Wednesday, June 12, 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရိုဟင်ဂျာတွေကို တွေ့ဆုံအားပေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-12
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
 
■ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ တရုတ်အစိုးရက ကူညီသွားမယ့် အကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့လည်း အနီးကပ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်က ပြောလိုက်ပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။

■ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Zhang Zuo ဟာ မနေ့ညနေပိုင်းက Cox’s Bazar မြို့က ကုတုပါလောင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး ရိုဟင်ဂျာ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးရရှိရေးအဖွဲ့ ARSPH က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ သူတို့ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ကိစ္စ တရုတ်အစိုးရက ကူညီပေးမယ့်အကြောင်း သံအမတ်က ပြောကြားခဲ့တယ်လို့ ARSPH ရဲ့ ဥက္ကဋ္ဌ မူဟစ်အူလာက ပြောပါတယ်။

“ ကျနော်တို့ Arakan Rohingya Society for Peace and Human Rights (ARSPH)က ၁၅ ယောက်နဲ့ မနေ့က တွေ့ပါတယ်။ သူက ဘင်္ဂလားဒေ့ရှ်ရယ် မြန်မာရယ်နဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးဆွေးနွေးဖို့ရှိ တယ်။ အဲဒီမှာ သူတို့က ဘေးကနေ ဝင်ကူဖို့ရှိတယ်။ အဲဒါ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့သဘောထား ဘယ် လိုရှိလဲဆိုတာ စပြီးမေးတယ် ”

အဲဒီတွေ့ဆုံပွဲမှာ ARSPH ခေါင်းဆောင်တွေက ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေရဲ့ အခက်အခဲတွေနဲ့ မြန်မာအစိုးရနဲ့ တွေ့ဆုံပွဲအတွက် သူတို့တောင်းဆိုလိုတာတွေကို တရုတ်သံအမတ်ကို တင်ပြခဲ့တယ်လို့ လည်း ဦးမူဟစ်အူလာက ပြောပါတယ်။

“ကျနော်တို့ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ဆွေးနွေးမယ်ဆိုရင် ကျနော်တို့ကိုယ်စားလှယ်တွေ ပါကို ပါရမယ်။ ပါမှပဲ ကျနော်တို့ကိစ္စ အဆင်ပြေမယ်လို့ တောင်းဆိုခဲ့တယ်။ အဲဒီနောက် ခင်ဗျားတို့ ဘာပြော စရာ ရှိလဲမေးတယ်။ ကျနော်တို့က ရိုဟင်ဂျာဆိုပြီးတော့ လူမျိုးအမည်ခံရမယ် ။ ကျနော်တို့ကို မွေးရာပါနိုင်ငံသား သတ်မှတ်ရမယ်၊ ကျနော်တို့ရဲ့သွားလာမှု လွတ်လပ်ခွင့်ရှိရမယ်၊ အဲဒီမှာ တခြားတိုင်းရင်းသားတွေရှိတယ် သူ တို့နဲ့ တန်းတူဆက်ဆံရမယ်။ နောက် ကျနော်တို့ရဲ့ ဘဝအာမခံချက်ပေ့ါ။ ကျနော်တို့ရဲ့ ပစ္စည်းပစ္စယတွေ အ ကုန်ပြန်ရ ရမယ်။ ကျနော်တို့ရဲ့မူလရွာကို သွားနိုင်ရမယ်။ အဲဒါတွေတောင်းဆိုခဲ့တယ် ”

တရုတ်သံအမတ်က ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်လိုစိတ်ရှိမရှိကိုလည်း အဲဒီတွေ့ဆုံပွဲမှာ မေး မြန်းခဲ့တယ်လို့လည်း သိရပါတယ်။ သူတို့ဒုက္ခသည်တွေအနေနဲ့ နေရပ်အမြန်ပြန်လိုကြကြောင်း ဒါပေမယ့် သူတို့အတွက် လုံခြုံမှုရှိမှသာ ပြန်လိုကြကြောင်း တရုတ်သံအမတ်ကို ပြန်လည်ပြောကြားခဲ့တယ်လို့ မူဟစ် အူလာက ပြောပါတယ်။

ဒုက္ခသည်တွေနဲ့တွေ့ဆုံအပြီးမှာ တရုတ်သံအမတ်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ကော်မရှင် အကြီးအကဲ Abul Kalam နဲ့ Cox’s Bazar မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ တရုတ်အစိုးရက ဒုက္ခ သည်တွေနေရပ်ပြန်ရေးမှာ အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကနေ ပါဝင်လိုကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ အနီးကပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်အမြန်ဆုံးပြန်နိုင်ရေး တရုတ်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းဆွေးနွေး သွားမယ့်အပေါ် ဒုက္ခသည်တဦးဖြစ်တဲ့ ဦးမောင်မောင်တင်ကလည်း ခုလိုပြောပါတယ်။

“ အဓိက တရုတ်အစိုးရကို တောင်းဆိုချင်တာကတော့ ကျနော်တို့ရိုဟင်ဂျာဒုက္ခသည် အားလုံးက ကျနော် တို့ရဲ့နိုင်ငံ သားအခွင့်အရေးကို အပြည့်အဝရချင်တယ်။ ရအောင် မြန်မာအစိုးရကို တိုက်တွန်းနိုင်မယ်ဆိုရင် ကျနော်တို့ပြန်မှာပါ။ အဓိက လုံခြုံရေးကို စိုးရိမ်တယ်။ အဲဒီဒေသမှာရှိတဲ့ မွတ်စလင်ရော တခြားရခိုင်တိုင်း ရင်းသားတွေပါ အကုန်လုံး မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်တာ မဟုတ်မမှန်စွပ်စွဲပြီးတော့ ဖမ်း ဆီးတာ နှိပ်စက်တာ ခုထိ ရပ် တန့်တာမတွေ့ရဘူး။ အဲဒီဟာ မရပ်တန့်ဘဲ ကျနော်တို့ ဒုက္ခသည်တွေကို ပြန်ခေါ်ရင် ကျနော်တို့ဘယ်လိုသဘော ရမလဲ ”

မနေ့က နေ့လည်ပိုင်းကလည်း ဒါကာမြို့အခြေစိုက် EU ကိုယ်စားလှယ်အဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့ ကိုယ်စား လှယ်တွေကလည်း ကုတုပါလောင်စခန်းကို လာရောက်ခဲ့ကြပြီး ဒုက္ခသည်တွေရဲ့အခြေအနေတွေ ကို လေ့ လာခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့က မနက်ဖြန် မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်းနဲ့ ဒုက္ခသည် တွေအနေနဲ့ ဘာတွေတင်ပြလိုတာရှိသလဲ ဆိုတာတွေကို မေးမြန်းသွားတယ်လို့လည်း သိရပါတယ်။ ဒုက္ခ သည်တွေကလည်း သူတို့ နေရပ် အမြန်ပြန်လိုကြကြောင်း သူတို့တောင်းဆိုချက်တွေရရင် ချက်ချင်းပြန် မှာဖြစ်ကြောင်း အဲဒီတောင်းဆိုချက်တွေရအောင် မြန်မာအစိုးရကို တိုက်တွန်းပေးစေလိုကြောင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */