" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, August 28, 2022

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး နိုင်ငံတကာအကူညီပေးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၇ သြဂုတ်၊ ၂၀၂၂  
MALAYSIA-MYANMAR-PRISON-IMMIGRATION-ROHINGYA This handout taken and released by the Royal Malaysia Police on April 20, 2022 shows Rohingya refugees, who had escaped from Malaysian Immigration's temporary Sungai Bakap depot, detained on the side of a highw
 

မြန်မာနိုင်ငံကိုပြန်ဖို့ ရုန်းကန်ကြိုးစားနေကြတဲ့ ရိုဟင်ဂျာတွေကို မလေးရှားက အားပေးထောက်ခံကြောင်း မ လေး ရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မနေ့ညဘက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရခိုင်ပြည်နယ်ကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်း နိုင်ငံ တွေကို ထွက်ပြေးခိုလှုံရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာအသိုင်းဝိုင်းက ပစ်မထားဖို့လည်း ပန်ကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတင် ရိုဟင်ဂျာဒုက္ခသည်က တသန်းကျော်လာနေပြီဖြစ်သလို မလေးမှာ ၁ သိန်းခွဲကျော်နဲ့ တ ခြားနိုင်ငံတွေမှာလည်း အများအပြား ရောက်နေပြီ ဖြစ်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရိုဟင်ဂျာ တွေဒုက္ခသည်တွေကို မေ့မထားသင့်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ဒီဒုက္ခသည်တွေအပေါ် ကျူးလွန်ခဲ့သူတွေ ထိုက်သင့်တဲ့ အပြစ်ဒဏ်ခံရဖို့နဲ့ တရားမျှတမူပြန်ရရေး ဝိုင်း ကူပေးကြတာအပြင်၊ မြန်မာနိုင်ငံသားအဖြစ်ကနေ ငြင်းပယ်ခံထားရတဲ့သူတွေ နိုင်ငံသားဖြစ်လာနိုင်ရေး ကြိုး ပမ်းနေမူအတွက်လည်း ကူညီပေးသင့်ပါတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောပါတယ်။

အခုလို ကူညီရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးက ပူးပေါင်းဆောင်ရွက်သင့်ကြောင်းနဲ့ ဒီကိစ္စဟာ မြန်မာ့ အရေးအတွက် ပြဿနာကြီးအခု ဖြစ်နေတဲ့အတွက် အထူးသဖြင့် အာဆီယံအနေနဲ့ ပိုလုပ်ပေးသင့်တယ်လို့လည်း ဝန်ကြီး Saifuddin က ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ တရားဝင် လက်မခံတဲ့ မြန်မာစစ်ကောင်စီကတော့ သေသေချာချာ စိစစ် ပြီးမှ ပြန်လက်ခံမှာ ဖြစ်ကြောင်း ပြောကြားထားတာပါ။ 

 

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */