" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label နေရပ်ပြန်ရေး. Show all posts
Showing posts with label နေရပ်ပြန်ရေး. Show all posts

Thursday, April 27, 2023

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည်ပြန်မဲ့ကိစ္စ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ တွေ့ဆုံ

DVB
DVB News
26 04 2023

ဘဂ်လားဒေ့ရှ် ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည်ပြန်မဲ့ကိစ္စအတွက် ကော့ဘဇားကန့်ထဲ့ က ရိုဟင် ဂျာတချို့ကိုဘဂ်လားဒေ့ရှ်အာဏာပိုင်တွေကခေါ်ယူတွေ့ဆုံနေပါတယ် #DVBTV #ရိုဟင်ဂျာ #ဒုက္ခသည် #WhatsHappeningInMyanmar
Link : Here

Wednesday, April 26, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ဖို့ဘင်္ဂလားဒေ့ရှ်ဝန်ကြီးမျှော်လင့်

RFA
RFA Burmese
2023.04.25
၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် ထောက်ပံ့ရိက္ခာများရယူရန် တန်းစီစောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ။ AFP

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ် မိုမင် (Abdul Momen)က ရိုဟင်ဂျာတွေ သူတို့မူလနေရပ်ဒေသကို ပြန်နိုင်ဖို့ မျှော်လင့်တယ်လို့ ဧပြီ ၂၅ ရက်နေ့က ပြောလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အထူးကိုယ်စားလှယ်နဲ့ လတ်တလောရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ပြီး ရိုဟင်ဂျာတွေအနေနဲ့ သူတို့ရဲ့ နေရပ်ကို ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ကြလိမ့်မယ်လို့ မိမိတို့ မျှော်လင့်ကြောင်း၊ တရုတ်ပြည်အနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စမှာ အမှန်တကယ်ထိရောက်စွာ ဝိုင်းဝန်းကူညီခဲ့တယ်လို့ အဗ္ဗဒူလ် မိုမင် (Abdul Momen) က ပြောခဲ့ပါတယ်။

Tuesday, April 4, 2023

ရိုဟင်ဂျာဒုက္ခသည် ၁၀၀၀ ကျော် ဧပြီလအတွင်း ပြန်လည် လက်ခံဖို့ရှိ (ဗိုလ်ချုပ်ဇော်မင်းထွန်း)

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၄ ဧပြီ၊ ၂၀၂၃ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသအနီး လယ်ကွင်းတွေထဲ မြန်မာဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ် (စက်တင်ဘာ၊ ၂၀၁၇)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကပေးပို့လာတဲ့ ရိုဟင်ဂျာအိမ်ထောင်စု လူဦးရေစာရင်းထဲက အယောက် ၁,၀၀၀ ကျော် ကို ဒီလဧပြီလ အတွင်းမှာ လက်ခံသွားမယ်လို့ စစ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။ စစ်ကောင်စီရဲ့ လူဝင်မှုကြီး ကြပ်ရေးဘက်ကလည်း နေရပ်ပြန်ရေးအစီအစဥ်အရ ရိုဟင်ဂျာ ၈၇,၀၀၀ ကျော်ကို စိစစ်ခဲ့တယ်လို့ နိုင်ငံပိုင်သ တင်း မှာဖော်ပြထားပါတယ်။ ဒီသတင်းရန်ကုန်ကပေးပို့တာကို အခြေခံပြီးက ပြောပြမှာပါ။


ရိုဟင်ဂျာတွေနေရပ်ပြန်ရေး ဘေးကင်းလုံခြုံရေးအာမခံဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၄ ဧပြီ ၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသအနီး လယ်ကွင်းတွေထဲ မြန်မာဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ် (နိုင်ဝင်ဘာ ၂၊ ၂၀၁၇)

ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးဟာ ဂုဏ်သိက္ခာနဲ့အညီ၊ သူတို့ သဘောနဲ့သူ ပြန်ပို့တာမျိုးဖြစ်ဖို့လိုသလို ရေရှည်အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့လိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် ကူညီရေးနဲ့ နေရပ်ပြန် ပို့ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Mizanur Rahman က Abra သတင်းဌာနကို ပြောဆိုပါတယ်။

ဒုက္ခသည်ပြန်ပို့ရေး အစိအစဉ်နဲ့ ပတ်သက်လို့ ယုံကြည်မှု တည်ဆောက်ဖို့နဲ့ ဒုက္ခသည်တွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံဖို့ ဘင်္ဂလားဒေ့ရှ် ကော်မရှင်နာမင်းကြီးက မြန်မာစစ်ကောင်စီကို တောင်းဆိုတာပါ။

Friday, March 31, 2023

စစ်ကောင်စီအစီအစဉ်နဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်လိုသူ နည်းပါး

RFA
RFA Burmese
2023.03.31


မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာခဲ့ကြသည့် ငါးနှစ်မြောက်နှစ်ပတ်လည်နေ့မှာ ဘင်္ဂလားဒေ့ရှ်၊ Kutupalong ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသူများ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က ဆန္ဒပြကြစဉ်။
REUTERS
 

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ထဲ က ဒုက္ခသည် ၁၅၀၀ ကို ရှေ့ပြေးစီမံချက်အနေနဲ့ ပြန်လည်လက်ခံမယ့် စစ်ကောင်စီရဲ့အစီအစဉ်မှာ ပြန်လာ မယ့် သူ မရှိသလောက် နည်းပါးနေတယ်လို့ ရိုဟင်ဂျာတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ပြန်လည်လက်ခံရေးအစီအစဉ်မှာ ရိုဟင်ဂျာတွေကို မူလနေရာမှာ ပြန်လည်နေရာချထားဖို့နဲ့ နိုင်ငံ သားဖြစ်ခွင့်ပေးဖို့နဲ့ လွတ်လပ်စွာသွားလာခွင့်စတဲ့ အာမခံချက်တွေ မရှိတာကြောင့်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေပြန်ပို့ရေး ဆိုင်းထားဖို့ ဘင်္ဂလားဒေရှ့်ကို HRW တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၃၁ မတ်၊ ၂၀၂၃ 

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းအတွင်းက စားနပ်ရိက္ခာလာရောက်ထုတ်ယူနေတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၊ ၂၀၂၃)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုရင် လုံခြုံရေးအတွက် အန္တရာယ်ရှိတဲ့ အတွက် ဒုက္ခသည်ပြန်ပို့ရေး အစပျိုးအစီအစဉ်ကို ရပ်ဆိုင်းဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

Friday, March 24, 2023

နေရပ်ပြန် ရိုဟင်ဂျာတွေအတွက် ရွာ ၁၅ ရွာစီစဉ်ထား ကြောင်း စစ်ကောင်စီပြော

RFA
RFA Burmese
2023.03.24 

ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သွားရောက်ခဲ့သည့် စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် အဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။ Myanmar Military
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကနေ နေရပ်ပြန်လာမယ့် ရိုဟင်ဂျာတွေအတွက် ရခိုင်ပြည်နယ် မောင် တောမြို့နယ် မြောက်ဘက်ခြမ်းမှာ ကျေးရွာ ၁၅ ရွာ၊ မြေကွက် ၇၅၀ စီစဉ်ထားကြောင်း စစ်ကောင်စီ ထိန်းချုပ် ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ မနေ့က ဖော်ပြပါတယ်။

နေရပ်ပြန်လာသူတွေကို တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းတွေမှာ စိစစ်လက်ခံသွားမှာဖြစ်ပြီး လှဖိုးခေါင် ကြားစခန်း မှာ အချိန်နှစ်လကြာ ယာယီထားမယ်လို့လည်းဆိုပါတယ်။

နေရပ်ပြန်လိုသည့် ရိုဟင်ဂျာများ လုံခြုံရေးအာမခံချက် တောင်းဆို

Myanmar Now
Published on Mar 24, 2023
ပိုးဥ

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာများက နေရပ်ရင်းတွင် နေထိုင်လိုသည်၊ လုံခြုံရေး၊ အသိအမှတ်ပြုရေး၊ တန်းတူအခွင့်အရေးများ ရလိုသည်ဟု စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောပြခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ကူတူပါလောင်ဒုက္ခသည်စခန်းကို ၂၀၁၇ နိုဝင်ဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ED JONES/AFP via Getty Images)


ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာများက နေရပ်ပြန်ရေးအတွက် လာရောက်စစ်ဆေးသည့် စစ်ကောင်စီကိုယ် စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ ပြန်ရောက်လျှင် အသက်အန္တရာယ်လုံခြုံမှုအတွက် အာမခံချက်ပေးရေး အပါအဝင် အချက် ၄ ချက် တောင်းဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအောင်မျိုးဦး ဦးဆောင်သော ၁၇ ဦးပါ အဖွဲ့နှင့် တက္ကနာမြို့ (Taknaf) တွင် မတ် ၁၅ မှစ၍ ရက်သတ္တပတ် တစ်ပတ်ကြာ တွေ့ဆုံစဉ် ထိုသို့ တောင်းဆိုခြင်း ဖြစ်သည်ဟု ဆို သည်။

Tuesday, March 21, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အဆင်မပြေနိုင်သေးဘူးလို့ ကုလပြော

RFA
RFA Burmese
2023.03.21 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဘာလုခါလီ ဒုက္ခသည်စခန်းတွင် ရိက္ခာဝေငှရန် တန်းစီစောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်။
REUTERS/Marko Djurica
 

ရိုဟင်ဂျာတွေ ပြန်လက်ခံမယ့် စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး လက်ရှိ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရဲ့ အ ခြေ အနေ ဆန်းစစ်ချက်တွေအရ ရိုဟင်ဂျာတွေအတွက် ရေရှည်တည်တံ့ တဲ့ နေရပ်ပြန်နိုင်ရေး ဖြစ်မလာနိုင်သေး ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မတ်လ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒုက္ခသည်တိုင်းဟာ မိမိတို့နားလည်တဲ့ ရွေးချယ်မှုအပေါ်အခြေခံပြီး မူလနေထိုင်ခဲ့တဲ့ နေရာကို ပြန်နိုင်ခွင့်ရှိသလို ဒုက္ခသည်တွေရဲ့ ရွေးချယ်မှုတွေအပေါ် အတင်းအကျပ် ဖိအားပေးတာ မလုပ်သင့်ဘူးလို့လည်း ဆိုပါတယ်။

Friday, March 17, 2023

ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်ရေး ကုလစံနှုန်း နှစ်မျိုး ကျင့်သုံးနေလို့ စွပ်စွဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၇ မတ်လ၂၀၂၃
ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲက စျေး ( မှတ်တမ်းဟောင်း )

ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ ကုလသမဂ္ဂအနေနဲ့ စံနှုန်း နှစ်ရပ် ကျင့်သုံးနေတယ်လို့ ပေါက်ကြားလာတဲ့ အစီရင်ခံစာတချို့ကို ကိုးကားပြီး ဗြိတိန်အခြေစိုက် မြန်မာအရေးဆောင်ရွက်တဲ့ အဖွဲ့တခုဖြစ်တဲ့ Myanmar Accountability Project (MAP) က မတ်လ ၁၆ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Wednesday, March 15, 2023

ရိုဟင်ဂျာနေရပ်ပြန်ရေး မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံစီစဉ်

VOA
ဗီွအိုအေမြန်မာပိုင်း
ရဲမွန်
၁၆ မတ် ၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ (ယခင်မှတ် တမ်းဓာတ်ပုံ)
 

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒုက္ခသည်စခန်းအတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နှစ်နိုင်ငံသဘောတူ ညီ ချက်အရ မြန်မာစစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုးဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ပြန်လည်လက်ခံမယ့်သူတွေကို မြေပြင် ကွင်းဆင်းစစ်ဆေးဖို့ ရောက်နေတယ်လို့ စစ်ကောင်စီဘက်ကပြောပါတယ်။ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာပြည်ပြန်ဖို့ သဘောတူလက်ခံထားတဲ့ ဒုက္ခသည်တွေစခန်းအတွင်း တွေ့ ဆုံ ခဲ့တယ်လို့လည်းသိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကိုအခြေခံပြီး ကိုရဲမွန်အောင်က တင်ပြပေးထား ပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဆွေးနွေးဖို့ မြန်မာကိုယ်စား လှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ရောက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၅ မတ်လ ၂၀၂၃

 

၂၀၁ရခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့က ရိုဟင်ဂျာဒုက္ခသည်များ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံနေရပုံ

 
ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက်ဆွေးနွေးဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိလာကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေကပြောပါတယ်။ Teknaf မြို့ကို အဖွဲ့ဝင် ၁၇ ယောက် ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ရောက်လာတာလို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ရေးရာ ကော် မရှင်နာရုံး တာ ဝန်ရှိသူတွေက သတင်းဌာနတွေကို ဒီကနေ့ပဲ ပြောခဲ့ကြတာပါ။ 

Wednesday, March 1, 2023

ရိုဟင်ဂျာတွေပြန်လက်ခံမယ့် အစီအစဉ် ဟန်ပြသာဖြစ် ကြောင်း AA ‌ပြော

RFA
RFA Burmese
2023.02.27


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားတွင် ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က နေရပ်ပြန်ခွင့်ရရေးအတွက် ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆိုဆန္ဒပြနေစဉ်။ AFP
 
မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံမယ့် စစ်ကောင်စီရဲ့အစီအစဉ်ဟာ နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ ဟန်ပြလုပ်တာလို့ ရက္ခိုင့်တပ်တော် (AA) က ပြောလိုက်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အွန်လိုင်းကနေပြုလုပ်တဲ့ AA ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ AA ပြောခွင့် ရသူ ဦးခိုင်သုခက အခုလို ထည့်သွင်းပြောခဲ့တာပါ။

Wednesday, October 26, 2022

ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာအကူအညီ နည်းလာ တယ် လို့ ဘင်္ဂလားဒေ့ရှ်ပြော

RFA
လွတ်လပ်တဲ့အာရှအသံ
2022-10-26
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ၂ဝ၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က မီးလောင်ပြီးနောက် မြင်တွေ့ရသည့်မြင်ကွင်း။Photo: Reuters

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာက ထောက်ပံ့တဲ့ အကူအညီတွေဟာ တစ်နှစ်ထက်တစ်နှစ် နည်းလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Shahriar Alam (ရှရီယာအလမ်)က ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ နိုင်ငံရေးအရရော ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ကမ္ဘာ့နိုင်ငံတွေဘက်က ဘာမှလုပ်ပေးနိုင်တာ မရှိသေးဘူးလို့ ဝန်ကြီး ရှရီယာအလမ်က the Guardian သတင်းစာနဲ့ မေးမြန်းခန်းမှာ ဒီကနေ့ ပြေ ာဆိုတာပါ။

Sunday, August 28, 2022

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နိုင်ငံတကာအကူညီပေးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၇ သြဂုတ်၊ ၂၀၂၂  
MALAYSIA-MYANMAR-PRISON-IMMIGRATION-ROHINGYA This handout taken and released by the Royal Malaysia Police on April 20, 2022 shows Rohingya refugees, who had escaped from Malaysian Immigration's temporary Sungai Bakap depot, detained on the side of a highw
 

မြန်မာနိုင်ငံကိုပြန်ဖို့ ရုန်းကန်ကြိုးစားနေကြတဲ့ ရိုဟင်ဂျာတွေကို မလေးရှားက အားပေးထောက်ခံကြောင်း မ လေး ရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မနေ့ညဘက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်း နိုင်ငံ တွေကို ထွက်ပြေးခိုလှုံရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာအသိုင်းဝိုင်းက ပစ်မထားဖို့လည်း ပန်ကြားလိုက်ပါတယ်။

Thursday, August 25, 2022

ရိုဟင်ဂျာ ပဋိပက္ခ ၅ နှစ်ကျော်ကြာ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးဘူး။

VOA
ဗွီအိုအေမြန်မာပိုင်း
၂၅ သြဂုတ် ၂၀၂၂
မောင်တောမြို့အပြင်ဘက်ရှိ ရိုဟင်ဂျာကျေးရွာမြင်ကွင်း။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် သိန်းနှင့်ချီသော ရိုဟင်ဂျာ မူဆလင်များ အခြားနိုင်ငံသို့ ထွက်ပြေးခဲ့ကြရပြီး အချို့မှာ ပြည်တွင်း ဒုက္ခသည် စခန်းများတွင် ၅ နှစ်ကြာ နေထိုင်နေကြရသည်။ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာဒုက္ခသည်တွေအပြင် ရက္ခိုင့် လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ် တပ်တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ရှိနေပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဒုက္ခသည်များသည် စခန်းများတွင် စားနပ်ရိက္ခာပြဿနာများ ပိုမိုကြုံတွေ့နေရသည်ဟု ဆိုသည်။ ရန်ကုန်သတင်းကို ကိုသောင်းက တင်ဆက်ထားပါတယ်။

Thursday, August 18, 2022

ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ သင့်တော်တဲ့အခြေအနေ မဟုတ် သေးကြောင်း လူ့အခွင့်အရေးမဟာမင်းကြီး ပြော

RFA
လွတ်လပ်တဲ့အာရှအသံ
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.08.17
ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး မီရှဲလ် ဘက်ချလက် ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်က ကုတုပါလောင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့စဉ်။ Photo: Abdur Rahman/BenarNews


လက်ရှိ မြန်မာနိုင်ငံက အခြေအနေတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ သင့်တော်တဲ့အခြေအနေ မဖြစ် သေးကြောင်းနဲ့ မြန်မာနိုင်ငံမှာ လုံခြုံစိတ်ချရပြီး စဉ်ဆက်မပြတ် နေထိုင်နိုင်မယ့်အခြေအနေဖြစ်မှသာ ဒုက္ခသည် တွေကို သူတို့ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်ပို့ဖို့ လုပ်သင့်တယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီး မီရှဲလ် ဘက်ချလက်က သြဂုတ်လ ၁၇ရက်နေ့ က ဒါကာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

Friday, July 8, 2022

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ကုလလူ့အခွင့်အရေး ကောင် စီ ဆုံးဖြတ်တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၈ ဇူလိုင်၊ ၂၀၂၂

၂၀၁၇၊ အောက်တိုဘာလ ၁၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ခွါသွားကြတဲ့ ရိုဟင်ဂျာများ။


ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေမှာခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ဆန္ဒအရ ဘေးကင်းလုံခြုံ ပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည်တည်တံ့တဲ့နေရပ်ပြန်နိုင်ရေး အစီအစဉ်တွေစတင်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံကိုတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း အထူးသဖြင့် ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် ပြင်းထန်တဲ့လူ့အခွင့် အရေး ချိုး ဖောက်မှုတွေဆက်ပြီးဖြစ်ပေါ်နေတဲ့အကြောင်း ကုလလူ့အခွင့်အရေး ကောင်စီက ဇူလိုင် ၇ ရက်နေ့ မှာ မဲမခွဲဘဲတညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်တာပါ။

Tuesday, January 19, 2021

ရိုဟင်ဂျာနေရပ်ပြန်ရေး သုံးနိုင်ငံအွန်လိုင်းဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 ဇန်နဝါရီ၊ 2021
 မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံက အဆင့်မြင့်တာဝန်ရှိသူတွေ အွန်လိုင်းကနေ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - ဇန်နဝါရီ ၁၉၊ ၂၀၂၁)
 

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် တိမ်းရှောင်သွားသူတွေ နေရပ်ပြန်နိုင်ရေး အခက်အခဲကြုံနေရ တာတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံက အဆင့်မြင့်တာဝန်ရှိသူတွေ ဒီကနေ့ အွန် လိုင်း ကနေ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာ-ဘင်္ဂ လားဒေ့ရှ် နှစ်နိုင်ငံအကြား ဆွေးနွေးမှုတွေဖြစ်လာဖို့ တရုတ်နိုင်ငံဘက်ကနေ ကြားဝင်ဆောင်ရွက်ပေး တာဖြစ် ပြီး ဒီလိုအကူအညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးဟောက် ဒိုဆွမ်းက အဲဒီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

Tuesday, November 17, 2020

ရိုဟင်ဂျာများနေရပ်ပြန်ရေးအတွက် ဂျပန်က မြန်မာနှင့် ဆက်သွယ်ဆောင်ရွက်မည်ဟု ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဂျပန် သံအမတ်ကြီးပြော

မဇ္ဈိမ
နိုဝင်ဘာ ၁၇
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ဘာလူခါလီ ဒုက္ခသည်စခန်းအတွင်း လမ်းတလျှောက်တွင် တွေ့မြင်ရသည့် ရိုဟင်ဂျာ ကလေးငယ်များ (ဓာတ်ပုံ - Reuters)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီတိုနာအိုကီက ဂျပန်နိုင်ငံအနေဖြင့် ရိုဟင်ဂျာ (မူရင်း) များ ရခိုင် ပြည်နယ်ရှိ ၎င်းတို့၏ မူလဌာနေသို့ ဆောလျင်စွာပြန်နိုင်ရေး မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက် သွား မည်ဟု နိုဝင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */