" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, April 4, 2023

ရိုဟင်ဂျာတွေနေရပ်ပြန်ရေး ဘေးကင်းလုံခြုံရေးအာမခံဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၄ ဧပြီ ၂၀၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသအနီး လယ်ကွင်းတွေထဲ မြန်မာဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ် (နိုင်ဝင်ဘာ ၂၊ ၂၀၁၇)

ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးဟာ ဂုဏ်သိက္ခာနဲ့အညီ၊ သူတို့ သဘောနဲ့သူ ပြန်ပို့တာမျိုးဖြစ်ဖို့လိုသလို ရေရှည်အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့လိုတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် ကူညီရေးနဲ့ နေရပ်ပြန် ပို့ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Mizanur Rahman က Abra သတင်းဌာနကို ပြောဆိုပါတယ်။

ဒုက္ခသည်ပြန်ပို့ရေး အစိအစဉ်နဲ့ ပတ်သက်လို့ ယုံကြည်မှု တည်ဆောက်ဖို့နဲ့ ဒုက္ခသည်တွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံဖို့ ဘင်္ဂလားဒေ့ရှ် ကော်မရှင်နာမင်းကြီးက မြန်မာစစ်ကောင်စီကို တောင်းဆိုတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်တွေထဲက ဟိန္ဒူတွေအပါအဝင် ရိုဟင်ဂျာ ၁၀၀၀ ကို နေရပ်ပြန် လက်ခံဖို့ မြန်မာစစ်ကောင်စီက စီစဉ်နေချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က သဘောထား ထွက်လာတာပါ။ ၂ နိုင်ငံ သဘောတူညီချက်အရ ပထမအသုတ်အဖြစ် ပြန်လက်ခံမယ့် လူစာရင်းကို စိစစ်နေတဲ့အကြောင်းပြောဆိုပြီး အဖွဲ့ ဝင် ၁၇ ယောက်ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ မတ်လ တတိယပတ်ထဲမှာ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ ပါတယ်။

ဆက်စပ်ဖတ်ရှုစရာ

ဒါပေမဲ့လည်း ဒုက္ခသည်တချို့က မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ အတင်းအကြပ်တွေ့ဆုံခိုင်းတာ၊ ခြိမ်းခြောက်တာ၊ လိမ်ညာ လှည့်ဖျားတာတွေ ရှိခဲ့တယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေကို ပြောဆိုထားပါတယ်။ ဒါ့ကြောင့် ဒုက္ခသည် တွေကို နေရပ်ပြန်ပို့မယ်ဆိုရင် လုံခြုံရေးအတွက် အန္တရာယ်ရှိတဲ့အတွက် ဒုက္ခသည်ပြန်ပို့ရေး အစပျိုးအစီအစဉ် ကို ရပ်ဆိုင်းဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က တောင်းဆိုခဲ့ပါတယ်။ မြန်မာစစ်တပ်က တနိုင်ငံလုံးနေရာအနှံ့ လူတွေ အစုလိုက် သတ်ဖြတ်တာတွေ ကျုးလွန်နေတဲ့အချိန်၊ ရခိုင်ပြည်နယ်အတွင်း လူမျိုး ရေး ခွဲခြားမှုတွေ ရှိနေတဲ့အချိန်၊ ဒုက္ခသည်တွေရဲ့ သဘောဆန္ဒအရ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးအစီအစဉ်တွေ အကောင်အထည်ဖေါ်ဖို့ မဖြစ်နိုင်တဲ့အကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က ကန့်ကွက်ထားပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */