Monday, May 13, 2019

လူမှောင်ခိုခံရမယ့် ရိုဟင်ဂျာ မိန်းကလေး ၂၃ ဦးကို ကယ်တင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
13 May 2019
Photo: DIBYANGSHU SARKAR / AFP
(ကုတုပလောင် ဒုက္ခသည်စခန်းကို တွေ့ရစဉ်)

■ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေကနေ လူမှောင်ခို တင်ပို့ခံရမယ့် ရိုဟင်ဂျာ မိန်းကလေး ၂၃ ဦးကို ကယ် တင်နိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ပြောပါတယ်။

သူတို့ကို ဒါကာမြို့ကတဆင့် လေကြောင်းနဲ့ မလေးရှားကို တင်ပို့မှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ လင်မယား နှစ်ဦး အပါအဝင် လူမှောင်ခိုသမား လေးဦးကို ရဲဖမ်းဆီးခဲ့ရာမှာ၊ သူတို့ထံက ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ် ငါးဆယ်ကျော် တွေ့ရှိသိမ်းဆည်းမိခဲ့ပါတယ်။

အသက် ၁၅ နှစ် နဲ့ ၁၉ နှစ်ကြား မိန်းကလေးတွေကို ဒါကာမြို့ က အိမ်တစ်အိမ်ရဲ့ အခန်းတစ်ခုအတွင်း ဝှက်ထားတာဖြစ်ပြီး၊ သူတို့ကို အလုပ်ကောင်းကောင်းရမယ်လို့ ပြောဆို ခေါ်ဆောင်လာတာဖြစ်ကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့ကတော့ သူတို့ကို ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေခံရဖို့ များတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေဟာ မလေးရှား နဲ့ ထိုင်းကို သွားရောက်အလုပ်လုပ်ဖို့ လှိုင်းလေငြိမ်ချိန် အတွင်း ဘင်္ဂလားပင်လယ်အော်ကို လှေတွေနဲ့ ဖြတ်သန်းနေကြပါတယ်။ 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */