" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 4, 2023

ရိုဟင်ဂျာဒုက္ခသည် ၁၀၀၀ ကျော် ဧပြီလအတွင်း ပြန်လည် လက်ခံဖို့ရှိ (ဗိုလ်ချုပ်ဇော်မင်းထွန်း)

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၄ ဧပြီ၊ ၂၀၂၃ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသအနီး လယ်ကွင်းတွေထဲ မြန်မာဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ် (စက်တင်ဘာ၊ ၂၀၁၇)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကပေးပို့လာတဲ့ ရိုဟင်ဂျာအိမ်ထောင်စု လူဦးရေစာရင်းထဲက အယောက် ၁,၀၀၀ ကျော် ကို ဒီလဧပြီလ အတွင်းမှာ လက်ခံသွားမယ်လို့ စစ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။ စစ်ကောင်စီရဲ့ လူဝင်မှုကြီး ကြပ်ရေးဘက်ကလည်း နေရပ်ပြန်ရေးအစီအစဥ်အရ ရိုဟင်ဂျာ ၈၇,၀၀၀ ကျော်ကို စိစစ်ခဲ့တယ်လို့ နိုင်ငံပိုင်သ တင်း မှာဖော်ပြထားပါတယ်။ ဒီသတင်းရန်ကုန်ကပေးပို့တာကို အခြေခံပြီးက ပြောပြမှာပါ။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကပေးပို့လာတဲ့ ရိုဟင်ဂျာအိမ်ထောင်စု လူဦးရေစာရင်းထဲက အယောက် ၁,၀၀၀ ကျော် ကို ဒီလဧပြီလတွင်းမှာ လက်ခံဖို့ပြင်ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော် မင်းထွန်းက ဗီအိုအေကို ပြောပါတယ်။

“ကျနော်တို့ တစ်ထောင်လောက် လက်ခံသွားဖို့ ရှိပါတယ်။ အဲဒါတွေကို စိစစ်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အဲဒါ တွေ ကို ကျနော်တို့ဘက်ကတော့ ဧပြီလအတွင်း စတင်လက်ခံသွားဖို့ ရှိတယ်။ ဒါကတော့ လုပ်ငန်း သဘောအရ ပေါ့။ ကျနော်တို့ဘက်ကတော့ အစောဆုံးဖြစ်အောင် လုပ်သွားမှာပါ။ ဟိန္ဒူတွေလဲပါပါလိမ့်မယ်။”

ရက်အတိအကျကိုတော့ ဖြေဆိုခဲ့တာမရှိသလို ဧပြီလအတွင်း မဟာသင်္ကြန်မတိုင်ခင် ခေါ်ယူနိုင်ရေးအတွက် ကြိုး စားဆောင်ရွက်နေပေမယ့် လုပ်ငန်းပြီးစီးမှုအပေါ် မူတည်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေရှ်ကို သွားရောက်တာမှာ ဒီတစ်ခေါက် ပြန်လည်လက်ခံ မယ့် အယောက် ၁,၀၀၀ စာရင်းထဲက ရိုဟင်ဂျာ အယောက် ၇၀၀ကျော်နဲ့ ဟိန္ဒူ အယောက် ၃၀၀ နီးပါးကို အသေး စိတ် ထပ်မံစစ်ဆေးမှုတွေ လုပ်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အယောက် ၁,၀၀၀ကျော်ဟာ နှစ်နိုင်ငံ သဘောတူညီချက် (၅)ရပ်နဲ့ ကိုက်ညီသူတွေဖြစ်ပြီး သူတို့တွေကို ပြန်လည် လက်ခံရေးအတွက် လှဖိုးခေါင်၊ တောင်ပြိုလက်ဝဲနဲ့ ငါးခူးရ စတဲ့စခန်းတွေကို ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရက ပြောဆိုပါတယ်။

“လှဖိုးခေါင်တို့ တောင်ပြိုလက်ဝဲစခန်းတို့ ရှိပြီးဖြစ်တယ်။ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေ အကူအညီနဲ့ ဆောက် လုပ်ပြီးဖြစ်တယ်။ အမြဲတမ်း ထိန်းသိမ်းထားတယ်။ လုံခြုံရေးကိစ္စတွေလည်း‌ ဆောင်ရွက်ပြီး ဖြစ်တယ်။ ဒါနဲ့ပတ် သတ်လို့ အသင့်အနေအထား ပြင်ဆင်ပြီးဖြစ်တယ်။ အရင်ကလည်း ဝင်လာခဲ့ဖို့တကဲကဲ လုပ်နေပြီးမှ ဘေးကမီဒီ ယာ သွေးထိုးလှုံဆော်မှု၊ ကျန်တဲ့နိုင်ငံတွေရဲ့အဖွဲ့အစည်းတွေရဲ့ ဖိအားကြောင့် ဝင်မလာဖြစ်တာတွေ ရှိတယ်။ နေ ရေးထိုင်ရေးအတွက် အာဆီယံနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ခေါ်ယူပြသခဲ့ပြီး ဖြစ်တယ်။ အားလုံး အဆင်သင့် ဖြစ် တယ်လို့ဘဲ ပြောချင်ပါတယ်။”

စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဘက်ကလည်း ဘင်္ဂလားဒေရှ်နိုင်ငံဘက်က ပေးပို့လာတဲ့ နေရပ်ပြန်ရေးအစီအ စဥ်အရ စိစစ်မှုတွေ လုပ်ခဲ့တာမှာ ၂၀၂၃ခုနှစ် မတ်လ ကုန်အထိ စိစစ်ချက်အရ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့တဲ့ အထောက်အထားတွေ့ရှိခဲ့သူ ၆သောင်းနီးပါး၊ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အကြမ်းဖက်စာရင်းမှာ ပါဝင်သူ ၉၀၀ ခန့်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ အထောက်အထား မတွေ့ရှိသူ သုံးသောင်း အပါအဝင် စုစုပေါင်း လူဦးရေ ၈၇,၀၀၀ ကို စိစစ်ပြီးဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းတွေမှာ ထုတ်ပြန်ထားပါတယ်။

ဒီဧပြီလတွင်း ပြန်လည်လက်ခံမယ့် ဒုက္ခသည်တွေဟာ Teknaf မြို့အနီးတဝိုက် ဒုက္ခသည်စခန်းက လူတွေ ဖြစ်ပါ တယ်။ Cox’s Bazar အနီးတဝိုက်က ဒုက္ခသည်စခန်းက ဒုက္ခသည်တွေတော့ မပါဝင်ဘူးလို့ အဲဒီဘက်က ဒုက္ခ သည်တွေက ပြောပါတယ်။ အဲ့ဒီ ဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မောင်တောအရေးအခင်း ဖြစ်စဉ်မှာဘင်္ဂ လား ဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြသူတွေ ဖြစ်ပါတယ်။

လက်ရှိပြန်လည်လက်ခံရေးနဲ့ ပတ်သတ်လို့ စစ်ကောင်စီဘက်ကတော့ ပြန်လာတဲ့သူတွေကို ကိုယ့်နေရပ်မှာဘဲ ပြန်နေရာချပေးဖို့ စီစဉ်မယ်လို့ ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေရှ်ကို သွားရောက်တာမှာတော့ ပြန်လက်ခံမယ့် ၁,၀၀၀ကျော်ကို တွေ့ဆုံတာမှာ သူတို့တွေ ပြန်လာမယ် ဆို ရင် ကိုယ့်နေရပ်မှာ မဟုတ်ဘဲ စစ်ကောင်စီ စီစဉ်ပေးတဲ့ နေရာတွေမှာဘဲ နေရမယ်လို့ ပြောဆိုခဲ့တာကြောင့် ပြန်လာရေးကို လက်တွန့်နေကြတယ်လို့ ရိုဟင်ဂျာအရေးကူ ညီပေးနေသူတဦးက ဗွီအိုအေကိုပြောပြပါတယ်။

“ကျနော်တို့ ကြားသလောက်ဆိုရင် ပထမတော့ သူတို့ အဲဒီကို သွားမယ်ဆိုတဲ့လူတွေက ဒီမှာက နေရာကျပ်တည်း နေတယ်၊ အသက်အန္တရာယ် များနေတယ်၊ အဲဒါကြောင့် သူတို့ သွားချင်တယ်။ သူတို့က တကယ်တမ်း အဲဒီ အစစ် ခံတဲ့လူတွေကို သူ့နေရာကိုသူ မပေးဘဲနဲ့ ရွာ ၁၅ ရွာမှာ သူတို့ နေရာချပေးမယ်ဆိုတဲ့ ပုံစံထွက်လာတော့ ဘယ်သူမှ မသွားချင်တော့ဘူး။ နောက်ပြီးတော့ နိုင်ငံသားမပေးဘဲနဲ့ သွားမယ်ဆိုရင် အရင်ပုံစံမျိုးဘဲပေးမယ် ဆိုပြီးတော့ သူတို့ ပြောတယ်။ အဲဒီလိုပြောတော့ သူတို့က မသွားချင်တော့ဘူး။ ဘယ်လောက်သွားမယ်၊ ဘယ်တော့ သွားမယ် ဆို တာတော့ ကျနော်တို့ မပြောနိုင်ဘူး။ အများအားဖြင့်ကတော့ မသွားချင်ဘူး။”

ရိုဟင်ဂျာတွေဘက်က ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး လိုလားသလို နိုင်ငံတကာ ဖိအားလျော့ဖို့အတွက် ဟန်ပြခေါ် ဆောင်မှုတွေ ဖြစ်လာမှာကို စိတ်ပူနေတာတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်လည်ပို့ ဆောင် ဖို့ အစီအစဥ်တွေကို ဆိုင်းငံ့ထားဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး တပ်မတော်ရဲ့ နယ် မြေရှင်းလင်းရေး ဖြစ်စဉ်အတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင် ဂျာ ၇ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */