Tuesday, December 17, 2019

မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်း ကို သွားမယ်

B B C
ဘီဘီစီ မြန်မာပိုင်း
17 ဒီဇင်္ဘာ2019
 ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ

  မြန်မာနိုင်ငံခြားရေးဝန် ကြီးဌာန က ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းကို ဒီတစ်ပတ်ထဲ သွားရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအခြေအနေနဲ့ မြန်မာ ဘက်က အသင့်ပြင်ဆင်ထားတဲ့ အခြေအနေတွေကို ရှင်းပြဖို့ ခုလို သွားရောက်မှာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ဘီဘီစီကိုပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နဲ့ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးတို့ ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး အဲဒီခရီးစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာဖြစ် ပါ တယ်။

ဒီခရီးစဉ်မှာ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူ အာဆီယံ ERAT အဖွဲ့က ကိုယ်စားလှယ်တွေပါ လိုက်ပါမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ပို့လာတဲ့ ဒုက္ခသည်ဆိုသူတွေရဲ့နာမည်စာရင်းတွေကို သက်ဆိုင်ရာလူဝင်မှုကြီး ကြပ် ရေး ဌာနတွေက လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်နေပေမယ့် တစ်ဘက်က ပြန်ပို့လာတာ မရှိတဲ့အတွက် ပြည်တွင်းမှာပဲ လိုအပ်တဲ့စိစစ်မှုတွေလုပ်ပြီး စာရင်းပြုစုနေတယ်လို့ ဦးအောင်ကိုက ပြောပါတယ်။
တစ်ဘက်ကိုရောက်နေတဲ့သူတွေပြန်လာဖို့ ဆန္ဒရှိမရှိကတော့ ကာယကံရှင်တွေပေါ်မှာ မူတည်ပါတယ်လို့ သူက ဆက်ပြောပါတယ်။

ယခုနှစ် ၂၀၁၈ ဧပြီလက လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ကော့ဘဇားဒုက္ခသည်စခန်းတွေကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၉၊ ဇူလိုင်လမှာ အမြဲတမ်းအတွင်းဝန်(ဟောင်း) ဦးမြင့်သူဦးဆောင်တဲ့အဖွဲ့က ဒုတိယ အ ကြိမ် သွားရောက်ခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်ဟေ့ဂ်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်နဲ့ တရားစွဲဆိုထားမှုကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ဖြေရှင်းထားပါတယ်။

ဒီအချိန်မှာပဲ ခုလို မြန်မာကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေဆီ သွားဖို့ ထပ်မံစီစဉ် တာလည်း ဖြစ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */