Tuesday, November 17, 2020

ရိုဟင်ဂျာများနေရပ်ပြန်ရေးအတွက် ဂျပန်က မြန်မာနှင့် ဆက်သွယ်ဆောင်ရွက်မည်ဟု ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဂျပန် သံအမတ်ကြီးပြော

မဇ္ဈိမ
နိုဝင်ဘာ ၁၇
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇားရှိ ဘာလူခါလီ ဒုက္ခသည်စခန်းအတွင်း လမ်းတလျှောက်တွင် တွေ့မြင်ရသည့် ရိုဟင်ဂျာ ကလေးငယ်များ (ဓာတ်ပုံ - Reuters)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီတိုနာအိုကီက ဂျပန်နိုင်ငံအနေဖြင့် ရိုဟင်ဂျာ (မူရင်း) များ ရခိုင် ပြည်နယ်ရှိ ၎င်းတို့၏ မူလဌာနေသို့ ဆောလျင်စွာပြန်နိုင်ရေး မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက် သွား မည်ဟု နိုဝင်ဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

“ရိုဟင်ဂျာတွေ အဆောတလျင် နေရပ်ပြန်နိုင်ဖို့ မြန်မာနိုင်ငံနဲ့ အဆုံးထိ ဆက်သွယ်ဆောင်ရွက်သွားမှာပါ” ဟု နာအိုကီက ဒါကာတွင်ပြုလုပ်ခဲ့သော အွန်လိုင်းဆွေးနွေးပွဲအစီအစဉ်တစ်ခု၌ ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ် သည်။

အမေရိကန်၊ ဥရောပနှင့်အာရှနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့်နောက် တစ်ဆင့်အဖြစ် ယုံကြည်မှုတည်ဆောက်ခြင်းလုပ်ငန်းစဉ်ကို စတင်ရန် အရေးကြီးကြောင်း ဂျပန်အသံ အမတ်ကြီးက ပြောဆိုခဲ့သည်။

သံအမတ်ကြီး နာအိုကီသည် ဒါကာမြို့ရှိ Defence Services Command and Staff College (DSCSC) ၌ တက်ရောက်နေသော စစ်ဘက်အရာရှိများအတွက် ဂျပန်-ဘင်္ဂလားဒေ့ရှ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်ဆိုင်ရာ အွန်လိုင်းဟောပြောပို့ချမှု၌ ပါဝင်ဆွေးနွေးခဲ့သည်။

ရိုဟင်ဂျာ ၁.၁ သန်းကို အလေးမထားဘဲ ၎င်းတို့ဇာတိမြေကို ပြန်ရန် အခွင့်အရေးမပေးပါက ရိုဟင်ဂျာများ သည် ဒေသတွင်းနှင့်နိုင်ငံတကာလုံခြုံရေးကို ထိခိုက်စေလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေ အက်ဘ်ဒူမိုမန်က မကြာသေးမီက ပြောဆိုခဲ့သည်။

ရိုဟင်ဂျာများသည် မြန်မာအစိုးရအပေါ် အယုံအကြည်မရှိသဖြင့် ၂၀၁၈ နိုဝင်ဘာတွင်လည်ကောင်း ၂၀၁၉ ဩ ဂုတ်လတွင်လည်းကောင်း နှစ်ကြိမ်တိုင်တိုင် နေရပ်ပြန်ရေး မအောင်မြင်ဘဲ ရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးသဘောတူညီချက်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ တွင် စာချုပ်,ချုပ်ဆိုခဲ့သည်။ ရိုဟင်ဂျာများနေရပ်ပြန်ကြရာတွင် အဆင်ပြေစေရန်အတွက် နေရပ်စွန့်ခွါသူ များ အား ပြန်လည်လက်ခံရေးလက်တွေ့အစီအစဉ်ဆိုင်ရာ စာချုပ်ကိုလည်း ၂၀၁၈ ဇန်နဝါရီ ၁၆ တွင် နှစ်နိုင်ငံ လက် မှတ်ရေးထိုးခဲ့ကြသည်။

ဂျပန်သည် ဘင်္ဂလားဒေ့ရှ် သာယာဝပြောရေးအကောင်အထည်ဖော်ခြင်းနှင့် အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးကိုထိန်းသိမ်းခြင်းတွင် မည်သို့လုပ်ဆောင်နေကြောင်း သံအမတ်ကြီးက အလေးထား ပြောကြားခဲ့သည်။

DSCSC မဟာတန်းမှ ကျောင်းသား ၂၀၀ ကျော်သည် ဂျပန်နှင့်ဘင်္ဂလားဒေ့ရှ်အကြား ဆက်ဆံရေးကို ဆွေး နွေူခဲ့ကြသည်။

ဂျပန်သံအမတ်ကြီးသည် ဘင်္ဂလားပင်လယ်အော် စက်မှုဖွံ့ဖြိုးမှုရပ်ဝန်း (The Bay of Bengal Industrial Growth Belt - BIG-B) အစီအစဉ်အရ အရည်အသွေးကောင်း အခြေခံအဆောက်အအုံများနှင့် နှစ်နိုင်ငံ အ ကြား စီးပွားရေးတိုးချဲ့ခြင်း ၊ လွတ်လပ်၍ ပွင့်လင်းမြင်သာသော အင်ဒို-ပစိဖိတ် (Free and Open Indo-Pacific- FOIP) ဒေသ၏ဘုံရည်မှန်းချက်များကို အလေးထားပြောဆိုခဲ့သည်။

၂၀၂၁ ခုနှစ် တိုကျိုအိုလံပစ်ပွဲနှင့် ၂၀၂၂ ၌ ကျရောက်မည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်း အမှတ်ကို အခွင့်ကောင်းယူလျက် ပြည်သူများအကြား အပြန်အလှန်ဆက်သွယ်ရေးတိုးမြှင့်ရန် စစ်ဘက်အရာ ရှိများအား မှာကြားခဲ့သည်။

အမေးအဖြေကဏ္ဍတွင် ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်ရေတပ်အကြားပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */