြီး သူတို့ရဲ့အနေထားက မျှော်လင့်ချက်ကင်းမဲ့ပြီး စိတ်ဓါတ်ကျဖို့ရာ သိပ်ကိုလွယ်ကူစေ တာကြောင့် ဒီကလေးငယ်တွေရဲ့အနာဂတ်ဟာ အတော်ကို စိုးရိမ်စရာကောင်းနေတယ်လို့ UNICEF ကပြောပါတယ်။ ဒေါ်ခင်မျိုးသက်က ပြောပြထားပါတယ်။


လင့်း၊https://burmese.voanews.com/a/unicef-fore-rohingya-children/4807417.html?ltflags=mailer

Tuesday, February 26, 2019

ရိုဟင်ဂျာတွေ ဌာနေပြန်လက်ခံရေး မြန်မာကို Sheik Hasina ဝေဖန်

VOA
ဗွီအိုအေ (မြန်မာဌာန)

ရိုဟင်ဂျာ မူဆလင်တွေနေရပ်ပြန်ရေး ကိစ္စနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ၂နိုင်ငံ အကြား သဘော တူ ဆုံးဖြတ်ထား တဲ့အတိုင်း မြန်မာဘက်က လုပ်ဆောင်မနေဘူးလို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိခ် ဟာစီနာ ကပြောလိုက်တဲ့ အကြောင်း ဖေဖေါ်ဝါရီလ ၂၅ရက်နေ့ထုတ် The Daily Star သတင်းစာမှာဖေါ်ပြ ထားပါ တယ်။

ဘင်္ဂလားဒေ့ရှ် သံအမတ်ကို ဆင့်ခေါ်ပြီး မြန်မာ ဘာတွေ ပြောခဲ့လဲ

ဘီဘီစီ မြန်မာပိုင်း
ဖေဖေါ်ဝါရီလ ၂၆ ၂၀၁၉

ဘင်္ဂလားဒေ့ရှ်ဘက် နယ်ကျွံဝင်လာလို့ ဆိုပြီး ဖမ်းခံထားရတဲ့ မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်အရေး ကောင်စစ်ဆိုင်ရာ စကားပြောခွင့်ရဖို့ ဒါကာမြို့ မြန်မာသံရုံးက လုပ်ဆောင်နေတယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေးရုံးက ပြောပါတယ်။

Saturday, February 23, 2019

ဘင်္ဂလားသံအမတ် မြန်မာနိုင်ငံခြားရေးရုံး ဆင့်ခေါ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 ဖေဖော်ဝါရီ၊ 2019

မြန်မာ-ဘင်္ဂလားဒှေ့ရှ် နှစ်နိုင်ငံကြား နယ်စပ်ခြံစည်းရိုး မြင်ကွင်းတနေရာ။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် ကိုထွက်ခွာသွားတဲ့သူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်ဖို့နဲ့
ဘင်္ဂ လားဒေ့ရှ် ဘက်က ဖမ်းဆီးထားတဲ့ မြန်မာရဲ့တပ်သားကို မြန်မာနိုင်ငံဆီ ပြန်လွှဲပြောင်းပေးဖို့ ကိစ္စ
တွေနဲ့ ပတ် သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Manjurul Karim Khan Chowdhury ကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ် ခဲ့ကြောင်း ဖေဖေါ်ဝါရီလ ၂၁ရက်နေ့စွဲ နဲ့ ထုတ်ပြန်တဲ့ နိုင်ငံခြား ရေး ၀န်ကြီးဌာနရဲ့ကြေညာချက်မှာဖေါ်ပြထား ပါတယ်။

Thursday, February 21, 2019

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး ၀န်ကြီးချုပ် Hasina စိုးရိမ်


VOA
ဗွီအိုအေ (မြန်မာဌာန)
မှတ်တမ်းဓာတ်ပုံ။ ဘင်္ဂလားဒေရှ့် နိုင်ငံ ကုတုပလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ၀န်ကြီးချုပ် ဟာဆီနာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ။ 

မြန်မာဘက်က ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူ စာချုပ် ချုပ်ဆိုထားပေ မယ့် ဒုက္ခသည်တွေ ဌာနေ ပြန်ရေးအတွက် သင့်လျော်တဲ့ ဝန်းကျင်ဖန်တီးပေးဖို့ ပျက်ကွက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ဝေဖန်လိုက်ပါတယ်။

မလေးရှားရောက် ရိုဟင်ဂျာ မိန်းကလေးတွေ ဘ၀လုံ ခြုံမှုလိုအပ်


VOA
ဗွီအိုအေ (မြန်မာဌာန)
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ Kutupalong ဒုက္ခသည်စခန်းက ရိုဟင်ဂျာမိန်းကလေးငယ်များ ရေအိုးသယ်နေစဉ် (နိုဝင်ဘာ၊ ၁၉၊ ၂၀၁၇) 

မလေးရှားနိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာမိန်းကလေးငယ်တွေ အတင်းအကြပ်အိမ်ထောင်ပြုခိုင်း ခံရ တာ မျိုးတွေကို အကာအကွယ်ပေး အရေးယူဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က မလေးရှားအာဏာ ပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */